ချန်ပီယံလိဂ်ဝင်ခွင့်ရမှသာ မန်ယူကို ပြောင်းမယ့် ဆန်ချို

0
353

photo-gettyimages

photo-gettyimages

ဒေ့ါမန်တောင်ပံကစားသမားဆန်ချိုရဲ့မန်ယူအပြောင်းအရွှေ့ဟာ အဲဒီပရီးမီးယားလိဂ်ကလပ်ရဲ့ချန်ပီယံလိဂ်ဘောလုံးအာမခံပေးနိုင်မှုအရည်အသွေးအပေါ် မူတည်နေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ဘက်ချဲလ်ဆီးရဲ့ပစ်မှတ်လည်းဖြစ်နေတဲ့ ဆန်ချိုဟာ လက်ရှိမှာ မန်ယူနဲ့ သတင်းတွေအကြီးအကျယ်ထွက်ပေါ်နေသူဖြစ်ကာ အဲဒီအင်္ဂလန်ကြယ်ပွင့်ကိုခေါ်နိုင်ဖို့ မန်ယူက ရေပန်းအစားဆုံးလည်း ဖြစ်နေတာပါ။

photo-gettyimages

ဒါပေမဲ့လည်း မန်ယူသာ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲမယ်ဆိုရင် အသက် ၂၀ အရွယ်ဆန်ချိုဟာ အိုးလ်ထရက်ဖို့ဒ်ပြောင်းမယ့်ကိစ္စကို ငြင်းပယ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ အင်္ဂလန်က The Athletic သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ မန်ယူဟာ အဆင့် ၅ နေရာကို ရောက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်သာကွာဟပါတယ်။

photo-gettyimages

ဒါကြောင့်လည်း ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်ဖို့က မန်ယူအတွက် အရေးကြီးနေပြီး ဥရောပရဲ့အဲဒီအဆင့်မြင့်ဆုံးပြိုင်ပွဲကြီးမှသာ ကစားခွင့်ရမှသာ အပြောင်းအရွှေ့မှာ ကိုယ့်စိတ်ကြိုက်ကစားသမားခေါ်ယူနိုင်ဖို့ ပိုပြီးနီးစပ်မှာပါ။ ဆန်ချျိုဟာ တခြားအသင်းကြီးတွေနဲ့လည်း သတင်းထွက်နေပြီး ဒေါ့မန်ကလည်း သူတို့ရဲ့အဓိကကစားသမားကို အနည်းဆုံးပေါင်သန်း ၁၀၀ ရမှသာ ရောင်းချမှာပါ။ ဆန်ချိုဟာ ချဲလ်ဆီးပရိသတ်တစ်ယောက်အနေနဲ့ ကြီးပြင်းခဲ့တာလို့လည်း The Athletic က ဖော်ပြခဲ့ပါတယ်။

[Zawgyi]

ခ်န္ပီယံလိဂ္၀င္ခြင့္ရမွသာ မန္ယူကို ေျပာင္းမယ့္ ဆန္ခ်ိဳ

ေဒ့ါမန္ေတာင္ပံကစားသမားဆန္ခ်ိဳရဲ႕မန္ယူအေျပာင္းအေရႊ႕ဟာ အဲဒီပရီးမီးယားလိဂ္ကလပ္ရဲ႕ခ်န္ပီယံလိဂ္ေဘာလုံးအာမခံေပးႏိုင္မႈအရည္အေသြးအေပၚ မူတည္ေနတယ္လုိ႔ သိရပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ခ်ဲလ္ဆီးရဲ႕ပစ္မွတ္လည္းျဖစ္ေနတဲ့ ဆန္ခ်ိဳဟာ လက္ရွိမွာ မန္ယူနဲ႔ သတင္းေတြအႀကီးအက်ယ္ထြက္ေပၚေနသူျဖစ္ကာ အဲဒီအဂၤလန္ၾကယ္ပြင့္ကိုေခၚႏိုင္ဖို႔ မန္ယူက ေရပန္းအစားဆုံးလည္း ျဖစ္ေနတာပါ။

ဒါေပမဲ့လည္း မန္ယူသာ လာမယ့္ရာသီအတြက္ ခ်န္ပီယံလိဂ္၀င္ခြင့္န႔ဲ လြဲမယ္ဆိုရင္ အသက္ ၂၀ အရြယ္ဆန္ခ်ိဳဟာ အိုးလ္ထရက္ဖို႔ဒ္ေျပာင္းမယ့္ကိစၥကို ျငင္းပယ္ဖို႔ အဆင္သင့္ျဖစ္ေနတယ္လုိ႔ အဂၤလန္က The Athletic သတင္းစာႀကီးက ေဖာ္ျပလိုက္ပါတယ္။ လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာေတာ့ မန္ယူဟာ အဆင့္ ၅ ေနရာကို ေရာက္ရွိေနၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ေနာက္ဆုံးေနရာျဖစ္တဲ့ အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးနဲ႔ ၃ မွတ္သာကြာဟပါတယ္။

ဒါေၾကာင့္လည္း ရာသီကုန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိႏိုင္ဖို႔က မန္ယူအတြက္ အေရးႀကီးေနၿပီး ဥေရာပရဲ႕အဲဒီအဆင့္ျမင့္ဆုံးၿပိဳ္င္ပြဲႀကီးမွသာ ကစားခြင့္ရမွသာ အေျပာင္းအေရႊ႕မွာ ကိုယ့္စိတ္ႀကိဳက္ကစားသမားေခၚယူႏိုင္ဖို႔ ပိုၿပီးနီးစပ္မွာပါ။ ဆန္ခ််ိဳဟာ တျခားအသင္းႀကီးေတြနဲ႔လည္း သတင္းထြက္ေနၿပီး ေဒါ့မန္ကလည္း သူတို႔ရဲ႕အဓိကကစားသမားကို အနည္းဆုံးေပါင္သန္း ၁၀၀ ရမွသာ ေရာင္းခ်မွာပါ။ ဆန္ခ်ိဳဟာ ခ်ဲလ္ဆီးပရိသတ္တစ္ေယာက္အေနနဲ႔ ႀကီးျပင္းခဲ့တာလုိ႔လည္း The Athletic က ေဖာ္ျပခဲ့ပါတယ္။