အသက် ၃၉ နှစ်အထိတိုင်အောင် စီရော်နယ်ဒိုကို စာချုပ်သက်တမ်းတိုးချင်တဲ့ ဂျူဗင်တပ်

0
188

photo-gettyimages

photo-gettyimages

ဂျူဗင်တပ်အသင်းဟာ ကြယ်ပွင့်တိုက်စစ်မှုးစီရော်နယ်ဒိုကို နောက်ထပ် ၂ နှစ် သက်တမ်းထပ်တိုးနိုင်ဖို့ ဆန္ဒပြင်းပြနေပြီး အဲဒီလိုသာဆိုရင် ဒီပေါ်တူဂီစူပါစတားဟာ အသက် ၃၉ နှစ်ပြည့်မွေးနေ့နောက်ပိုင်းအထိ စီးရီးအေမှာ ဆက်ရှိနိုင်မှာပါ။ အဲဒီမန်ယူနဲ့ ရီးရဲလ်တိုက်စစ်မှုးဟောင်းရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၂ ဇွန်လမှာ သက်တမ်းကုန်မှာဖြစ်ပြီး ဂျူဗင်တပ်အနေနဲ့ကလည်း အနည်းဆုံးအနေနဲ့ စာချုပ်သက်တမ်းပြည့်တဲ့အထိ အသင်းမှာ စီရော်နယ်ဒိုဆက်ရှိသွားဖို့ မျှော်လင့်နေပါတယ်။

photo-EPA

အခုလည်း အီတလီအားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ Tuttosport က ဂျူဗင်တပ်ဟာ သူတို့ရဲ့အဓိကကစားသမားကို ဆုံးရှုံးရမှာ စိုးရိမ်နေကြောင်းဆိုလိုက်ပြီး အဲဒါကလည်း စီရော်နယ်ဒိုရဲ့ခြေစွမ်းနဲ့ ပုံရိပ်ကြောင့် ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ စီရော်နယ်ဒိုဟာ ရီးရဲလ်ကနေ ပြောင်းလာပြီးနောက် ၂၀၁၈ မှာ ဂျူဗင်တပ်နဲ့ တစ်ပတ် ပေါင် ၅ သိန်းတန်ကြေးရှိ ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

photo-gettyimages

သူဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ၃၅ နှစ်ပြည့်သွားခဲ့ပေမယ့် အမြင့်ဆုံးအဆင့်မှာ ကစားနိုင်ဆဲဖြစ်ပြီး ဂိုးတွေလည်း ဆက်လက်သွင်းယူနိုင်နေဆဲပါပဲ။ အဲဒီပေါ်တူဂီလက်ရွေးစင်ဟာ ဒီရာသီ ၃၂ ပွဲမှာ ၂၅ ဂိုးသွင်းထဲ့ကာ အဲဒီထဲမှာ စီးရီးအေ ၂၂ ပွဲက ၂၁ ဂိုးလည်း ပါဝင်ပါတယ်။ စီးရီးအေမှာ ၁၁ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့မှုဟာ နည်းပြဆာရီလက်ထက် စီရော်နယ်ဒိုရဲ့အရေးပါမှုကို ဖော်ပြရာရောက်ပါတယ်။

[Zawgyi]

အသက္ ၃၉ ႏွစ္အထိတိုင္ေအာင္ စီေရာ္နယ္ဒိုကို စာခ်ဳပ္သက္တမ္းတုိးခ်င္တဲ့ ဂ်ဴဗင္တပ္

ဂ်ဴဗင္တပ္အသင္းဟာ ၾကယ္ပြင့္တိုက္စစ္မႈးစီေရာ္နယ္ဒိုကို ေနာက္ထပ္ ၂ ႏွစ္ သက္တမ္းထပ္တိုးႏိုင္ဖုိ႔ ဆႏၵျပင္းျပေနၿပီး အဲဒီလိုသာဆုိရင္ ဒီေပၚတူဂီစူပါစတားဟာ အသက္ ၃၉ ႏွစ္ျပည့္ေမြးေန႔ေနာက္ပိုင္းအထိ စီးရီးေအမွာ ဆက္ရွိႏိုင္မွာပါ။ အဲဒီမန္ယူနဲ႔ ရီးရဲလ္တိုက္စစ္မႈးေဟာင္းရဲ႕လက္ရွိစာခ်ဳပ္ဟာ ၂၀၂၂ ဇြန္လမွာ သက္တမ္းကုန္မွာျဖစ္ၿပီး ဂ်ဴဗင္တပ္အေနနဲ႔ကလည္း အနည္းဆုံးအေနနဲ႔ စာခ်ဳပ္သက္တမ္းျပည့္တဲ့အထိ အသင္းမွာ စီေရာ္နယ္ဒိုဆက္ရွိသြားဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အခုလည္း အီတလီအားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ Tuttosport က ဂ်ဴဗင္တပ္ဟာ သူတုိ႔ရဲ႕အဓိကကစားသမားကုိ ဆုံးရႈံးရမွာ စိုးရိမ္ေနေၾကာင္းဆိုလုိက္ၿပီး အဲဒါကလည္း္ စီေရာ္နယ္ဒိုရဲ႕ေျခစြမ္းနဲ႔ ပုံရိပ္ေၾကာင့္ ျဖစ္မယ္လုိ႔ ယုံၾကည္ရပါတယ္။ စီေရာ္နယ္ဒိုဟာ ရီးရဲလ္ကေန ေျပာင္းလာၿပီးေနာက္ ၂၀၁၈ မွာ ဂ်ဴဗင္တပ္နဲ႔ တစ္ပတ္ ေပါင္ ၅ သိန္းတန္ေၾကးရွိ ၄ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲဲ့တာပါ။

သူဟာ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီလမွာ ၃၅ ႏွစ္ျပည့္သြားခဲ့ေပမယ့္ အျမင့္ဆုံးအဆင့္မွာ ကစားႏိုင္ဆဲျဖစ္ၿပီး ဂိုးေတြလည္း ဆက္လက္သြင္းယူႏုိင္ေနဆဲပါပဲ။ အဲဒီေပၚတူဂီလက္ေရြးစင္ဟာ ဒီရာသီ ၃၂ ပြဲမွာ ၂၅ ဂိုးသြင္းထဲ့ကာ အဲဒီထဲမွာ စီးရီးေအ ၂၂ ပြဲက ၂၁ ဂိုးလညး္ ပါ၀င္ပါတယ္။ စီးရီးေအမွာ ၁၁ ပြဲဆက္ဂုိးသြင္းႏိုင္ခဲ့မႈဟာ နည္းျပဆာရီလက္ထက္ စီေရာ္နယ္ဒိုရဲ႕အေရးပါမႈကို ေဖာ္ျပရာေရာက္ပါတယ္။