သမိုင်းတစ်လျှောက် ဂိုးသမားတွေသွင်းတဲ့ အကောင်းဆုံး ၁၀ ဂိုး

0
231

အားလုံးပဲ မင်္ဂလာပါ။ M Diary channel ကနေ ပြန်လည်ကြိုဆိုပါတယ်။ အခုတစ်ခေါက်မှာတော့ သမိုင်းတစ်လျှောက် ဂိုးသမားတွေသွင်းတဲ့ အကောင်းဆုံး ၁၀ ဂိုးဆိုတဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့အားပေးနေကြတဲ့ဘောလုံးပွဲတွေမှာ ဂိုးသမားတစ်ယောက်က ဂိုးတက်သွင်းတယ်ဆိုတာ တကယ့်ကို ကြုံတောင့်ကြုံခဲပါ။ အများစုက အရမ်းကိုအရေးကြုံတဲ့အခြေအနေဖြစ်တဲ့ ပွဲပြီးကာနီးတွေမှာ တည်ကန်ဘောတွေကနေ ဂိုးသွင်းတက်ကြပေမယ့် ချီလာဗက်တိုလို ဖရီးကစ်အကန်ကောင်းတဲ့ဂိုးသမားတွေလည်း ရှိနေကြပါတယ်။ အဲဒီထဲကမှ အကောင်းဆုံးဂိုးတွေကို ရွေးချယ်တင်ဆက်ပေးသွားမှာပါ။

၁၀။ တင်ဟောင်းဝပ် – အဲဗာတန် vs ဘော်လ်တန်

ပရီးမီးယားလိဂ်က ဂိုးသမားသမားတစ်ယောက်ရဲ့ကြံကြံဖန်ဖန်သွင်းဂိုးပါပဲ။ ၂၀၁၂ က အဲဗာတန်-ဘော်လ်တန်ပွဲစဉ်မှာ အဲဗာတန်ဂိုးသမားတင်ဟောင်းဝပ်ဟာ သူ့ပြန်ပေးတဲ့ဘောလုံးကို ရှင်းထုတ်တဲ့အနေနဲ့ ကန်တင်လိုက်ရာမှာ တစ်ချက်ထောက်ပြီး ဘော်လ်တန်ဂိုးသမားကိုကျော်ကာ ဂိုးထဲတန်းဝင်သွားပါတယ်။ အဲဒီအချိန်ဘော်လ်တန်ဂိုးဘက်ခြမ်းကို လေအရမ်းတိုက်နေလို့လည်း အခုလိုဂိုးဝင်သွားတာဖြစ်ကာ တင်ဟောင်းဝပ်ရဲ့ပရော်ဖက်ရှင်နယ်ဘ၀ ပထမဆုံးသွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

၉။ ရော်ဂျာရီယိုဆန်နီ – ဆော်ပေါ်လို vs ကိုရင်သီယန်

ဘရာဇီးသားဂိုးသမားဟောင်းရော်ဂျာရီယိုဆန်နီဟာ သူ့ရဲ့ကစားသမားဘဝမှာ တိုက်စစ်မှုးအတော်များများထက်ကို ဂိုးပိုသွင်းနိုင်ခဲ့ပါတယ်။ သူ့သွင်းခဲ့တဲ့ဂိုးတွေထဲ အကောင်းဆုံးဂိုးကလည်း သူ့ရဲ့ရာပြည့်ဂိုးဖြစ်နေပါတယ်။ အဓိကပြိုင်ဘက်ကိုရင်သီယန်နဲ့တွေ့တဲ့ပွဲမှာ ဆန်နီရဲ့ဖရီးကစ်တိုက်ရိုက်ကန်သွင်းချက်ဟာ လှလှပပဂိုးဝင်သွားခဲ့ပြီး အဲဒီအတွက် ဆန်နီတစ်ယောက် အင်္ကျီချွန်အောင်ပွဲခံခဲ့ပါတယ်။

၈။ ဟန်ဂျော့ဘတ် – လေဗာကူဆင် vs ရှော်ကေး

သာမန်သွင်းယူမှုတစ်ခုပါပဲ။ လေဗာကူဆင်ဂိုးသမားဟန်ဂျော့ဘတ်ဟာ သူ့ကစားသမားဘဝရဲ့ပင်နယ်တီသွင်းဂိုးမာျးစွာထဲက တစ်ဂိုးကို ရှော်ကေးနဲ့ပွဲမှာ သွင်းခဲ့တာပါ။ ဒါပေမဲ့ အဲဒီဂိုးအတွက် အောင်ပွဲခံလို့မဆုံးဖြစ်ခဲ့ပြီး နောက်ဆက်တွဲအကျိုးဆက်ကတော့ သူ့ဂိုးဆီပြန်မရောက်ခင်မှာပဲ ရှော်ကေးက စပေးဘောအလျှင်အမြန်လုပ်ပြီး ကွင်းလယ်စက်ဝိုင်းကနေပဲ ချက်ချင်းဂိုးပြန်သွင်းသွားခဲ့တာပါ။

၇။ ပီတာရှမိုက်တယ် – မန်ယူ vs ဗိုလ်ဂိုဂရတ်

မန်ယူဟာ ယူအီးအက်ဖ်အေဖလားအိမ်ကွင်းပွဲအဖြစ် ရုရှားကလပ်နဲ့ကစားခဲ့တာပါ။ အဲဒီမှာ နောက်တစ်ဆင့်တက်ဖို့အတွက် သူတို့ဟာ နောက်ကျသွင်းဂိုး ၂ ဂိုးလိုအပ်ခဲ့ပြီး ၁ ဂိုးတော့ရအောင်သွင်းနိုင်ခဲ့ပါတယ်။ ရွိုင်ယန်ဂစ်တင်ပေးတဲ့ထောင့်ကန်ဘောကနေ ဂန္ထဝင်ဂိုးသမားကြီးပီတာရှမိုက်ကယ်က ခေါင်းတိုက်သွင်းသွားခဲ့တာပါ။

၆။ မတ်ပွန်း – ဆန်ဒါးလန် vs ဒါဘီ

၂၀၀၃ က ချန်ပီယံရှစ်ပွဲစဉ်မှာဖြစ်ပြီး သူ့အသင်းဟောင်းဒါဘီနဲ့တွေ့တဲ့ပွဲမှာ ဂိုးသမားမက်ပွန်းဟာ နာကျင်အချိန်ပိုအရောက် ဆန်ဒါးလန်းအတွက် နောက်ကျချေပဂိုးကို ထောင့်ကန်ဘောကနေ အပြင်းခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မတ်ပွန်းဟာ ဒါဘီမှာတုန်းက ပရိသတ်ရဲ့ဖေးဘရိတ်ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။

၅။ ဟီဂွီတာ – နာစီယွန်နယ် vs ရေးဗားပလိတ်

ကိုလံဘီယားသားဂိုးသမားဟီဂွီတာဟာ သူ့ရဲ့ရူးသွပ်ဖွယ်အလိမ်အခေါက်၊ စကော်ပီယံကစ်တွေနဲ့  နာမည်ကြီးပေမယ့် ရေးဗားပလိတ်နဲ့ပွဲက သူ့ရဲ့ဖရီးကစ်ကန်သွင်းချက်ကတော့ တိကျလှပခဲ့ပါတယ်။ ဘောလုံးက ဂိုးဘားတန်းအောက်ခြေနဲ့ထိပြီး ဂိုးထဲဝင်သွားခဲ့တာပါ။ ဘောလုံး ဂိုးထဲမဝင်ခင်ကတည်းက ဟီဂွီတာဟာ သူ့ဂိုးဘက်ကို ပြန်ပြေးနေပါပြီ။

၄။ ချီလာဗတ် – ဗယ်လက်ဆာဖီးလ် vs ရေးဗားပလိတ်

ချီလာဗက်ဟာ သူ့ကစားသမားဘဝမှာ ဂိုးပေါင်း ၆၀ ကျော်သွင်းခဲ့ပြီး အထူးသဖြင့် နိုင်ငံအသင်းအတွက် ပါရာဂွေးအတွက် ကစားပေးပြီဆိုရင် စိတ်လှုပ်ရှားရာတွေ သိပ်လုပ်တဲ့ဂိုးသမားပါ။ ဒါပေမဲ့ ရေးဗားပလိတ်နဲ့တွေ့တဲ့ပွဲမှာ သူသွင်းခဲ့တဲ့ဂိုးကတော့ အတော်လေးကို ထူးခြားသွားခဲ့ပြီး ကိုယ့်ကွင်းဘက်ခြမ်းမှာရတဲ့ပြစ်ဒဏ်ဘောကို ကန်ရာမှာ တစ်ဖက်အသင်းဂိုးပေါက်ထဲ တန်းဝင်သွားခဲ့တာပါ။

၃။ အလီအာမာဒါ – တူးလော့စ် vs ရန်းနက်စ်

ဂိုးသမားတွေသွင်းတဲ့ဖရီးကစ်ဂိုးတွေ၊ အဝေးကန်ချက်ဂိုးတွေဆိုတာ ပေါပေါလောလောရှာကြည့်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ဖြတ်တင်ဘောရဲ့အဆုံးသတ် တစ်ဖက်ဂိုးသမားနဲ့ထိပ်တိုက်အတွေ့မှာ ဂိုးသွင်းနိုင်တယ်ဆိုတာ မရှိသလောက်ပါပဲ။ အထူးသဖြင့် နာကျင်အချိန်ပိုမှာပေါ့။ ၂၀၁၂ က ရန်းနက်စ်နဲ့ပွဲမှာ ဂိုးသမားအလီမာဒါဟာ တူးလော့စ်အတွက် ၂-၂ သရေဖြစ်စေမယ့်ချေပဂိုးကို နောက်ပြန်ခေါင်းတိုက်ပြီးတောင် သွင်းသွားခဲ့တာပါ။

၂။ တိုလိုဘာစီလို – အယ်ကူဒီယာ vs မာယော့ကာ(ဘီ)

ဂိုးသမားတွေသွင်းတဲ့ဂိုးတွေထဲမှာ ရင်သပ်ရှုမောစရာအကောင်းဆုံးဂိုးက စပိန်ကလာတာပါ။ စပိန်အောက်တန်းပွဲစဉ်တစ်ပွဲမှာဖြစ်ပြီး မာယော့ကာ(ဘီ)အသင်းကို ၁-၀ ဂိုးနဲ့ရှုံးနေချိန် ဂိုးသမားတိုလိုဘာစီလိုကြောင့် အယ်ကူဒီယာဟာ ချေပဂိုးရသွားခဲ့တာပါ။ ဖရီးကစ်ဖြတ်တင်ဘောကတစ်ဆင့် ကျလာတဲ့ဘောလုံးကို တိုလိုဘာစီလိုက နောက်ပြန်ကန်သွင်းခဲ့တာပါ။ ကျွန်တော်တို့လုံးဝမတွေ့ဖူးသေးတဲ့ ဂိုးတစ်ဂိုးပါပဲ။

၁။ ဂျင်မီဂလက်စ် – ကာလစ်စလီ vs ပလိုင်းမောက်

ဒီဂိုးက နံပါတ် ၁ ထားရလောက်အောင် ပြဇာတ်ဆန်ခဲ့လို့ပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကဖြစ်ပြီး အင်္ဂလန်စတုတ္ထတန်းက ပလိုင်းမောက်နဲ့ရာသီအဆုံးသတ်ပွဲမှာ ကာလစ်စလီဟာ တန်းမဆင်းရရေး အနိုင်ရဖို့လိုအပ်ခဲ့တာပါ။ ၁-၁ ဖြစ်နေချိန် ပွဲပြီးဖို့ ၁၀ စက္ကန့်သာလိုတော့တဲ့အချိန်မှာ ထောင့်ကန်ဘောရပြီး အဲဒီက ခေါင်းတိုက်ပြန်ထွက်လာတဲ့ဘောလုံးကို ဂိုးသမားဂျင်မီဂလက်စ်က ရှုပ်ယှက်ခပ်နေတဲ့ကြားကပဲ အနီးကပ်ကန်သွင်းသွားခဲ့တာပါ။ အဲဒီပွဲက နောက်ဆုံးကန်ချက်ဂိုးနဲ့ပဲ ကာလစ်စလီဟာ တန်းဆင်းရမယ့်အရေးကနေ ကပ်သီးလေးရှောင်လွှဲနိုင်ခဲ့တာပါ။ အဲဒီနောက် ပွဲကြည့်စင်ပေါ်က ပရိသတ်တွေဟာ ကွင်းထဲကို ပြေးဆင်းလာကြပါတယ်။

 
