သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဂိုးပေါက်လွဲမှုများ

0
40

အားလုံးပဲ မင်္ဂလာပါ။ M Diary channel ကနေ ပြန်လည်ကြိုဆိုပါတယ်။ အခုတစ်ခေါက်မှာတော့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဂိုးပေါက်လွဲမှုများဆိုတဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့အားပေးကြတဲ့ ဘောလုံးပွဲတွေမှာ တစ်ခါတစ်ရံမယုံနိုင်လောက်ဖွယ်ဂိုးပေါက်လွဲမှုတွေကို တွေ့ကြရမှာပါ။ ဘယ်ကစားသမားမှ ဒီလိုမဖြစ်ချင်ကြပေမယ့် အဲဒါမျိုးဟာ ကမ္ဘာကျေ်ာကစားသမားတွေမှာလည်း ဖြစ်တတ်ကြပါတယ်။ ဒီလိုဂိုးပေါက်လွဲမှုတွေထဲကပဲ သမိုင်းတစ်လျှောက်အဆိုးဆုံးတွေအကြောင်းကို ရွေးချယ်တင်ဆက်ပေးသွားမှာပါ။

၁၁။ တောရက်စ် – ချဲလ်ဆီး vs မန်ယူ

တောရက်စ်ဟာ လီဗာပူးနဲ့တုန်းက ၂၀၀၉ မှာ အိုးလ်ထရက်ဖို့ဒ်ကွင်းလာပြီး ကိုယ်တိုင်လည်း တစ်ဂိုးသွင်းနိုင်ခဲ့ကာ ဂိုးပြတ်နိုင်ပွဲရခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက် ၂ နှစ်ခွဲအကြာ ချဲလ်ဆီးနဲ့မှာတော့ ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရသလို ပွဲပြီးကာနီးက သူ့ရဲ့လွဲချော်မှုဟာလည်း တအံ့တသြဖြစ်ခဲ့ရပါတယ်။ သူဟာ မန်ယူဂိုးသမားဒီဂီယာကိုတောင်လိမ်ခေါက်ပြီးမှ ဘယ်သူမှမရှိတဲ့ဂိုးပေါက်ထဲကန်တာ အံ့အားသင့်ဖွယ်လွဲသွားခဲ့ရတာပါ။

၁၀။ ဖေ်ာလန် – မန်ယူ vs ဂျူဗင်တပ်

ဒီတစ်ခါတော့ ရာသီကြိုပွဲတစ်ခုဖြစ်ပါတယ်။ ၂၀၀၃ နွေရာသီမှာ မန်ယူနဲ့ဂျူဗင်တပ်တို့ ခြေစမ်းခဲ့ကြတာဖြစ်ပြီး အဲဒီတုန်းက မန်ယူတိုက်စစ်မှုးဖော်လန်ဟာ တစ်ဖက်နောက်တန်းနဲ့ဂိုးသမားတို့နားလည်မှုလွဲရာကနေ ဘယ်သူမှမရှိတဲ့ဂိုးပေါက်ထဲကို အနီးကပ်ကန်သွင်းခွင့်ရတာပါ။ ဒါပေမဲ့ မယုံနိုင်စရာကောင်းလောက်အောင်ပဲ လွဲသွားခဲ့ပါတယ်။

၉။ ဗန်ဗော့ဆန် – ရိန်းဂျား vs ဆဲလ်တစ်

စကော့တလန်ရဲ့ခါးသီးပြိုင်ဘက်တွေဖြစ်ကြတဲ့ ရိန်းဂျားနဲ့ဆဲလ်တစ်တို့ တစ်ချိန်က ရင်ဆိုင်ခဲ့တဲ့ပွဲမှာ ဖြစ်ပါတယ်။ တန်ပြန်တိုက်စစ်ကနေ ရိန်းဂျားကစားသမားနှစ်ယောက်လွတ်ထွက်သွားပြီး ဂိုးသမားနဲ့အတွေ့ အသင်းဖော်ဂျော့အဲလ်ဗက်က ပိုပိုင်အောင်ဆိုပြီးပေးလိုက်တဲ့ဘောလုံးကို ဗန်ဗော့ဆန်က ဘယ်သူမရှိတဲ့ဂိုးပေါက်ထဲကန်ရာမှာ လွဲသွားခဲ့တာပါ။

၈။ ယွန်းဘတ် – အာာဆင်နယ် vs ဘော်လ်တန်

ဝင်းဂါးရဲ့အာဆင်နယ်ခေတ်ဦးပိုင်း ပွဲစဉ်တစ်ပွဲမှာပါ။ ကွင်းလယ်က ဗီအဲရာဟာ ဘယ်ခြမ်းမှာရှိနေတဲ့ ဘားကမ့်ဆီ လှလှပပပေးပို့လိုက်ပြီး ဘားကမ့်က ပြေးတက်လာတဲ့ပီရက်စ်ဆီထပ်မံချပေးလိုက်ကာ ပီရက်စ်က တစ်နောက်ခံလူကိုခြေယောင်ပြပြီး ယွန်းဘတ်ဆီဖြတ်ပို့ပေးရာမှာ အဲဒီဆွီဒင်သားက ဘယ်သူမှမရှိတဲ့ဂိုးပေါက်ထဲ အနီးကပ်အပိုင်ပိတ်ရပေမယ့် အံ့အားသင့်ဖွယ်ကောင်းအောင်ပဲ သူ့ကန်ချက်က အပေါ်ထောင်တက်သွားပါတယ်။

၇။ ဘလက်ဇီကောစကီး – ဒေါ့မန် vs ဖရိုင်းဘတ်

ကလော့ပ်လက်ထက် ၂၀၁၀ က ဒေါ့မန်ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဖရိုင်းဘတ်နဲ့ပွဲမှာပါ။ ဒေါ့မန်ရဲ့လျှင်မြန်တဲ့တိုက်စစ်ဆင်မှုမှာ လီဝန်ဒေါစကီးဟာ ပင်နယ်တီဧရိယာအပြင်ဘက်ထိထွက်လာတဲ့တစ်ဖက်ဂိုးသမားကြောင့် လွတ်နေတဲ့ဘလက်ဇီကောစကီးဆီ ချပေးလိုက်ပြီး အဲဒီပိုလန်သားက ဘယ်သူမှမရှိတဲ့ဂိုးပေါက်ထဲ တစ်ယောက်တည်းအေးဆေးကန်ရတာဖြစ်ပေမယ့် ဆန္ဒစောသွားတဲ့အတွက် အားပါပြီး ဘောလုံးက ဂိုးဘားတန်ကျော်သွားခဲ့တာပါ။

၆။ ရိုဆန်သယ် – လီဗာပူး vs အက်စ်တွန်ဗီလာ

ပရီးမီးယားလိဂ်သမိုင်းရဲ့အမှတ်ရအကောင်းဆုံးလွဲချော်မှုတစ်ခုက ၁၉၉၂ မှာ ဖြစ်ခဲ့တာပါ။ အက်စ်တွန်ဗီလာနဲ့ပွဲမှာ ဂိုးသမားဒေးဗစ်ဂျိမ်းစ်ရဲ့အမြင့်ဘောပေးပို့မှုကနေ လီဗာပူးတိုက်စစ်မှုးရိုဆန်သယ်ဟာ လွတ်လွတ်ကျွတ်ကျွန်ရသွားပြီး တစ်ဖက်ဂိုးသမားကိုလည်းကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဘယ်သူမှမရှိတဲ့ဂိုးထဲကိုကန်ရာမှာ ဂိုးဘားတန်းထိထွက်သွားခဲ့တာပါ။

၅။ နွမ်ဝိုကနူး – ဝက်စ်ဘရွန်း vs မစ်ဒယ်ဘရော့

ဒီတစ်ခါတော့ အာဆင်နယ်တိုက်စစ်မှုးဟောင်းကနူးရဲ့အဖြစ်ပါ။ ဝက်စ်ဘရွန်းအတွက် ကစားပေးစဉ်ကဖြစ်ပြီး အဲဒီနိုင်ဂျီးရီးယားသားဟာ ဂိုးနဲ့တစ်ကိုက်အကွာကနေ အရမ်းကိုနီးနီးကပ်ကပ်ပိတ်ရတာဖြစ်ပေမယ့် အံ့သြဖွယ်ကောင်းအောင်ပဲ ထိချက်မမှန်ဘဲ ဂိုးပိုက်ပေါ်ရောက်သွားခဲ့တာပါ။ ရူပဗေဒသဘောတရားကို ဆန့်ကျင်တဲ့လွဲချော်မှုမျိုးပါပဲ။

၄။ ဖာဟတ်ခယ်ဖန် – ကာတာ vs ဥဇဘတ်ကစ္စတန်

၂၀၁၀ အာရှအားကစားပွဲတော်ရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ဖြစ်ပါတယ်။ ကာတနဲ့ဥဇဘတ်တို့ မိနစ် ၉၀ အတွင်း ဘဲဥမကွဲလို့ အချိန်ပိုမိနစ် ၃၀ ဆက်ကစားရာမှာ ပွဲအစ ၄၅ စက္ကန့်မှာတင် တစ်ဖက်ဂိုးသမားရဲ့အမှားကနေ ကာတာကစားသမားခယ်ဖန်ဟာ ဘောလုံးရသွားပြီး ပိုပိုင်အောင်ဆိုကာ ဘယ်သူမှမရှိတဲ့ဂိုးပေါက်နားအလယ်အထိ ဆွဲဝင်လာပေမယ့် ကန်ရာမှာတော့ ဂိုးတိုင်ထိထွက်သွားခဲ့တာပါ။ ညာခြေနဲ့ကန်ရမှာကို ဘယ်ခြေနဲ့သွားကန်မိတာပါ။

၃။ အီဝယ်လီမို – စကော့တလန် vs နော်ဝေ

၂၀၀၈ က နော်ဝေနဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲဟာ စကော့တလန်အတွက် တိုက်စစ်မှုးအီဝယ်လီမိုရဲ့ပွဲဦးထွက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူမှမရှိတဲ့ဂိုးကို ၃ ကိုက်အကွာကနေ ပိတ်တာ အံ့သြဖွယ်လွဲချော်ခဲ့လို့ သူ့အတွက် ကံမကောင်းခဲ့ပါဘူး။ အဲဒီပွဲက ဂိုးမရှိသရေနဲ့ပြီးသွားခဲ့တာပါ။

၂။ အာနယ်ဒိုဗီရာ – လီဘာတတ် vs အီမီလက်

တောင်အမေရိကချန်ပီယံလိဂ်လို့ဆိုနိုင်တဲ့ ကိုပါလီဘာတာဒိုးပြိုင်ပွဲရဲ့သမိုင်းတစ်လျှောက်အဆိုးဆုံးလွဲချော်မှုက ၂၀၀၃ က လီဘာတတ်နဲ့အီမီလက်တို့ရဲ့ပွဲမှာ ဖြစ်ခဲ့တာပါ။ အဲဒီပွဲမှာ လီဘာတတ်ဟာ ဂိုးပြတ်နိုင်ခဲ့ပေမယ့် သူတို့အသင်းနောက်ခံလူအာနယ်ဒိုဗီရာကတော့ ဘယ်သူမှမရှိတဲ့ဂိုးပေါက်ထဲ တစ်ကိုက်အကွာကပိတ်ရတာကို ဂိုးဘားတန်းထိခဲ့လို့ ရှော့ခ်ရစရာလွဲချော်မှုတစ်ခုပါပဲ။

၁။ ယာကူဘူ – နိုင်ဂျီးရီးယား vs တောင်ကိုရီးယား

ပရီးမီးယားလိဂ်ကစားသမားဟောင်းယာကူဘူဟာ နိုင်ငံအသင်းနိုင်ဂျီးရီးယားအတွက် ၂၁ ဂိုးသွင်းပေးခဲ့ပေမယ့် အမှန်တော့ ၂၂ ဂိုးဖြစ်သင့်တာပါ။ တောင်ကိုရီးယားနဲ့တွေ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ သူဟာ ဂိုးစည်းနဲ့ ၃ ကိုက်အကွာကနေ ဘယ်သူမှမရှိတဲ့ဂိုးထဲကန်ရပေမယ့် ဘေးထွက်သွားခဲ့တာပါ။ သူ့ရဲ့ဒီလွဲချော်မှုဟာ ပေးဆပ်မှုကြီးမားခဲ့ပြီး နိုင်ဂျီးရီးယားဟာ အဲဒီပြိုင်ပွဲမှာ အုပ်စုဘိတ်ဆုံးအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။

 

 
