စာချုပ်သက်တမ်းတိုးမြှင့်ခံရပြီးနောက် တာဟစ်ချောင်ရဲ့ပြောစကားများ…….
0
700
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ယူနိုက်တက်ရဲ့တောင်ပံကစားသမား တာဟစ်ချောင်ဟာတစ်ပတ်လစာပေါင် ၃၀၀၀၀ နဲ့ စာချုပ်သစ်လက်မှတ်ရေးထိုးလိုက်ပါပြီ။ အသက် ၂၀ သာရှိသေးတဲ့ တာဟစ်ချောင်ဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူလည်းဖြစ်ပါတယ်။သူ့ကိုအင်တာမီလန်အသင်းကခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး အစောပိုင်းမှာစာချုပ်သစ်လက်မှတ်ထိုးဖို့အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း ၂၀၂၂ အထိစာချုပ်သစ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
photo internet
သူဟာနယ်သာလန်ယူ-၂၁ လက်ရွေးစင်တစ်ဦးလည်းဖြစ်ပြီး ဥရောပရဲ့တောက်ပလာမယ့် လူငယ်တွေထဲက တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ အခု အချိန် အထိ တော့ တာဟစ်ချောင် ဟာ ယူနိုက်တက် စီနီယာ အသင်း အတွက် 14 ကြိမ် အထိ ပါဝင် ကစား ပေးခွင့် ရထားခဲ့ပေမယ့် အခုထိ တော့ သူဟာ ထူးကဲ လှတဲ့ စွမ်းဆောင်ရည် တွေကို ကွင်းထဲ မှာ မပြသ နိုင်ခဲ့သေး ပါဘူး ။ ဒါပေမယ့် သူဟာ ဒီ ရာသီ အတွင်း နည်းပြဆိုးလ်ရှား ရွေးချယ်တဲ့ အရံ ကစားသမား စာရင်း မှာ အမြဲလို ပါဝင် နိုင်ခဲ့ ပါတယ် ။စာချုပ် အသစ်ချုပ်ဆိုပြီးနောက် တာဟစ်ချောင် ပြောကြားထားတဲ့ ဝမ်းသာပီတိ စကားသံတွေကိုတင်ဆက်ပေး လိုက်ပါတယ်။
” ယူနိုက်တက်မှာဆက်ရှိနေရတာဟာကျွန်တော့် အတွက်တော့ အဓိပ္ပါယ် ပြည့်စုံ လေးနက်လွန်း ပါတယ် ။ လူငယ် ကစားသမားလေး တစ်ဦး အဖြစ်နဲ့ ယူနိုက်တက် ဆီ ရောက်ရှိ လာခဲ့တာဟာ ကျွန်တော့်အိပ်မက်တွေအမှန်တကယ်အကောင်အထည်ဖော်လာနိုင်ခဲ့တာဖြစ်ပါတယ်။
photo internet
ဒီလို အံ့ဖွယ် ကောင်းလွန်းတဲ့ အသင်း ကြီး အတွက် ကစား ပေးဖို့ ၊ ဒီမှာ ဆက်ရှိ နေဖို့ အတွက် ကျွန်တော် ဟာ ဆက်လက် တိုးတက် ကောင်းမွန်ဖို့ ၊ အလုပ်တွေ ကြိုးစား ပြနိုင်ဖို့ လိုအပ် နေပါ သေးတယ် ။ ဒီ ဘောလုံး ရာသီ အတွင်း မှာတော့ ကျွန်တော် ဟာ ဘောလုံး အားကစား အတော်လေး အာရုံစိုက် ခဲ့တယ်လို့ ထင်ပါတယ် ။ ဘယ်လို အနေအထား တွေပဲ ကြုံတွေ့ နေရ ပါစေ ၊ အဲ့တာ တွေကို ဘေးဖယ် ထားပြီး ဘောလုံး အပေါ် အာရုံစိုက် နေဖို့ပဲ လိုအပ် ပါတယ် ။ နောက်ဆုံးမှာ အရာရာ တိုင်းကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဆောင် နိုင်မယ် ဆိုရင်တော့ အဲ့တာ က အကောင်းဆုံး ပါပဲ ။ ကျွန်တော် ဟာ အလုပ် ကြိုးစားတဲ့အပေါ်မူတည်ပြီး အခွင့်အရေး ရမယ် ဆိုတဲ့ အသင်း မျိုးမှာ ရှိနေ ရသူ တစ်ဦး ပါ ။ အခွင့်အရေး ကို ရယူ နိုင်ရေး ဆိုတာ ကျွန်တော့် တို့ အတွက် အရေး အကြီးဆုံး ပါပဲ ။ ကျွန်တော် တို့ အသင်း မှာ လူငယ်တွေ အပေါ် ယုံကြည်မုှ ပေးတဲ့ နည်းပြ ရှိနေ ပါတယ် ။ အဲ့တာက ကျွန်တော် တု့ိ လူငယ် အားလုံး အတွက် စိတ်လှုပ်ရှား စရာ အကြောင်း အရာ တစ်ခု ပါပဲ ။ ကျွန်တော် ဟာ အကောင်းဆုံး ဖြစ်နိုင်ဖို့ အတွက် ဘာတွေ လုပ်ဆောင် ရမလဲ ဆိုတာ တွေကို ကောင်းကောင်း သိရှိ နိုင်ဖို့ မန်နေဂျာ ၊ စီနီယာ ကစားသမား တွေနဲ့ စကား ပြောဖြစ် ပါတယ် ။ အသင်း မှာက စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ စီမံကိန်း တစ်ခု ရှိနေ တယ်လေ ။ ဒါ့ကြောင့် နောက် ရာသီ မှာ ဘာတွေ ဖြစ်လာ နိုင်မလဲ ဆိုတာ ရင်ခုန် ချင်စရာ အကြောင်းအရာ တစ်ခု ပါပဲ ။
photo internet
ယူနိုက်တက်အသင်းဟာအခုအခါမှာ လူငယ် ကစားသမား တွေ အတွက် ကောင်းမွန် လှတဲ့ အခွင့်အလမ်း တွေကို ပေးထားပါတယ် ။ ဒီအသင်းဟာ ဟိုး အရင် ထဲက လူငယ် ကစားသမား လေးတွေ ကို နေရာ ပေးခဲ့တဲ့ အသင်း တစ်သင်း ပါ ။ ဒါပေမယ့် လက်ရှိ ဘောလုံး ရာသီ အတွင်း နည်းပြ ဖြစ်သူ ရဲ့ လူငယ် ကစားသမား လေးတွေ အပေါ် ထားရှိတဲ့ ယုံကြည်မှု က တကယ့်ကို ထူးခြား လှ ပါတယ် ။ အသင်း ရဲ့ လေ့ျကျင့်ရေး အစီအစဉ် တွေမှာပဲ ဖြစ်ဖြစ် ၊ U 23 အသင်း မှာ ကစား ပေးခဲ့ တုန်းကပဲ ဖြစ်ဖြစ် ၊ ကျွန်တော် ဟာ ကစားသမား တစ်ဦး အဖြစ် အမြဲလို တိုးတက် ကောင်းမွန် လိုခဲ့သူ တစ်ဦး ဖြစ်ခဲ့ပြီး စွမ်းဆောင်နိုင် သမျှ ကြိုးစား အားထုတ်ရင်း နဲ့ အသင်း ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လိုခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ အများကြီး တိုးတက် ကောင်းမွန်ဖို့ လိုအပ် နေသေးတယ် ဆိုတာ သိ ပါတယ် ။
photo internet
အသင်းဖော်တိုင်း ကလည်း ကျွန်တော် တိုးတက် လာဖို့ တတ်နိုင်တဲ့ ဖက်က ကူညီ ပေးနေကြ ပါတယ် ။ နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ် နှစ်ပွဲ တုန်းက ဆိုရင် ကျွန်တော် ဟာ သူတို့ တွေရဲ့ ကူညီ ပေးမှုကြောင့် ဂိုး ရရှိ နိုင်ဖို့ တောင်မှ အရမ်း နီးစပ် ခဲ့ပါ သေးတယ် ။ အခု ကျွန်တော် အလုပ် ကြိုးစား ရမယ် ၊ အသင်း အတွက် ပါဝင် ကစား ပေးတဲ့ ပွဲမှာ အကောင်းဆုံး ကူညီ ပေးနိုင် ရမယ် ဆိုတာ သိပါတယ် ။” ဆိုပြီး တာဟစ်ချောင် ကပြောပါတယ်။
photo internet
ယူနိုက်တက်ကတာဝန်ရှိသူတွေရဲ့ဆုံးဖြတ်ချက်ချလုပ်ဆောင်မှု၊တာဟစ်ချောင်ရဲ့ကြိုးစားမှုတွေဟာ ဘယ်လိုဘယ်ပုံဖြစ်လာမလဲဆိုတာ အနာဂတ်မှာမြင်တွေ့ရပါတော့မယ်။
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)