သူ့မန်ယူပလေယာတွေရဲ့ကလေးဘဝပုံတွေနဲ့ ဘယ်သူဆိုတဲ့ခန့်မှန်းဂိမ်းကစားခဲ့တဲ့ ဆိုးလ်ရှား

0
92

ဗီဒီယိုလင့္ခ္ပါ။

https://www.youtube.com/watch?v=_QbkC1wVWTg

အားလုံးပဲ မင်္ဂလာပါ။ M Diary channel ကနေ ပြန်လည်ကြိုဆိုပါတယ်။ အခုတစ်ခေါက်မှာတော့ သူ့မန်ယူပလေယာတွေရဲ့ကလေးဘဝပုံတွေနဲ့ ဘယ်သူဆိုတဲ့ခန့်မှန်းဂိမ်းကစားခဲ့တဲ့ဆိုးလ်ရှားအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ အဲဒီနော်ဝေသားနည်းပြဟာ ၂၀၁၈ ဒီဇင်ဘာကတည်းက အိုးလ်ထရက်ဖို့ဒ်မှာ ကိုင်တွယ်ခဲ့တာဖြစ်လို့ သူ့ပလေယာတွေနဲ့ပတ်သက်လို့ အရမ်းကိုကောင်းကောင်းသိထားသူပါ။ မကြာသေးခင်က ယူအီးအက်ဖ်အေနဲ့အင်တာဗျူးမှာ သူ့မန်ယူပလေယာတွေရဲ့ကလေးဘဝပုံတွေနဲ့ ခန့်မှန်းဂိမ်းကစားခဲ့ပါတယ်။

အဲဒီသူပထမဆုံးတွေ့ရတဲ့ပုံကိုကြည့်ပြီး ”မေးခွန်းထုတ်စရာရှိမယ် မထင်ပါဘူး။ ဒါက ဘယ်သူဆိုတာ အားလုံးမြင်နိုင်ပါတယ်။ ဒါက အန်သိုနီမာရှယ်ပါ။ အန်သိုပါ။ ကျွန်တော့်အတွက် ဒါ ပထမဆုံးမြင်ဖူးတာပါ”လို့ ပြောပါတယ်။ ”အခုလည်း သူက အဲဒီပုံစံအတိုင်းပဲမဟုတ်လား”လို့ အင်တာဗျူးသူကမေးတော့ ”ဟုတ်ပါတယ်။ အတိအကျပါပဲ”လို့ ပြန်ဖြေပါတယ်။

အဲဒီနောက် ဒုတိယပုံကိုကြည့်ပြီး”ဒါက ဒေးဗစ်ဒီဂီယာပါ။ သေချာပေါက်ပါပဲ။ အရင်ကလိုအပြုံးမျိုးရှိနေသေးပြီး ပခုံးကတေ့ အခုမှ နည်းနည်းလေးပိုကျယ်လာသလိုပါပဲ။ ဒါပေမဲ့ အရင်ကပုံနဲ့ အရမ်းကိုတူနေတုန်းပါ”လို့ ပြောပါတယ်။ တတိယပုံအလှည့်ရောက်တော့”ဒီကောင်လေးကို ကျွန်တော်တို့ခေါ်ထားတာ မကြာသေးဘူးထင်ပါတယ်။ ဒါကြောင့် ဒီတစ်ခုမှာတော့ ဟယ်ရီမက်ဂွိုင်းယားလို့ ကျွန်တော်ဖြေပါမယ်။ သူဆိုတာ သေချာပေါက်ပဲ”လို့ ပြောပါတယ်။ အဲဒီအချိန်အထိ သူမှန်းသမျှ ဟုတ်နေတာပါ။ စတုတ္ထပုံမှာတော့ သူနည်းနည်းလေးတွေဝေသွားပြီး ”ဝိုး.. ဒီပုံအပြင် နောက်ပုံတွေဆက်ကြည့်လိုက်တော့ ပိုပိုပြီးခက်လာတယ်။ ဒါပေမဲ့ ဒီပုံကတော့ မန်ယူအင်္ကျီနဲ့လင်ဂတ်ပါ။ ကျွန်တော်ဖြေတာ မှန်မှာပါ” ပြောပါတယ်။ ပဉ္စမပုံအလှည့်ရောက်တော့ ”အခုဆို လှည့်စားမှုတွေ ပိုများလာပြီ။ ဒီပုံနဲ့ပတ်သက်လို့ ကျွန်တော့်ကို စဉ်းစားခွင့်အချိန်ပေးနိုင်မလား”လို့ ပြောပါတယ်။ ခဏကြာတော့မှ ”ဘယ်သူဖြစ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့။ ကျွန်တော်ထင်တဲ့ ဂျူအန်မာတာများဖြစ်မလား”လို့ ပြောလိုက်တော့ အင်တာဗျူးသူက”ရက်စ်”လို့ ပြောတဲ့အခါ ဆိုးလ်ရှားက”အိုကေ၊ ဒါက ဂျူအန်ပဲ။ မဆိုးပါဘူး”လို့ ဆိုကာ နောက်တစ်ပုံဆက်ကြည့်ပါတယ်။ ဒီတစ်ပုံမှာ ”ဒါက မားကပ်စ်ရက်ရှ်ဖို့ဒ်လို့ ကျွန်တော်ပြောမှာပါ။ ဟုတ်လား”လို့ ထောင်ပြပါတယ်။ အင်တာဗျူးသူက ”အဲဒီအရွယ်မှာတောင် သူကအကြောတင်းပုံပေါက်တယ်နော်”လို့ ပြောတော့ ဆိုးလ်ရှားက”သူက အမြဲတမ်းအဲဒီလိုပဲ။ သူ့မျက်လုံးတွေကလည်း အမြဲတမ်းဝင်းလက်နေတာပါ။ ဒါဆို ဒါကမားကပ်စ်ပါ” လို့ပြောပြီး နောက်တစ်ပုံဆက်ကြည့်ပါတယ်။

ဒီတစ်ခါတော့ လူကြီးလက်ဆွဲထားတဲ့ကလေးတစ်ယောက်ပုံဖြစ်ပြီး ဆိုးလ်ရှားက ”ပေါလ်ပေါ့ဂ်ဘာပါ”လို့ ပြောတော့ အင်တာဗျူးသူက ဟုတ်တယ်ဆိုတဲ့အကြောင်း အသိအမှတ်ပြုပါတယ်။ ”ကျွန်တော် သူ့ကို ပထမဆုံးစတွေ့ချိန်မှာ သူနည်းနည်းကြီးနေပါပြီ။ ၁၆ နှစ်ရှိနေပါပြီ”လို့ ဆိုးလ်ရှားက ဆက်ပြောခဲ့ပါတယ်။ နောက်ဆုံးတစ်ပုံကတော့ ဂိုးတိုင်နား ပခုံးကဘောလုံးနဲ့ကပ်ပြီး လက် ၉ ချောင်းထောင်ထားတဲ့ ကလေးတစ်ယောက်ရဲ့ပုံပါ။ အဲဒီပုံကိုကြည့်ပြီး ဆိုးလ်ရှားက ”ပွဲတစ်ပွဲမှာ ၉ ဂိုးသွင်းပြီး ရိုက်ထားတဲ့ပုံဆိုတာ သေချာတာပေါ့”လို့ ပြောတော့ အင်တာဗျူးသူက”အဲဒါ တကယ်လားလို့ ပြန်မေးတဲ့အခါ ဆိုးလ်ရှားက”ဟုတ်ပေါ့ဗျာ။ အဲဒါကြောင့် ကျွန်တော်လက်ချောင်းတွေ ထောင်ပြထားတာပေ့ါ။ ပြိုင်ပွဲတစ်ခုကို ကျွန်တော်သွားခဲ့ပြီး ဒေသတွင်းသတင်းစာတွေလည်း အဲဒီရှိနေခဲ့တာပါ။ ၁၅။၁၆ အရွယ်က ကျွန်တော့်ရဲ့ပုံဖြစ်ပါတယ်။ ၉ ဂိုးသွင်းခဲ့တဲ့ပွဲအပြီးမှာပေါ့။ အခုတော့ အဲဒီလို မသွင်းပြနိုင်တော့ဘူး။ ကျွန်တော့်ခြေထောက်တွေက သွားပြီလေ။ ဒါကြောင့် ဒီပုံက ကျွန်တော့်ပုံပါ။ ခပ်မိုက်မိုက်ဆံပင်ပုံနဲ့ပါ”လို့ သူ့ငယ်ဘဝပုံကိုကြည့်ကာ ရယ်ပြီးပြောပါတယ်။

 
