ယူနိုက်တက်မှာ သူဖြစ်ချင်တဲ့ အနာဂတ်အကြောင်း ဖွင့်ဟလာတဲ့ အီဟာလို

0
87


ယူနိုက်တက်အသင်းကို အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး အီဟာလိုဟာ အသင်းမှာ ဆက်ကစားဖို့အတွက် မျှော်လင့်နေပါတယ်။ ရှန်ဟိုင်းရှင်ဟွာအသင်းကနေ အငှားလာကစားနေတဲ့ အီဟာလိုက သူဟာ ယူနိုက်တက်အသင်းနဲ့ အပြီးသတ်စာချုပ်ချုပ်ချင်နေတာဖြစ်ပါတယ်။


နိုင်ဂျီးရီးယားသားဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာမှ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ တိုက်စစ်ပိုင်းလိုအပ်ချက်အတွက် ဝက်ဖို့ဒ်တိုက်စစ်မှူးဟောင်းကို အင်္ဂလန်မြေကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။


ဒါပေမဲ့ အီဟာလိုအနေနဲ့ ယူနိုက်တက်မှာ ဆက်ကစားချင်တယ်ဆိုရင် ခြေစွမ်းကောင်းတစ်ရပ်ပြသနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။အသက် ၃၀ အရွယ်တိုက်စစ်မှူးဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၁၉ – ၂၀ ရာသီကုန်မာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။


ဘရုဂျက်အသင်းကို သရေကျခဲ့တဲ့ပွဲအပြီးမှာ အီဟာလိုက “မှန်ပါတယ်။ ကျွန်တော် ယူနိုက်တက်မှာ ဆက်ကစားချင်ပါတယ်။ အဲ့အခွင့်အရေးလည်း ရလာမယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အီဟာလိုဟာ

photo internet

ချဲလ်ဆီးအသင်းနဲ့ဘရုဂျက်အသင်းတို့ပွဲစဉ်တွေမှာ တိုက်စစ်မှူး မာရှယ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အီဟာလိုက သူဟာ ယူနိုက်တက်အသင်းမှာ ကစားဖို့ ထိုက်တန်တယ်ဆိုတာကိုလည်း ပွဲထွက်ခွင့်ရတဲ့ပွဲတွေမှာ သက်သေပြသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ဂျီးရီးသားဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အသင်းဟောင်း ဝက်ဖို့ဒ်နဲ့ပွဲမှာ အသင်းအတွက် ပါဝင်ကစားဖွယ် ရှိနေပါတယ်။