အီတလီက အဖေများနေ့အတွက် သူ့ရဲ့ six pack နဲ့တောင့်တင်းတဲ့ဘော်ဒီကို ပြသခဲ့တဲ့စီရော်နယ်ဒို

0
457

photo-yamamay

photo-yamamay

အီတလီက အဖေများနေ့အတွက် ဘောလုံးစူပါစတားစီရော်နယ်ဒိုဟာ Yamamay အတွင်းခံ brand နဲ့ ပူးပေါင်းပြီး သူ့ရဲ့six pack နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ပြသခဲ့ပါတယ်။ သူဟာ ၉ နှစ်အရွယ် ခရစ္စတီယာနိုဂျူနီယာ၊ ၂ နှစ်အရွယ် အမွှာလေးတွေဖြစ်ကြတဲ့ အီဗာမာရီယာနဲ့ မာတီယို၊ ၂ အရွယ်ပဲဖြစ်တဲ့ သမီးလေးအလန်နာမာတီနာတို့ရဲ့ဖခင်လည်း ဖြစ်ပါတယ်။

photo-instagram

အဲဒီမှာ အမွှာနှစ်ယောက်က အငှားကိုယ်ဝန်ဆောင်နဲ့ မွေးခဲ့တာဖြစ်ပြီး သမီးလေးအလန်နာမာတီနာကတော့ လက်ရှိလက်တွဲဖော် ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့ရခဲ့တာပါ။ ကမ္ဘာကျော်ကစားသမားတစ်ယောက်ဖြစ်သလို အားကျရလောက်တဲ့ဘော်ဒီကိုလည်းပိုင်ဆိုင်ထားတဲ့ ၃၅ နှစ်အရွယ်စီရော်နယ်ဒိုဟာ သူ့ကလေးတွေအတွက်တော့ super dad တစ်ယောက်ပါပဲ။

photo-instagram

ဖခင်ဘဝအကြောင်းကိုဆွေးနွေးတော့ စီရော်နယ်ဒိုက”အဖေတစ်ယောက်ဖြစ်ရတာဟာ ထူးခြားမှုတစ်ခုနဲ့ ပုဂ္ဂိုလ်ရေးခရီးတစ်ခုပါပဲ။ ကျွန်တော့်ကို လုံးဝပြောင်းလဲသွားစေခဲ့တဲ့ တစ်စုံတစ်ခုပေါ့။ အဲဒါက အရင်က ရှိနေမှန်းကျွန်တော်လုံးဝမသိခဲ့တဲ့ အချစ်နဲ့ပတ်သက်ပြီး အကြောင်းအရာတွေကို သင်ပြပေးခဲ့တာပါ။ အဲဒါက ကျွန်တော့်ကို နူးညံ့စေပါတယ်။ အဲဒါက ဘဝမှာတကယ်အရေးကြီးတာက ဘာဆိုတဲ့ကွဲပြားခြားနားတဲ့အမြင်လည်း ကျွန်တော့်ကို ပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

အီတလီက အေဖမ်ားေန႔အတြက္ သူ႔ရဲ႕ six pack နဲ႔ေတာင့္တင္းတဲ့ေဘာ္ဒီကို ျပသခဲ့တဲ့စီေရာ္နယ္ဒို

အီတလီက အေဖမ်ားေန႔အတြက္ ေဘာလုံးစူပါစတားစီေရာ္နယ္ဒုိဟာ Yamamay အတြင္းခံ brand နဲ႔ ပူးေပါင္းၿပီး သူ႔ရဲ႕six pack နဲ႔ ေတာင့္တင္းတဲ့ခႏၶာကိုယ္ကို ျပသခဲ့ပါတယ္။ သူဟာ ၉ ႏွစ္အရြယ္ ခရစၥတီယာႏိုဂ်ဴနီယာ၊ ၂ ႏွစ္အရြယ္ အမႊာေလးေတြျဖစ္ၾကတဲ့ အီဗာမာရီယာနဲ႔ မာတီယုိ၊ ၂ အရြယ္ပဲျဖစ္တဲ့ သမီးေလးအလန္နာမာတီနာတို႔ရဲ႕ဖခင္လည္း ျဖစ္ပါတယ္။

အဲဒီမွာ အမႊာႏွစ္ေယာက္က အငွားကိုယ္၀န္ေဆာင္နဲ႔ ေမြးခဲ့တာျဖစ္ၿပီး သမီးေလးအလန္နာမာတီနာကေတာ့ လက္ရွိလက္တြဲေဖာ္ ေဂ်ာ္ဂ်ီနာရိုဒရီဂြက္ဇ္နဲ႔ရခဲ့တာပါ။ ကမာၻေက်ာ္ကစားသမားတစ္ေယာက္ျဖစ္သလုိ အားက်ရေလာက္တဲ့ေဘာ္ဒီကိုလည္းပိုင္ဆိုင္ထားတဲ့ ၃၅ ႏွစ္အရြယ္စီေရာ္နယ္ဒုိဟာ သူ႔ကေလးေတြအတြက္ေတာ့ super dad တစ္ေယာက္ပါပဲ။

ဖခင္ဘ၀အေၾကာင္းကိုေဆြးေႏြးေတာ့ စီေရာ္နယ္ဒိုက”အေဖတစ္ေယာက္ျဖစ္ရတာဟာ ထူးျခားမႈတစ္ခုနဲ႔ ပုဂၢိဳလ္ေရးခရီးတစ္ခုပါပဲ။ ကၽြန္ေတာ့္ကုိ လုံး၀ေျပာင္းလဲသြားေစခဲ့တဲ့ တစ္စုံတစ္ခုေပါ့။ အဲဒါက အရင္က ရွိေနမွန္းကၽြန္ေတာ္လုံး၀မသိခဲ့တဲ့ အခ်စ္နဲ႔ပတ္သက္ၿပီး အေၾကာင္းအရာေတြကို သင္ျပေပးခဲ့တာပါ။ အဲဒါက ကၽြန္ေတာ့္ကို ႏူးည့ံေစပါတယ္။ အဲဒါက ဘ၀မွာတကယ္အေရးႀကီးတာက ဘာဆုိတဲ့ကြဲျပားျခားနားတဲ့အျမင္လည္း ကၽြန္ေတာ့္ကို ေပးခဲ့ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။