စီရော်နယ်ဒိုဟာ မက်ဆီနဲ့အဆင့်တူမဟုတ်ဘူးလို့ ဘက်ခမ်းအခိုင်အမာပြော

0
830

photo-daily mail

photo-gettyimages

မက်ဆီနဲ့စီရော်နယ်ဒို ဘယ်သူပိုကောင်းတယ်ဆိုတဲ့ငြင်းခုန်မှုထဲကို နောက်ဆုံးဝင်ရောက်လာသူကတော့ မန်ယူဂန္ထဝင်ဟောင်းဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဖြစ်ပြီး ဘာစီလိုနာတိုက်စစ်မှုးကသာ ကမ္ဘာပေါ်က အကြီးကျယ်ဆုံးကစားသမားလို့ သူက ယုံကြည်နေပါတယ်။ အဲဒီစူပါစတားနှစ်ယောက်စလုံးဟာ ကျန်တဲ့သူတွေရဲ့အထက်မှာရှိနေတယ်လို့ ဘက်ခမ်းက အခိုင်အမာဆိုခဲ့ပေမယ့် သူတို့နှစ်ယောက်ထဲမှာ မက်ဆီက အဆင့်တူမရှိဘဲ ပြိုင်ဘက်ကင်းတယ်လို့ ယူဆထားတာပါ။

photo-gettyimages

ဘက်ခမ်းဟာ ပီအက်စ်ဂျီမှာတုန်းက မက်ဆီနဲ့ရင်ဆိုင်ခဲ့ဖူးပြီး အဲဒီအာဂျင်တီးနားကြယ်ပွင့်မျိုး နောက်ထပ်တစ်ယောက်ရှိတယ်ဆိုတာ မဖြစ်နိုင်ကြောင်းလည်း ဆိုခဲ့တာပါ။ မက်ဆီနဲ့စီရော်နယ်ဒိုတို့နှစ်ယောက်စလုံးဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဥရောပဘောလုံးလောကို စိုးမိုးနိုင်ခဲ့ကြပြီး သူတို့နှစ်ယောက်ကြား Ballon d’Or ဆု ၁၁ ခုတောင် ရှိထားပါတယ်။ လက်ရှိမှာ မေဂျာလိဂ်အသင်းသစ်အင်တာမီယာမီရဲ့ဥက္ကဌဖြစ်နေတဲ့ ဘက်ခမ်းဟာ တည်တောင်ထားတာမကြာသေးတဲ့ သူ့အသင်းအတွက် မက်ဆီကို ချဉ်းကပ်ဖို့ရှိတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

photo-gettyimages

”ကစားသမားတစ်ယောက်အနေနဲ့ မက်ဆီဟာ သူ့အဆင့်မှာ တစ်ယောက်တည်းပြိုင်ဘက်ကင်းပါပဲ။ သူ့လိုတခြားတစ်ယောက်ရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ စီရော်နယ်ဒိုကတော့ မက်ဆီနဲ့တန်းတူအဆင့်မဟုတ်ပေမယ့် သူတို့နှစ်ယောက်စလုံးဟာ ကျန်တဲ့သူတွေရဲ့အထက်မှာ ရှိပါတယ်”လို့ ဒေးဗစ်ဘက်ခမ်းက ပြောခဲ့တာပါ။

[Zawgyi]

စီေရာ္နယ္ဒိုဟာ မက္ဆီနဲ႔အဆင့္တူမဟုတ္ဘူးလို႔ ဘက္ခမ္းအခုိင္အမာေျပာ

မက္ဆီနဲ႔စီေရာ္နယ္ဒို ဘယ္သူပိုေကာင္းတယ္ဆိုတဲ့ျငင္းခုန္မႈထဲကို ေနာက္ဆုံး၀င္ေရာက္လာသူကေတာ့ မန္ယူဂႏၳ၀င္ေဟာင္းျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းျဖစ္ၿပီး ဘာစီလိုနာတိုက္စစ္မႈးကသာ ကမာၻေပၚက အႀကီးက်ယ္ဆုံးကစားသမားလုိ႔ သူက ယုံၾကည္ေနပါတယ္။ အဲဒီစူပါစတားႏွစ္ေယာက္စလုံးဟာ က်န္တဲ့သူေတြရဲ႕အထက္မွာရွိေနတယ္လုိ႔ ဘက္ခမ္းက အခိုင္အမာဆုိခဲ့ေပမယ့္ သူတို႔ႏွစ္ေယာက္ထဲမွာ မက္ဆီက အဆင့္တူမရွိဘဲ ၿပိဳင္ဘက္ကင္းတယ္လုိ႔ ယူဆထားတာပါ။

ဘက္ခမ္းဟာ ပီအက္စ္ဂ်ီမွာတုန္းက မက္ဆီနဲ႔ရင္ဆိုင္ခဲ့ဖူးၿပီး အဲဒီအာဂ်င္တီးနားၾကယ္ပြင့္မ်ိဳး ေနာက္ထပ္တစ္ေယာက္ရွိတယ္ဆုိတာ မျဖစ္ႏိုင္ေၾကာင္းလည္း ဆိုခဲ့တာပါ။ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ႏွစ္ေယာက္စလုံးဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာေအာင္ ဥေရာပေဘာလုံးေလာကို စိုးမိုးႏိိုင္ခဲ့ၾကၿပီး သူတုိ႔ႏွစ္ေယာက္ၾကား Ballon d’Or ဆု ၁၁ ခုေတာင္ ရွိထားပါတယ္။ လက္ရွိမွာ ေမဂ်ာလိဂ္အသင္းသစ္အင္တာမီယာမီရဲ႕ဥကၠဌျဖစ္ေနတဲ့ ဘက္ခမ္းဟာ တည္ေတာင္ထားတာမၾကာေသးတဲ့ သူ႔အသင္းအတြက္ မက္ဆီကို ခ်ဥ္းကပ္ဖို႔ရွိတယ္ဆိုတဲ့ ေကာလာဟလေတြလည္း ထြက္ေပၚခဲ့ပါေသးတယ္။

”ကစားသမားတစ္ေယာက္အေနနဲ႔ မက္ဆီဟာ သူ႔အဆင့္မွာ တစ္ေယာက္တည္းၿပိဳ္င္ဘက္ကင္းပါပဲ။ သူ႔လုိတျခားတစ္ေယာက္ရွိတယ္ဆိုတာ မျဖစ္ႏိုင္ပါဘူး။ စီေရာ္နယ္ဒိုကေတာ့ မက္ဆီနဲ႔တန္းတူအဆင့္မဟုတ္ေပမယ့္ သူတုိ႔ႏွစ္ေယာက္စလုံးဟာ က်န္တဲ့သူေတြရဲ႕အထက္မွာ ရွိပါတယ္”လုိ႔ ေဒးဗစ္ဘက္ခမ္းက ေျပာခဲ့တာပါ။