သရဲနီတပ်ဖွဲ့ဝင်ဖြစ်လာတဲ့ ဖာနန်ဒက်စ်အကြောင်း

0
346

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်ကိုရောက်ရှိလာခဲ့တဲ့ဖာနန်ဒက်စ်အကြောင်းကို တင်ဆက်ပေးပါမယ်။ ယူနိုက်တက်ရဲ့ ဂန္ဓဝင်နောက်ခံလူ ဂျပ်စတန်း က ဖာနန်ဒက်စ် ရဲ့အရည်အသွေးတွေက ပေါလ်စခိုလ်းနဲ့ဆင်တူတယ်လို့ ချီးမွမ်းပြောဆိုထားပါတယ်။ စပို့တင်းကနေ ပေါင်သန်း၆၀ ကျော်နဲ့ရောက်လာတဲ့ပေါ်တူဂီသားက စိတ်မြန်သလို ကန်ချက်တွေလည်းမြန်ဆန်တာ‌ကြောင့် သူ့အနေနဲ့ ပေါလ်စခိုလ်းကိုသတိရစေတယ်လို့ ပြောဆိုခဲ့တာပါ။

photo internet

ဖာနန်ဒက်စ်ကို ဂရိရှေးဟောင်းဒေသဖြစ်တဲ့ Maia ဒေသမှာ (၁၉၉၄)ခုနှစ် စက်တင်ဘာ (၈)ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ဖာနန်ဒက်စ်ဟာဥရောပမှဆင်းသက်လာတဲ့ ပေါ်တူဂီလူဖြူ မျိုးရိုးဖြစ်ပြီးတော့ လူလတ်တန်းစား မိသားစုမှာ ပေါက်ဖွားလာခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ အကိုဖြစ်သူ ရီကာဒိုနဲ့ Maiaဒေသမှာပဲ ကြီးပြင်းလာခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်ဘဝကတည်းက ဘောလုံးအားကစားကိုဝါသနာပါခဲ့သူဖြစ်ပြီး၊ ပညာရေးကိုအများကြီးဦးစားမပေးခဲ့ပဲ Grade 11 မပြီးခင်ကျောင်းထွက်ကာ ဘောလုံးအကယ်ဒမီကိုတက်ရောက်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ FC Infesta အသင်းမှာ တစ်နှစ်ကြာကစားခဲ့ပြီးတဲ့နောက်မှာတော့ဖာနန်ဒက်စ်ဟာBoavista FCအသင်းမှာ ကစားသမား ဘဝတည်ဆောက်ဖို့စတင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ လူငယ်ကစားသမားဘဝအချိန်တွေအများစုဟာ Boavista FCမှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် စီးရီးဘီကလပ် နိုဗယ်ရာကာစီယိုအသင်းကိုရောက်ရှိခဲ့ပြီးတော့ လုူငယ်အသင်းမှာ ရက်သတ္တပတ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ပထမအသင်းကြီးမှာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အူဒီးနီးကယ်စီယို ကိုရောက်ခဲ့ပြီးတော့ (၂၀၁၃)ခုနှစ်နိုဝင်ဘာ (၃)ရက်နေ့မှာအီတလီစီးရီးအေမှာ ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပါတယ်။ စပို့တင်းမှာဖာနန်ဒက်စ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၈)ဟာ သူ့အဖေငယ်စဉ်ကဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်နဲ့ တူတူပဲဖြစ်ပါတယ်။

photo internet

ဒါ့အပြင် အဆိုပါကျောနံပါတ်ဟာဖာနန်ဒက်စ်ရဲ့မွေးနေ့စက်တင်ဘာ(၈)ရက်နေ့မှာမွေးဖွားခဲ့တာကိုလည်း ကိုယ်စားပြုပါတယ်။ ဖာနန်ဒက်စ်ရဲ့ဝါသနာတွေကတော့ အစားကောင်းတွေစားသောက်ရတာဖြစ်ပြီးတော့၊ တီဗီအစီအစဉ်အမျိုးမျိူးကိုကြည့်ခြင်း၊ ရုပ်ရှင်ကားတွေကြည့်ခြင်းနဲ့ ဘောလုံးဂိမ်းတွေကစားရတာကို ကြိုက်နှစ်သက်တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက် ကိုယ်စားပြုအနေနဲ့ ဝုဗ် နဲ့ပွဲစဉ်မှာစတင်ပါဝင်ခဲ့ပြီး တိကျတဲ့အဝေးကန်ချက်တွေက ပေါလ်စခိုလ်းကိုလွမ်းစွတ်စေခဲ့ကြောင်းပရိတ်သတ်အများအပြား ကမှတ်ချက်ပေးခဲ့ကြပါသေးတယ်။ ချဲလ်ဆီးနဲ့ပွဲမှာတော့ ပိုမိုကောင်းမွန်လာတဲ့ ဖာနန်ဒက်စ်ကိုမြင်တွေ့ခဲ့ရပြီး အသင်းမှာ အံဝင်ခွင်ကျ ကစားလာတာ ကိုတွေ့ရပါတယ်။ ဖာနန်ဒက်စ် ရဲ့ စခိုလ်းနဲ့အတူညီဆုံး အချက်တွေထဲကတစ်ချက်က ဘောလုံးလက်ခံရရှိပြီးတာနဲ့ ချက်ချင်း အခွင့်အရေးအများဆုံးလူကို ရှာဖွေနိုင်ပြီး ပေးပို့နိုင်တာဖြစ်ပြီးတော့ သူကလည်း ချက်ချင်းဆိုသလို နေရာလွတ်တွေကိုပြန်လည်ရှာဖွေပြီး ဘောလုံးလက်ခံဖို့ စောင့်ဆိုင်းတတ်တာပဲဖြစ်ပါတယ်။

photo internet

အခုပြီးခဲ့တဲ့ကလပ်ဘရု်ချ်နဲ့ပွဲမှာတော့ ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ဖာနန်ဒက်စ် အပါအဝင်အခြားကစားသမားငါးယောက်လောက်ကို လူစာရင်းထဲမထည့်ခဲ့ပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက အခုလိုပြောပါတယ်။ “ကျွန်တော် တို့ဟာ တနင်္လာ ပြီးတော့ အခု ကြာသပတေး နေ့မှာ ကစား ခဲ့ရ ပါတယ် ။ ကျွန်တော် တို့ အနားယူချိန် နည်းပါး ခဲ့ရ ပါတယ် ။ ပြီးတော့ ကျွန်တော် တို့ လာမယ့်တနင်္ဂနွေ နေ့မှာ လည်း ဆက်လက် ကစားရပါ ဦးမယ် ။ ဒါ့ကြောင့် ကျွန်တော် တို့က ပွဲစဉ် တစ်ပွဲ ထက် ပွဲစဉ် တွေ များစွာ အပေါ် ခြုံငုံ ကြည့်ဖို့ လိုအပ် ခဲ့ ပါတယ် ။ဒါ့ကြောင့် ကျွန်တော် တို့ အခုလို ဆုံးဖြတ်ချက် ချခဲ့ ကြတာဖြစ်ပါတယ်။ အခုပွဲရဲ့ရလဒ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော် တို့အနေနဲ့ အဲ့ဒါ တွေကို မေ့ပျောက် ပြီး နောက်ထပ် ကစား ရမယ့် ပွဲစဉ် ကို ရှေးရှု ကြရပါမယ်။ ”ဆိုပြီးနည်းပြ ဆိုးလ်ရှား က ပြောဆိုထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

သရဲနီတပ္ဖြဲ႕ဝင္ျဖစ္လာတဲ့ ဖာနန္ဒက္စ္အေၾကာင္း

ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ယူႏိုက္တက္ကိုေရာက္ရွိလာခဲ့တဲ့ဖာနန္ဒက္စ္အေၾကာင္းကိုတင္ဆက္ေပးပါမယ္။ ယူႏိုက္တက္ရဲ႕ ဂႏၶဝင္ေနာက္ခံလူ ဂ်ပ္စတန္း က ဖာနန္ဒက္စ္ ရဲ႕အရည္အေသြးေတြက ေပါလ္စခိုလ္းနဲ႔ဆင္တူတယ္လို႔ ခ်ီးမြမ္းေျပာဆိုထားပါတယ္။ စပို႔တင္းကေန ေပါင္သန္း၆၀ ေက်ာ္နဲ႔ေရာက္လာတဲ့ေပၚတူဂီသားက စိတ္ျမန္သလို ကန္ခ်က္ေတြလည္းျမန္ဆန္တာ‌ေၾကာင့္ သူ႔အေနနဲ႔ ေပါလ္စခိုလ္းကိုသတိရေစတယ္လို႔ ေျပာဆိုခဲ့တာပါ။ ဖာနန္ဒက္စ္ကို ဂရိေရွးေဟာင္းေဒသျဖစ္တဲ့ Maia ေဒသမွာ (၁၉၉၄)ခုႏွစ္ စက္တင္ဘာ (၈)ရက္ေန႔မွာေမြးဖြားခဲ့ပါတယ္။ဖာနန္ဒက္စ္ဟာဥေရာပမွဆင္းသက္လာတဲ့ ေပၚတူဂီလူျဖဴ မ်ိဳး႐ိုးျဖစ္ၿပီးေတာ့ လူလတ္တန္းစား မိသားစုမွာ ေပါက္ဖြားလာခဲ့တဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ အကိုျဖစ္သူ ရီကာဒိုနဲ႔ Maiaေဒသမွာပဲ ႀကီးျပင္းလာခဲ့တဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ ငယ္စဥ္ဘဝကတည္းက ေဘာလုံးအားကစားကိုဝါသနာပါခဲ့သူျဖစ္ၿပီး၊ ပညာေရးကိုအမ်ားႀကီးဦးစားမေပးခဲ့ပဲ Grade 11 မၿပီးခင္ေက်ာင္းထြက္ကာ ေဘာလုံးအကယ္ဒမီကိုတက္ေရာက္ခဲ့တဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ FC Infesta အသင္းမွာတစ္ႏွစ္ၾကာကစားခဲ့ၿပီးတဲ့ေနာက္မွာေတာ့ဖာနန္ဒက္စ္ဟာBoavista FCအသင္းမွာ ကစားသမားဘဝတည္ေဆာက္ဖို႔စတင္ခဲ့ပါတယ္။ ဖာနန္ဒက္စ္ရဲ႕ လူငယ္ကစားသမားဘဝအခ်ိန္ေတြအမ်ားစုဟာ Boavista FCမွာပဲ ရွိေနခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ စီးရီးဘီကလပ္ ႏိုဗယ္ရာကာစီယိုအသင္းကိုေရာက္ရွိခဲ့ၿပီးေတာ့ လုူငယ္အသင္းမွာ ရက္သတၱပတ္အနည္းငယ္ၾကာၿပီးတဲ့ေနာက္မွာ ပထမအသင္းႀကီးမွာပါဝင္ကစားခြင့္ရခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အူဒီးနီးကယ္စီယို ကိုေရာက္ခဲ့ၿပီးေတာ့ (၂၀၁၃)ခုႏွစ္ႏိုဝင္ဘာ (၃)ရက္ေန႔မွာအီတလီစီးရီးေအမွာ ပထမဆုံးပြဲထြက္ခြင့္ရခဲ့ပါတယ္။ စပို႔တင္းမွာဖာနန္ဒက္စ္ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္(၈)ဟာ သူ႔အေဖငယ္စဥ္ကဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္နဲ႔ တူတူပဲျဖစ္ပါတယ္။ ဒါ့အျပင္ အဆိုပါေက်ာနံပါတ္ဟာဖာနန္ဒက္စ္ရဲ႕ေမြးေန႔စက္တင္ဘာ(၈)ရက္ေန႔မွာေမြးဖြားခဲ့တာကိုလည္း ကိုယ္စားျပဳပါတယ္။ ဖာနန္ဒက္စ္ရဲ႕ဝါသနာေတြကေတာ့ အစားေကာင္းေတြစားေသာက္ရတာျဖစ္ၿပီးေတာ့၊ တီဗီအစီအစဥ္အမ်ိဳးမ်ိဴးကိုၾကည့္ျခင္း၊ ႐ုပ္ရွင္ကားေတြၾကည့္ျခင္းနဲ႔ ေဘာလုံးဂိမ္းေတြကစားရတာကို ႀကိဳက္ႏွစ္သက္တာျဖစ္ပါတယ္။
ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္ကိုယ္စားျပဳအေနနဲ႔ ဝုဗ္ နဲ႔ပြဲစဥ္မွာစတင္ပါဝင္ခဲ့ၿပီး တိက်တဲ့အေဝးကန္ခ်က္ေတြက ေပါလ္စခိုလ္းကိုလြမ္းစြတ္ေစခဲ့ေၾကာင္းပရိတ္သတ္အမ်ားအျပားကမွတ္ခ်က္ေပးခဲ့ၾကပါေသးတယ္။ ခ်ဲလ္ဆီးနဲ႔ပြဲမွာေတာ့ ပိုမိုေကာင္းမြန္လာတဲ့ ဖာနန္ဒက္စ္ကိုျမင္ေတြ႕ခဲ့ရၿပီး အသင္းမွာ အံဝင္ခြင္က် ကစားလာတာ ကိုေတြ႕ရပါတယ္။ ဖာနန္ဒက္စ္ ရဲ႕ စခိုလ္းနဲ႔အတူညီဆုံးအခ်က္ေတြထဲကတစ္ခ်က္က ေဘာလုံးလက္ခံရရွိၿပီးတာနဲ႔ ခ်က္ခ်င္း အခြင့္အေရးအမ်ားဆုံးလူကို ရွာေဖြႏိုင္ၿပီး ေပးပို႔ႏိုင္တာျဖစ္ၿပီးေတာ့ သူကလည္း ခ်က္ခ်င္းဆိုသလို ေနရာလြတ္ေတြကိုျပန္လည္ရွာေဖြၿပီး ေဘာလုံးလက္ခံဖို႔ ေစာင့္ဆိုင္းတတ္တာပဲျဖစ္ပါတယ္။
အခုၿပီးခဲ့တဲ့ကလပ္ဘ႐ု္ခ်္နဲ႔ပြဲမွာေတာ့ ယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ ဖာနန္ဒက္စ္အပါအဝင္အျခားကစားသမားငါးေယာက္ေလာက္ကို လူစာရင္းထဲမထည့္ခဲ့ပါဘူး။ အဲဒါနဲ႔ပတ္သက္ၿပီးနည္းျပဆိုးလ္ရွားက အခုလိုေျပာပါတယ္။ “ကြၽန္ေတာ္ တို႔ဟာ တနလၤာ ၿပီးေတာ့ အခု ၾကာသပေတး ေန႔မွာ ကစား ခဲ့ရ ပါတယ္ ။ ကြၽန္ေတာ္ တို႔ အနားယူခ်ိန္ နည္းပါး ခဲ့ရ ပါတယ္ ။ ၿပီးေတာ့ ကြၽန္ေတာ္ တို႔ လာမယ့္တနဂၤေႏြ ေန႔မွာ လည္း ဆက္လက္ ကစားရပါ ဦးမယ္ ။ ဒါ့ေၾကာင့္ ကြၽန္ေတာ္ တို႔က ပြဲစဥ္ တစ္ပြဲ ထက္ ပြဲစဥ္ ေတြ မ်ားစြာ အေပၚ ၿခဳံငုံ ၾကည့္ဖို႔ လိုအပ္ ခဲ့ ပါတယ္ ။ဒါ့ေၾကာင့္ ကြၽန္ေတာ္ တို႔ အခုလို ဆုံးျဖတ္ခ်က္ ခ်ခဲ့ ၾကတာျဖစ္ပါတယ္။ အခုပြဲရဲ႕ရလဒ္နဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္ တို႔အေနနဲ႔ အဲ့ဒါ ေတြကို ေမ့ေပ်ာက္ ၿပီး ေနာက္ထပ္ ကစား ရမယ့္ ပြဲစဥ္ ကို ေရွးရႈ ၾကရပါမယ္။ ”ဆိုၿပီးနည္းျပ ဆိုးလ္ရွား က ေျပာဆိုထားပါတယ္။