အက်ရှ်လေယန်းကို နှစ်ကြိမ်တိုင်အရှက်ရအောင်လုပ်ပြီးမှ သွင်းယူသွားတဲ့ ဒီဘားလားရဲ့သွင်းဂိုး

0
205

Photo Credit

၈နှစ်ဆက်စီးရီးအေချန်ပီယံဂျူဗင်တပ်စ်ဟာ ယမန်နေ့ညက ချန်ပီယံလုဘက် အင်တာမီလန်ကို ဧည့်ခံကစားခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပခဲ့ရပါတယ်။

Photo Credit

ဒီလိုအိမ်ကွင်းမှာ ပရိသတ်မပါဘဲ ကျင်းပခဲ့ရပေမယ့် ဂျူဗင်တပ်စ်ကတော့ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး နည်းပြကွန်တီရဲ့အသင်းကို ၂-၀ ဂိုးနဲ့အနိုင်ယူကာ အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit

အာဆင်နယ်ကြယ်ပွင့်ဟောင်း ရမ်ဆေးက သူ့အပေါ် ဝေဖန်နေမှုတွေကို တိတ်ဆိတ်သွားအောင် လုပ်ဆောင်တဲ့အနေနဲ့ အရေးပါတဲ့ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သလို ဒီဘားလားရဲ့ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ ဒုတိယမြောက်ဂိုးကတော့ ဒီဘားလားရဲ့ခြေအနှုတ်အသိမ်းကောင်းမွန်မှုက ပိုမိုထင်ရှားပေါ်လွင်ခဲ့ပြီး အင်တာမီလန်ကစားသမားသစ် အက်ရှ်လေယန်းကို နှစ်ကြိမ်တိုင်တိုင် အရှက်တကွဲဖြစ်စေခဲ့ပါတယ်။

Photo Credit

ပထမအကြိမ်ကတော့ အာဂျင်တီးနားလက်ရွေးစင် ဒီဘားလားဟာ ကိုက် ၆၀ အကွာကနေ ပေးပို့မှုကို ဘယ်ခြေနဲ့ အသာထိန်းကာ သူ့နောက် ကပ်လိုက်လာတဲ့ အက်ရှ်လေယန်းလည်း အရှိန်မထိန်းနိုင်ဘဲ ဘောလုံးနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ရပါတယ်။

Photo Credit

အဲဒီနောက် ဒီဘားလားဟာ စည်းထိပ်မှာရှိတဲ့ ရမ်ဆေးနဲ့ အပေးအယူလုပ်ကာ ပင်နယ်တီဧရိယာထဲ ထိုးဖောက်လာပြီး ရမ်ဆေးရဲ့ပေးပို့မှုကနေ သူ့နောက်တစ်ကောက်ကောက်လိုက်ကပ်နေတဲ့ အက်ရှ်လေယန်းကို ဘယ်ခြေနဲ့ တစ်ချက်ခြေယောင်ပြလိုက်တော့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းလည်း အရှိန်မထိန်းနိုင်ဘဲ ဒီဘားလားရဲ့ကန်သွင်းမှုကို ဒီအတိုင်းငေးကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။

Video Credit

အဲဒီသွင်းဂိုးက မာရာဒိုနာနဲ့ မက်ဆီ နှစ်ပေါင်းထားတဲ့ဂိုးလို့တောင် ပရိသတ်တွေက ချီးကျူးနေကြပြီး ဒီဘားလားအနေနဲ့ ဒီပုံစံအတိုင်း ခြေစွမ်းကို ဆက်ထိန်းနိုင်ဖို့ လိုအပ်နေပါတယ်။ သူဟာ ဒီရာသီစီးရီးအေမှာ ၂၄ပွဲကစားခွင့်ရထားပေမယ့် ဂိုးကတော့ ၇ဂိုးပဲ သွင်းယူထားနိုင်ပါတယ်။

Video Credit

Zawgyi

အက္ရွ္ေလယန္းကို ႏွစ္ႀကိမ္တိုင္အရွက္ရေအာင္လုပ္ၿပီးမွ သြင္းယူသြားတဲ့ ဒီဘားလားရဲ႕သြင္းဂိုး

၈ႏွစ္ဆက္စီးရီးေအခ်န္ပီယံဂ်ဴဗင္တပ္စ္ဟာ ယမန္ေန႔ညက ခ်န္ပီယံလုဘက္ အင္တာမီလန္ကို ဧည့္ခံကစားခဲ့ရၿပီး ကို႐ိုနာဗုိင္းရပ္စ္အႏၱရာယ္ေၾကာင့္ ပရိသတ္မပါဘဲ တံခါးပိတ္က်င္းပခဲ့ရပါတယ္။
ဒီလုိအိမ္ကြင္းမွာ ပရိသတ္မပါဘဲ က်င္းပခဲ့ရေပမယ့္ ဂ်ဴဗင္တပ္စ္ကေတာ့ အေကာင္းဆုံးေျခစြမ္းျပသႏို္င္ခဲ့ၿပီး နည္းျပကြန္တီရဲ႕အသင္းကို ၂-၀ ဂိုးနဲ႔အႏိုင္ယူကာ အမွတ္ေပးဇယားကို ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
အာဆင္နယ္ၾကယ္ပြင့္ေဟာင္း ရမ္ေဆးက သူ႕အေပၚ ေ၀ဖန္ေနမႈေတြကို တိတ္ဆိတ္သြားေအာင္ လုပ္ေဆာင္တဲ့အေနနဲ႔ အေရးပါတဲ့ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့သလို ဒီဘားလားရဲ႕ဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ ဒုတိယေျမာက္ဂိုးကေတာ့ ဒီဘားလားရဲ႕ေျခအႏႈတ္အသိမ္းေကာင္းမြန္မႈက ပိုမိုထင္ရွားေပၚလြင္ခဲ့ၿပီး အင္တာမီလန္ကစားသမားသစ္ အက္ရွ္ေလယန္းကို ႏွစ္ႀကိမ္တုိင္တိုင္ အရွက္တကြဲျဖစ္ေစခဲ့ပါတယ္။
ပထမအႀကိမ္ကေတာ့ အာဂ်င္တီးနားလက္ေရြးစင္ ဒီဘားလားဟာ ကိုက္ ၆၀ အကြာကေန ေပးပုိ႔မႈကို ဘယ္ေျခနဲ႔ အသာထိန္းကာ သူ႕ေနာက္ ကပ္လုိက္လာတဲ့ အက္ရွ္ေလယန္းလည္း အရွိန္မထိန္းႏိုင္ဘဲ ေဘာလုံးနဲ႔ ဆန္႔က်င္ဘက္ျဖစ္ခဲ့ရပါတယ္။
အဲဒီေနာက္ ဒီဘားလားဟာ စည္းထိပ္မွာရွိတဲ့ ရမ္ေဆးနဲ႔ အေပးအယူလုပ္ကာ ပင္နယ္တီဧရိယာထဲ ထုိးေဖာက္လာၿပီး ရမ္ေဆးရဲ႕ေပးပို႔မႈကေန သူ႕ေနာက္တစ္ေကာက္ေကာက္လုိက္ကပ္ေနတဲ့ အက္ရွ္ေလယန္းကို ဘယ္ေျခနဲ႔ တစ္ခ်က္ေျခေယာင္ျပလုိက္ေတာ့ ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္းလည္း အရွိန္မထိန္းႏိုင္ဘဲ ဒီဘားလားရဲ႕ကန္သြင္းမႈကို ဒီအတုိင္းေငးၾကည့္ေန႐ုံပဲ တတ္ႏိုင္ခဲ့ပါတယ္။
အဲဒီသြင္းဂိုးက မာရာဒိုနာနဲ႔ မက္ဆီ ႏွစ္ေပါင္းထားတ့ဲဂိုးလုိ႔ေတာင္ ပရိသတ္ေတြက ခ်ီးက်ဴးေနၾကၿပီး ဒီဘားလားအေနနဲ႔ ဒီပုံစံအတုိင္း ေျခစြမ္းကို ဆက္ထိန္းႏိုင္ဖို႔ လိုအပ္ေနပါတယ္။ သူဟာ ဒီရာသီစီးရီးေအမွာ ၂၄ပဲြကစားခြင့္ရထားေပမယ့္ ဂိုးကေတာ့ ၇ဂိုးပဲ သြင္းယူထားႏုိင္ပါတယ္။