အင်္ဂလန်လန်မှာ ပွဲ ၅၀၀ ပြည့်မှတ်တမ်းကိုရရှိသွားတဲ့ မန်ယူဂန္ထဝင် ဝိန်းရူနီ

0
644
Photo - Internet
Photo – Internet

ဒါဘီအသင်းတိုက်စစ်မှူး ဝိန်းရူနီဟာ ဖူလ်ဟမ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာပါဝင်ကစားခဲ့ပြီးနောက် အင်္ဂလန်ရဲ့လိဂ်ပြိုင်ပွဲတွေမှာပွဲ ၅၀၀ ပြည့်ခဲ့တဲ့ မှတ်တမ်းကိုရရှိသွားခဲ့တယ်လို့ သိရပါတယ်။ အဲဗာတန်နဲ့ မန်ယူတို့ရဲ့ဂန္ထဝင်ဖြစ်တဲ့ ရူနီဟာ ဒီပွဲမှာသူ့ကစားသမားဘဝရဲ့ ပထမဆုံး Panenka ပုံစံပင်နယ်တီကို ကန်သွင်းပြီး ဒါဘီအတွက် ဂိုးရယူပေးခဲ့ပါသေးတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရူနီဟာအင်္ဂလန်လက်ရွေးစင်ဟောင်းလည်းဖြစ်ပြီး အင်္ဂလန်အသင်းအတွက် ၅၃ ဂိုးသွင်းယူကာ လက်ရွေးစင်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူအဖြစ်လည်း ရပ်တည်နေပါတယ်။ အသက် ၁၆ နှစ်ကတည်းက အဲဗာတန်နဲ့အတူ ပရီးမီးယားလိဂ်မှာပွဲထွက်ခဲ့တဲ့ ရူနီဟာ ကစားသမားနည်းပြအဖြစ် ဒါဘီမှာရှိနေတာဖြစ်ပါတယ်။

Photo – Internet

ပွဲအပြီးမှာရူနီက”ပင်နယ်တီကန်ကာနီးတိုင်း ကျွန်တော်စိတ်လှုပ်ရှားလေ့ရှိပါတယ်။ ဒီလို Panenka ပုံစံမျိုးကိုကျွန်တော်အရင်က မကန်ခဲ့ဘူးပါဘူး။ ကျွန်တော့်ရဲ့ပင်နယ်တီကန်ပုံကို ပြိုင်ဘက်ဂိုးသမားလေ့လာထားမယ်ဆိုတာ သိခဲ့လို့ မတူညီတဲ့ပုံစံနဲ့ ကန်သွင်းဖို့ဆုံးဖြတ်လိုက်တာပါ။ ဂိုးဝင်သွားတဲ့အတွက်လည်း ကျေနပ်ရပါတယ်” လို့ပြောသွားပါတယ်။

Photo – Internet

ရူနီဟာအဲဗာတန်မှာ ကစားသမားဘဝစတင်ခဲ့သူဖြစ်ပြီးပရီးမီးယားလိဂ် ၆၇ ပွဲကစားပြီးနောက် မန်ယူကိုပြောင်းသွားတာဖြစ်ပါတယ်။ သူဟာမန်ယူမှာ ပရီးမီးယားလိဂ် ၃၉၃ ပွဲ၊ အဲဗာတန်ကိုနောက်တစ်ကျော့ပြန်ရောက်ပြီးနောက် ၃၁ ပွဲ၊ ဒါဘီအတွက် ချန်ပီယံရှစ်မှာ ၉ ပွဲကစားပြီးပွဲ ၅၀၀ ပြည့်ခဲ့သူဖြစ်ပါတယ်။

Photo – Internet

သူဟာမန်ယူအသင်းနဲ့အတူအောင်မြင်မှုအများအပြားရရှိခဲ့ပြီး ပရီးမီးယားလိဂ် ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၃ ကြိမ်တို့ကိုဆွတ်ခူးခဲ့သူဖြစ်ပါတယ်။ အခုလိုပွဲ ၅၀၀ ပြည့်ခဲ့ပေမယ့် နောက်ထပ်ပွဲအများကြီးဆက်ကစားဖို့ သူရည်မှန်းထားတယ်လို့ ရူနီကဆိုခဲ့ပါတယ်။

Photo – Internet

Zawgyi

အဂၤလန္လန္မွာ ပြဲ ၅၀၀ ျပည့္မွတ္တမ္းကိုရရွိသြားတဲ႔ မန္ယူဂႏၳ၀င္ ၀ိန္းရူနီ

ဒါဘီအသင္းတိုက္စစ္မွဴး ၀ိန္းရူနီဟာ ဖူလ္ဟမ္နဲ႔ ၁-၁ သေရက်ခဲ့တဲ႔ပြဲမွာပါ၀င္ကစားခဲ့ၿပီးေနာက္ အဂၤလန္ရဲ႕လိဂ္ၿပိဳင္ပြဲေတြမွာပြဲ ၅၀၀ ျပည့္ခဲ့တဲ႔ မွတ္တမ္းကိုရရွိသြားခဲ့တယ္လို႔ သိရပါတယ္။ အဲဗာတန္နဲ႔ မန္ယူတို႔ရဲ႕ဂႏၳ၀င္ျဖစ္တဲ႔ ရူနီဟာ ဒီပြဲမွာသူ႔ကစားသမားဘ၀ရဲ႕ ပထမဆုံး Panenka ပံုစံပင္နယ္တီကို ကန္သြင္းၿပီး ဒါဘီအတြက္ ဂိုးရယူေပးခဲ့ပါေသးတယ္။

အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ႔ ရူနီဟာအဂၤလန္လက္ေရြးစင္ေဟာင္းလည္းျဖစ္ၿပီး အဂၤလန္အသင္းအတြက္ ၅၃ ဂိုးသြင္းယူကာ လက္ေရြးစင္သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္လည္း ရပ္တည္ေနပါတယ္။ အသက္ ၁၆ ႏွစ္ကတည္းက အဲဗာတန္နဲ႔အတူ ပရီးမီးယားလိဂ္မွာပြဲထြက္ခဲ့တဲ႔ ရူနီဟာ ကစားသမားနည္းျပအျဖစ္ ဒါဘီမွာရွိေနတာျဖစ္ပါတယ္။

ပြဲအၿပီးမွာရူနီက”ပင္နယ္တီကန္ကာနီးတိုင္း ကြ်န္ေတာ္စိတ္လႈပ္ရွားေလ႔ရွိပါတယ္။ ဒီလို Panenka ပုံစံမ်ဳိးကိုက်ြန္ေတာ္အရင္က မကန္ခဲ့ဘူးပါဘူး။ က်ြန္ေတာ္႔ရဲ႔ပင္နယ္တီကန္ပုံကို ၿပိဳင္ဘက္ဂိုးသမားေလ႔လာထားမယ္ဆိုတာ သိခဲ့လို႔ မတူညီတဲ႔ပုံစံနဲ႔ ကန္သြင္းဖို႔ဆုံးျဖတ္လိုက္တာပါ။ ဂိုး၀င္သြားတဲ႔အတြက္လည္း ေက်နပ္ရပါတယ္” လို႔ေျပာသြားပါတယ္။

ရူနီဟာအဲဗာတန္မွာ ကစားသမားဘ၀စတင္ခဲ့သူျဖစ္ၿပီးပရီးမီးယားလိဂ္ ၆၇ ပြဲကစားၿပီးေနာက္ မန္ယူကိုေျပာင္းသြားတာျဖစ္ပါတယ္။ သူဟာမန္ယူမွာ ပရီးမီးယားလိဂ္ ၃၉၃ ပြဲ၊ အဲဗာတန္ကိုေနာက္တစ္ေက်ာ႔ျပန္ေရာက္ၿပီးေနာက္ ၃၁ ပြဲ၊ ဒါဘီအတြက္ ခ်န္ပီယံရွစ္မွာ ၉ ပြဲကစားၿပီးပြဲ ၅၀၀ ျပည့္ခဲ့သူျဖစ္ပါတယ္။

သူဟာမန္ယူအသင္းနဲ႔အတူေအာင္ျမင္မႈအမ်ားအျပားရရွိခဲ့ၿပီး ပရီးမီးယားလိဂ္ ၅ ႀကိမ္၊ ခ်န္ပီယံလိဂ္ ၁ ႀကိမ္၊ အက္ဖ္ေအဖလား ၁ ႀကိမ္နဲ႔ လိဂ္ဖလား ၃ ႀကိမ္တို႔ကိုဆြတ္ခူးခဲ့သူျဖစ္ပါတယ္။ အခုလိုပြဲ ၅၀၀ ျပည့္ခဲ့ေပမယ္႔ ေနာက္ထပ္ပြဲအမ်ားႀကီးဆက္ကစားဖို႔ သူရည္မွန္းထားတယ္လို႔ ရူနီကဆိုခဲ့ပါတယ္။