ရုတ်တရက် လေဖြတ်မှုကြောင့် ရော်နယ်ဒိုရဲ့မိခင်ဖြစ်သူ အရေးပေါ်ဆေးရုံတင်ခဲ့ရ

0
148

Photo Credit

Photo Credit

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့မိခင်ဖြစ်သူဟာ ရုတ်တရက်လေဖြတ်မှုကြောင့် ဆေးရုံကို အရေးပေါ်တက်ရောက်ကုသမှုခံယူနေရကြောင်း သိရပါတယ်။ ရော်နယ်ဒိုရဲ့မိခင်ဖြစ်သူဟာ ဒေသစံတော်ချိန် ယနေ့နံနက် ၅ နာရီမှာ ဒေါက်တာနီလီယိုမန်ဒွန်ကာဆေးရုံကို အရေးပေါ်တက်ရောက်ခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုလည်း မိခင်ဖြစ်သူရှိရာ မာဒိုင်ရာကျွန်းဆီ သွားရောက်ခဲ့ပါတယ်။

Photo Credit

ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ ဒိုလိုရက်စ်ရဲ့ကျန်းမာရေးအခြေအနေက သတိလစ်ခြင်းမရှိဘဲ အခြေအနေတည်ငြိမ်နေကြောင်း သိရပါတယ်။ သူ့ရဲ့ကျန်းမာရေးအခြေအနေကို အတိအကျသိရှိနိုင်ရေးအတွက် လာမယ့်နာရီပိုင်းအတွင်း အသေးစိတ်စမ်းသပ်စစ်ဆေးမှုတွေ ထပ်မံပြုလုပ်မှာဖြစ်ပါတယ်။

Photo Credit

ဒိုလိုရက်စ်ဟာ ယမန်နှစ်ကလည်း ကင်ဆာရောဂါအသစ် ထပ်ဖြစ်ခဲ့ပြီးနောက် ကင်ဆာရောဂါနဲ့ တိုက်ပွဲဝင်နေရတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်က ရင်သားကင်ဆာခံစားခဲ့ရပေမယ့် ရောဂါအရှင်းပျောက်ကင်းခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ”ကျွန်မဟာ နောက်ထပ်ရင်သားကို မက်ဒရစ်မှာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ဓာတ်လည်း ကင်နေရပါတယ်။ အခုတော့ လူ့လောကကြီးထဲကနေ မထွက်ခွာရဖို့ တိုက်ပွဲဝင်နေရပါတယ်”လို့ ဒိုလိုရက်စ်က ပြောကြားခဲ့ပါတယ်။

Photo Credit

ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ ဒိုလိုရက်စ်ဟာ လေဖြတ်မှုရဲ့အဖြစ်များဆုံးအမျိုးအစားဖြစ်တဲ့ သွေးခဲမှုကြောင့် ဦးနှောက်တွင်းရှိ သွေးကြောကို သွေးလည်ပတ်မှုပိတ်ဆိုသွားတဲ့ ရောဂါ ခံစားခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

Photo Credit

ရော်နယ်ဒိုရဲ့အသင်းဟောင်း စပို့တင်းလစ္စဘွန်းက ဒိုလိုရက်စ် အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ ဆုတောင်းခဲ့ပါတယ်။ အသက် ၆၅ နှစ်အရွယ်ရှိ ကလေး ၄ယောက်မိခင် ဒိုလိုရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းဖောင်ဒေးရှင်းရဲ့သံတမန်အဖြစ်လည်း ဆောင်ရွက်နေပါတယ်။

Photo Credit

ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်တုန်းက မိခင်ဖြစ်သူရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ဆေးရုံမှာ ကင်ဆာရောဂါကုသရေးစင်တာ ဆောက်လုပ်နိုင်ရေးအတွက် ပေါင် ၁၀၀၀၀၀ လှူဒါန်းခဲ့ဖူးပါတယ်။

Photo Credit

Zawgyi

႐ုတ္တရက္ ေလျဖတ္မႈေၾကာင့္ ေရာ္နယ္ဒိုရဲ႕မိခင္ျဖစ္သူ အေရးေပၚေဆး႐ုံတင္ခဲ့ရ

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုရဲ႕မိခင္ျဖစ္သူဟာ ႐ုတ္တရက္ေလျဖတ္မႈေၾကာင့္ ေဆး႐ုံကို အေရးေပၚတက္ေရာက္ကုသမႈခံယူေနရေၾကာင္း သိရပါတယ္။ ေရာ္နယ္ဒိုရဲ႕မိခင္ျဖစ္သူဟာ ေဒသစံေတာ္ခ်ိန္ ယေန႔နံနက္ ၅ နာရီမွာ ေဒါက္တာနီလီယိုမန္ဒြန္ကာေဆး႐ုံကို အေရးေပၚတက္ေရာက္ခဲ့ရတာျဖစ္ၿပီး ေရာ္နယ္ဒိုလည္း မိခင္ျဖစ္သူရိွရာ မာဒိုင္ရာကၽြန္းဆီ သြားေရာက္ခဲ့ပါတယ္။
ေဒသတြင္းမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ ဒိုလုိရက္စ္ရဲ႕က်န္းမာေရးအေျခအေနက သတိလစ္ျခင္းမရွိဘဲ အေျခအေနတည္ၿငိမ္ေနေၾကာင္း သိရပါတယ္။ သူ႕ရဲ႕က်န္းမာေရးအေျခအေနကို အတိအက်သိရွိႏိုင္ေရးအတြက္ လာမယ့္နာရီပိုင္းအတြင္း အေသးစိတ္စမ္းသပ္စစ္ေဆးမႈေတြ ထပ္မံျပဳလုပ္မွာျဖစ္ပါတယ္။
ဒိုလုိရက္စ္ဟာ ယမန္ႏွစ္ကလည္း ကင္ဆာေရာဂါအသစ္ ထပ္ျဖစ္ခဲ့ၿပီးေနာက္ ကင္ဆာေရာဂါနဲ႔ တုိက္ပြဲ၀င္ေနရတယ္လုိ႔ ၀န္ခံခဲ့ပါတယ္။ သူဟာ ၂၀၀၇ ခုႏွစ္က ရင္သားကင္ဆာခံစားခဲ့ရေပမယ့္ ေရာဂါအရွင္းေပ်ာက္ကင္းခဲ့ပါတယ္။
ဒါေပမဲ့ ၿပီးခဲ့တဲ့ႏွစ္က ”ကၽြန္မဟာ ေနာက္ထပ္ရင္သားကို မက္ဒရစ္မွာ ခြဲစိတ္ကုသမႈခံယူခဲ့ရၿပီး ဓာတ္လည္း ကင္ေနရပါတယ္။ အခုေတာ့ လူ႕ေလာကႀကီးထဲကေန မထြက္ခြာရဖို႔ တုိက္ပြဲ၀င္ေနရပါတယ္”လုိ႔ ဒိုလုိရက္စ္က ေျပာၾကားခဲ့ပါတယ္။
ေဒသတြင္းမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ ဒိုလုိရက္စ္ဟာ ေလျဖတ္မႈရဲ႕အျဖစ္မ်ားဆုံးအမ်ိဳးအစားျဖစ္တဲ့ ေသြးခဲမႈေၾကာင့္ ဦးေႏွာက္တြင္းရွိ ေသြးေၾကာကို ေသြးလည္ပတ္မႈပိတ္ဆိုသြားတဲ့ ေရာဂါ ခံစားခဲ့ရတာျဖစ္ေၾကာင္း သိရပါတယ္။
ေရာ္နယ္ဒိုရဲ႕အသင္းေဟာင္း စပုိ႔တင္းလစၥဘြန္းက ဒိုလုိရက္စ္ အျမန္ဆုံးသက္သာေပ်ာက္ကင္းေစဖုိ႔ ဆုေတာင္းခဲ့ပါတယ္။ အသက္ ၆၅ ႏွစ္အရြယ္ရိွ ကေလး ၄ေယာက္မိခင္ ဒိုလုိရက္စ္ဟာ စပို႔တင္းလစၥဘြန္းအသင္းေဖာင္ေဒးရွင္းရဲ႕သံတမန္အျဖစ္လည္း ေဆာင္ရြက္ေနပါတယ္။
ေရာ္နယ္ဒိုဟာ ၂၀၀၉ ခုႏွစ္တုန္းက မိခင္ျဖစ္သူရဲ႕အသက္ကုိ ကယ္တင္ေပးခဲ့တဲ့ ေဆး႐ုံမွာ ကင္ဆာေရာဂါကုသေရးစင္တာ ေဆာက္လုပ္ႏိုင္ေရးအတြက္ ေပါင္ ၁၀၀၀၀၀ လွဴဒါန္းခဲ့ဖူးပါတယ္။