ယနေ့ညအတွက် လတ်လတ်ဆတ်ဆတ် သတင်းတိုများ

0
370


– ချဲလ်ဆီးတောင်ပံကစားသမား ဝီလီယံက မော်ရင်ဟိုနဲ့ ဆက်ဆံရေးအကြောင်းကို ထုတ်ဖော်သွားခဲ့တာကြောင့် တော့တင်ဟမ်နဲ့ သတင်းတွေ ပြန်ပေါ်ထွက်လာခဲ့ပါတယ်။ ဝီလီယံက မော်ရင်ဟိုဟာ သူနဲ့ ထူးခြားတဲ့ ဆက်ဆံရေးရှိပြီး ယူနိုက်တက်မှာကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း ထုတ်သွားခဲ့တာ ဖြစ်ပါတယ်။

– ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူး တိုက်စစ်မှူး ဖာမီနိုကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။။ Expressရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းဟာ ဖာမီနိုအတွက် ပေါင် ၇၅သန်းအထိ အသုံးပြုကာ ခေါ်ယူဖို့ စဉ်းစားနေကြာင်း သိရပါတယ်

– လီဂါနက် ဥက္ကဌ မာတင် အိုတီဂါက တိုက်စစ်မှူး ဘရိတ်ဝိုက်ကို ခေါ်ယူသွားခဲ့တဲ့ ဘာစီလိုနာဟာ သူတိ့ုရဲ့ ပြဿာကို လာပေးသွားတာဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဘရိတ်ဝိုက်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၈သန်းအထိ ပေးချေကာ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်

– မန်စီးတီး တိုက်စစ်ကစားသမား စတာလင်က ရီးရဲလ်မက်ဒရစ်ဟာ ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းတစ်ခုဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ စတာလင်က သူဟာ လက်ရှိမှာ မန်စီးတီးမှာသာ ပျော်နေပြီး ၂၀၂၃အထိ စာချုပ်သက်တမ်းရှိနေသေးတာကြောင့် စာချုပ်ကို လေးစားရမယ်လို့ ပြောခဲ့ပါသေးတယ်

– ဆောက်သမ်တန်အသင်းဟာ လီဗာပူးကွင်းလယ်လူ လယ်လာနာကို ပြန်လည်ခေါ်ယူဖိ့ု စိတ်ဝင်စားမှု ပြသလာခဲ့တယ်လို့ သိရပါတယ်။ လယ်လာနာဟာ ရာသီကုန်မှာ အသင်းက ထွက်ခွာဖို့ နီးစပ်နေသူ တစ်ဦးဖြစ်ပြီး လက်စတာကလည်း စိတ်ဝင်စားမှု ပြသထားခဲ့ပါတယ်။

– ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကတ်စ်မဲရိုးက နိုင်ငံအသင်းဖော် နေမာကို ဘာနေဗြူးမှာ မြင်တွေ့လိုကြောင်း ပြောကြားသွားခဲ့ပါတယ်။ ကက်စ်မဲရိုးက နေမာဟာ ကြီးကျယ်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဘာနေဗြူးမှာ အတူကစားဖို့ အလိုရှိနေကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။