သူတို့ဟာ သားအဖလိုပဲဆိုတာ ဖာဂူဆန်နဲ့စီရော်နယ်ဒိုတို့ပြသခဲ့ကြတဲ့ ၁၀ ကြိမ်

0
57

အားလုံးပဲ မင်္ဂလာပါ။ M Diary channel ကနေ ပြန်လည်ကြိုဆိုပါတယ်။ အခုတစ်ခေါက်မှာတော့ သူတို့ဟာ သားအဖလိုပဲဆိုတာ ဖာဂူဆန်နဲ့စီရော်နယ်ဒိုတို့ ပြသခဲ့တဲ့ ၁၀ ကြိမ်ဆိုတဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။မန်ယူနည်းပြအဖြစ် သူ့ရဲ့အံ့လောက်တဲ့ ၂၆ နှစ်တာကာလမှာ ဆာအဲလက်ဖာဂူဆန်ဟာ သူ့ကြယ်ပွင့်ကစားသမားအချို့နဲ့ ခွာပြဲခဲ့ဖူးပါတယ်။ ဒေါသကြီးတဲ့ အဲဒီစကော့တလန်သားကြီးနဲ့ စကားမာျးပြီးနောက် အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာသွားတဲ့ ကြယ်ပွင့်တွေထဲကဆို ဒေးဗစ်ဘက်ခမ်း၊ နစ္စတယ်ရွိင်းနဲ့ ရွိုင်ကိန်းတို့ရှိပါတယ်။ ဒါပေမဲ့ ဖာဂူဆန်နဲ့ပြေပြေလည်လည်လမ်းခွဲသွားခဲ့တဲ့ ကြယ်ပွင့်တစ်ယောက်ကတော့ စီရော်နယ်ဒိုပါပဲ။ မန်ယူမှာကတည်းက သူတို့ကြား ခိုင်မာတဲ့ဆက်ဆံရေးရှိခဲ့ပြီး အဲဒီမှာ စီရော်နယ်ဒိုမရှိတော့လည်း ဘာမှမပြောင်းလဲသွားခဲ့ပါဘူး။ ဘောလုံးလောကမှာ ဖာဂူဆန်နဲ့စီရော်နယ်ဒိုတို့လို နှစ်ပေါင်းများစွာကြာအောင် သားအဖလိုဆက်ဆံရေးရှိတဲ့ ကစားသမားနဲ့ နည်းပြဆိုတာ ခပ်ရှားရှားပါပဲ။ သူတို့ကြားသားအဖလိုပဲဆိုတာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ပြသခဲ့ကြတဲ့ ၁၀ ကြိမ်ကို ဖော်ပြပေးချင်ပါတယ်။

သေတော့မယ့်ဖခင်နားရှိစေဖို့ စီရော်နယ်ဒိုကို ဖာဂူဆန်ခွင့်ပြုပေးခဲ့ချိန်

၂၀၀၅ တုန်းက စီရော်နယ်ဒိုရဲ့ဖခင် ဒင်းနစ်အဗိုင်ရိုဟာ ဆေးရုံပေါ်မှာ အသည်းအသန်ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးအချိန်ရောက်နေတဲ့ သူ့အဖေရဲ့အနားမှာ စီရော်နယ်ဒိုရှိစေရေး ခွင့်ပြုပေးဖို့အတွက် ဖာဂူဆန်ဟာ တုံ့ဆိုင်းမနေခဲ့ပါဘူး။ အရေးပါတဲ့ပွဲကြီးတွေကိုတောင် လွဲဖို့ရှိပေမယ့် ဖာဂူဆန်ဟာ စီရော်နယ်ဒိုကို ရက်အကန့်အသတ်မရှိခွင့်ပြုပေးခဲ့တာပါ။

စီရော်နယ်ဒိုရဲ့အိပ်မက်အတွက် ဖာဂူဆန်ကတိတည်ပေးခဲ့မှု

Real Madrid's new player Portuguese Cris

စီရော်နယ်ဒိုဟာ မန်ယူက သူ့ရဲ့အချိန်တွေကို တန်ဖိုးထားမှာဖြစ်ပေမယ့်လည်း သူ့ဘဝရဲ့အိပ်မက်က ရီးရဲလ်အင်္ကျီဝတ်ဆင်ကစားဖို့ပါ။ ၂၀၀၈ ဒီဇင်ဘာမှာ ရီးရဲလ်က တကယ်ကိုစိတ်ဝင်စားလာတော့ ဖာဂူဆန်က ဒေါသနဲ့တုံ့ပြန်ခဲ့ပေမယ့် နောက် ၁၂ လဆက်ကစားပေးရင် ပြောင်းရမယ်လို့ စီရော်နယ်ဒိုနဲ့ သဘောတူညီခဲ့ပြီး တကယ်လည်း အဲဒီစကော့သားကြီးက ကတိတည်ခဲ့ပါတယ်။

ဖာဂူဆန်ရုပ်တုဖွင့်ပွဲမှာ စီရော်နယ်ဒိုရဲ့စပယ်ရှယ်မက်ဆေ့ချ်ပို့ပေးမှု

သူအနားယူကြောင့် အံ့အားသင့်ဖွယ်မကြေညာခင် ၆ လအလိုဖြစ်တဲ့ ၂၀၁၂ နိုဝင်ဘာမှာ ဖာဂူဆန်ရုပ်တုကို အိုးလ်ထရက်ဖို့ဒ်ကွင်းအပြင်ဘက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီရုပ်တုဖွင့်လှစ်ပွဲကို စီရော်နယ်ဒိုဟာ မတက်ရောက်နိုင်ခဲ့ပေမယ့် ဖာဂူဆန်ဆီ စပါယ်ရှယ်ဗီဒီယိုမက်ဆေ့ချ်တစ်ခုပေးပို့ခဲ့ပြီး အဲဒီဗီဒီယိုင်ဖိုင်မှာ အလုပ်များလို့ မလာနိုင်တဲ့အတွက် တောင်းပန်ပါကြောင်း ဆိုထားပါတယ်။

စီရော်နယ်ဒိုရဲ့ရုပ်ရှင်အထူးပြသပွဲကို ဖာဂူဆန်တက်ရောက်ခဲ့မှု

"Ronaldo" - World Premiere - Red Carpet Arrivals

၂၀၁၅ နိုဝင်ဘာက ရော်နယ်ဒိုလို့ ဇတ်ကားခေါင်းစဉ်တပ်ထားတဲ့ စီရော်နယ်ဒိုရဲ့ရုပ်ရှင်အထူးပွဲကို ဖာဂူဆန်ဟာ လက်လွတ်မခံခဲ့ပါဘူး။ အဲဒီက ကော်ဇောနီပေါ်မှာ သူတို့ဆရာတပည့်နှစ်ယောက် အတူတွဲလျှောက်လာတာဟာ မြင်ရသူတွေအဖို့ ကြည်နူးစရာကောင်းခဲ့ပါတယ်။

ယူရို ၂၀၁၆ အပြီး ထိရှစရာအခိုက်အတန့်

ယူရို ၂၀၁၆ ဗိုလ်လုပွဲမှာ ပေါ်တူဂီအနိုင်ရသွားပြီးနောက် ကွင်းပေါ်ကနေ ဆုတံဆိပ်ယူဆင်းလာကြတဲ့ ကစားသမားတွေကို စောင့်ဆိုင်းနေကြတဲ့လူအုပ်ထဲမှာ ဖာဂူဆန်လည်း ရှိနေခဲ့ပြီး သူဟာ နာနီကိုပွေ့ဖက်ခဲ့သလို စီရော်နယ်ကိုလည်း စောင့်ဆိုင်းပြီး ပွေ့ဖက်မှုလုပ်ခဲ့ပါတယ်။ လှပတဲ့အခိုက်အတန့်တစ်ခုပါပဲ။

၂၀၁၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး

ကာဒစ်ဖ်က ၂၀၁၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဖာဂူဆန်ဟာ အထူးဧည့်သည်တော်အဖြစ် ရှိခဲ့တာပါ။ ဂျူဗင်တပ်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့အဲဒီဗိုလ်လုပွဲမှာ ၂ ဂိုးသွင်းခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့စီရော်နယ်ဒိုအတွက်ကတော့ ကွက်တိဖြစ်သွားပါတယ်။ ပွဲအပြီးမှာ ဖာဂူဆန်က Man of the Match ဆုကို စီရော်နယ်ဒိုထံ ပေးခဲ့လို့ပါပဲ။

မက်ဆီထက် စီရော်နယ်ဒိုက ပိုကောင်းတယ်လို့ ဖာဂူဆန်ငြင်းခဲ့တဲ့အချိန်

စီရော်နယ်ဒိုနဲ့မက်ဆီတို့နှစ်ယောက် ဘယ်သူပိုကောင်းတယ်ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာငြင်းခုန်မှုကြီးမှာ ဖာဂူဆန်ရဲ့မျက်စိထဲမှာတော့ အနိုင်ရသူတစ်ယောက်သာရှိပါတယ်။ ”စီရော်နယ်ဒိုက မီဝေါလ်၊ကျူပီအာ၊ဒွန်ကတ်စတာနဲ့ ဘယ်မှာပဲဖြစ်ဖြစ် ကစားနိုင်ပါတယ်။ မက်ဆီက အဲဒီလိုလုပ်နိုင်မလားဆိုတာ ကျွန်တော် သေချာမပြောနိုင်ပါဘူး”လို့ ဖာဂူဆန်က ဘီဘီစီကို ၂၀၁၅ မှာ ပြောခဲ့တာပါ။

ဦးနှောက်ခွဲစိတ်မှုုလုပ်ခဲ့ရတဲ့ ဖာဂူဆန်ဆီ စီရော်နယ်ဒိုရဲ့ဆုတောင်းမက်ဆေ့ချ်

p1e44onsnp1ac41bg0192r1ckbtd9.jpg

ဦးနှောက်သွေးယိုမှုကြောင့် ဖာဂူဆန်ဟာ ၂၀၁၈ တုန်းက အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ခွဲစိတ်မှုလုပ်ခဲ့ရတဲ့ဖာဂူဆန် ပြန်လည်ကောင်းမွန်လာစေရေးအတွက် စီရော်နယ်ဒိုဟာ instagram ပေါ်မှာ ဆုတောင်းပေးခဲ့ပါတယ်။

ဂျူဗင်တပ်နဲ့မန်ယူတွေ့တော့ ဖာဂူဆန်နဲ့ စီရော်နယ်ဒိုပြန်ဆုံတွေ့

View image on Twitter

ကံကောင်းစွာနဲ့ပဲ ဖာဂူဆန်ဟာ ပြန်လည်သက်သာကျန်းမာလာခဲ့ပြီး ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်နဲ့မန်ယူတွေ့တော့ စီရော်နယ်ဒိုနဲ့ ပြန်ဆုံခဲ့ပါတယ်။ အဲဒီအချိန်က စီရော်နယ်ဒိုဟာ ဖာဂူဆန်နဲ့ပုံကို twitter ပေါ်တင်ပြီး သူ့ကို ကွင်းတွင်းကွင်းပြင် အရာများစွာသင်ကြားပေးခဲ့တဲ့ဆရာကို ကျန်းကျန်းမာမာပြန်တွေ့ရတာ ဝမ်းသာကြောင်း ရေးခဲ့ပါတယ်။

ပေါ်တူဂီအကောင်းဆုံးဆုကို ရခဲ့ပြီးနောက် စီရော်နယ်ဒိုဆီ ဖာဂူဆန်ရဲ့စပါယ်ရှယ်မက်ဆေ့ချ်

https://twitter.com/i/status/1169522302511247361

ပြီးခဲ့တဲ့စက်တင်ဘာမှာ စီရော်နယ်ဒိုဟာ ပေါ်တူဂီတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို စံချိန်တင် ၁၀ ကြိမ်မြောက်အဖြစ် ရရှိခဲ့ပါတယ်။ ဆုပေးပွဲမှာ သူ့ရဲ့ဘောလုံးဖခင်ဖြစ်တဲ့ ဖာဂူဆန်ဆီက စပယ်ရှယ်မက်ဆေ့ချ်ကိုလည်း ရရှိခဲ့တာပါ။

 
