မိတ်ဆက်ပွဲက စကေးပြမှုမှာ တစ်လွဲတစ်ချော်တွေဖြစ်ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှုးသစ်ရဲ့အဖြစ်

0
541

photo-sport bible

photo-gettyimages

ဘာစီလိုနာတိုက်စစ်မှုးသစ်ဘရိတ်ဝိတ်ရဲ့မိတ်ဆက်ပွဲမှာ စကေးပြမှုကတော့ ပရိသတ်တွေကို ရှော့ခ်ရစေခဲ့ပါတယ်။ အဲဒီဒိန်းမတ်တိုက်စစ်မှုးဟာ အရေးပေါ်ခေါ်ယူမှုအဖြစ် လီဂါနက်စ်ကနေ ယူရို ၁၈ သန်းနဲ့ ဘာစီလိုနာကို ရောက်လာခဲ့တာပါ။ အဲဒါနဲ့ နူးကမ့်ကွင်းကြီးမှာ တရားဝင်မိတ်ဆက်တော့ ၂၈ နှစ်အရွယ် ဘရိတ်ဝိတ်ဟာ ဘာစီလိုနာက သူ့ကို ဘာကြောင့်ခေါ်ခဲ့သလဲဆိုတာကို ဘောလုံးစကေးနဲ့ပြသဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အဲဒီမစ်ဒယ်ဘရော့ကစားသမားဟောင်းဟာ အစပိုင်းစကေးပြရာမှာ ဟုတ်သလိုရှိနေခဲ့ပေမယ့် rainbow flick ဆိုတဲ့ ဘောလုံးကို နောက်ခြေထောက်နဲ့ ထုတ်ယူတဲ့နေရာမှာတော့ ရှုပ်ထွေးလွဲချော်ခဲ့ကာ အဖျားရှုးသွားခဲ့ရပါတယ်။ တော်သေးတာက ကွင်းထဲမှာ ပရိသတ်တစ်ယောက်မှ မရှိလို့ပါ။ ဒါပေမဲ့ သူ့ရဲ့ဒီလိုတစ်လွဲတစ်ချော်ဖြစ်ခဲ့ရတဲ့ အဲဒီဗီဒီယိုဖိုင်အပိုင်းအစလေးကို ဆိုရှယ်မီဒီယာထက်မှာ ပရိသတ်တွေက မျှဝေနေကြပြီး ရယ်စရာလုပ်နေကြပါတယ်။

photo-gettyimages

ဒါ့အပြင် ဘရိတ်ဝိတ်ရဲ့ဘာစီလိုနာကစားသမားဘ၀ သတင်းစာရှင်းလင်းပွဲဟာလည်း စီစဉ်ထားသလို မဟုတ်ခဲ့ပါဘူး။ စပိန်စာနယ်ဇင်းသမားအများစုက သူ့ကို မေးခွန်းတွေမေးဖို့ စိတ်မဝင်စားကြဘဲ အဲဒီအစား အသင်းဥက္ကဌဘာတိုမြူကိုပဲ မေးခွန်းတွေ အဆက်မပြတ်မေးခဲ့ကြတာပါ။ ဘရိတ်ဝိတ်ကို မေးခွန်း ၂ ခုသာမေးခဲ့ပြီး ဘာတိုမြူကို မေးခွန်း ၈ ခုတောင် မေးခဲ့တာပါ။

[Zawgyi]

မိတ္ဆက္ပြဲက စေကးျပမႈမွာ တစ္လြဲတစ္ေခ်ာ္ေတြျဖစ္ခဲ့တဲ့ ဘာစီလိုနာတိုက္စစ္မႈးသစ္ရဲ႕အျဖစ္

ဘာစီလိုနာတိုက္စစ္မႈးသစ္ဘရိတ္၀ိတ္ရဲ႕မိတ္ဆက္ပြဲမွာ စေကးျပမႈကေတာ့ ပရိသတ္ေတြကို ေရွာ့ခ္ရေစခဲ့ပါတယ္။ အဲဒီဒိန္းမတ္တိုက္စစ္မႈးဟာ အေရးေပၚေခၚယူမႈအျဖစ္ လီဂါနက္စ္ကေန ယူရို ၁၈ သန္းနဲ႔ ဘာစီလိုနာကို ေရာက္လာခဲ့တာပါ။ အဲဒါနဲ႔ ႏူးကမ့္ကြင္းႀကီးမွာ တရား၀င္မိတ္ဆက္ေတာ့ ၂၈ ႏွစ္အရြယ္ ဘရိတ္၀ိတ္ဟာ ဘာစီလိုနာက သူ႔ကို ဘာေၾကာင့္ေခၚခဲ့သလဲဆုိတာကို ေဘာလုံးစေကးနဲ႔ျပသဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

အဲဒီမစ္ဒယ္ဘေရာ့ကစားသမားေဟာင္းဟာ အစပိုင္းစေကးျပရာမွာ ဟုတ္သလိုရွိေနခဲ့ေပမယ့္ rainbow flick ဆုိတဲ့ ေဘာလုံးကုိ ေနာက္ေျခေထာက္နဲ႔ ထုတ္ယူတဲ့ေနရာမွာေတာ့ ရႈပ္ေထြးလြဲေခ်ာ္ခဲ့ကာ အဖ်ားရႈးသြားခဲ့ရပါတယ္။ ေတာ္ေသးတာက ကြင္းထဲမွာ ပရိသတ္တစ္ေယာက္မွ မရွိလုိ႔ပါ။ ဒါေပမဲ့ သူ႔ရဲ႕ဒီလိုတစ္လြဲတစ္ေခ်ာ္ျဖစ္ခဲ့ရတဲ့ အဲဒီဗီဒီယိုဖိုင္အပိုင္းအစေလးကို ဆုိရွယ္မီဒီယာထက္မွာ ပရိသတ္ေတြက မွ်ေ၀ေနၾကၿပီး ရယ္စရာလုပ္ေနၾကပါတယ္။

ဒါ့အျပင္ ဘရိတ္၀ိတ္ရဲ႕ဘာစီလိုနာကစားသမားဘ၀ သတင္းစာရွင္းလင္းပြဲဟာလည္း စီစဥ္ထားသလို မဟုတ္ခ့ဲပါဘူး။ စပိန္စာနယ္ဇင္းသမားအမ်ားစုက သူ႔ကို ေမးခြန္းေတြေမးဖို႔ စိတ္မ၀င္စားၾကဘဲ အဲဒီအစား အသင္းဥကၠဌဘာတုိျမဴကိုပဲ ေမးခြန္းေတြ အဆက္မျပတ္ေမးခဲ့ၾကတာပါ။ ဘရိတ္၀ိတ္ကို ေမးခြန္း ၂ ခုသာေမးခဲ့ၿပီး ဘာတုိျမဴကို ေမးခြန္း ၈ ခုေတာင္ ေမးခဲ့တာပါ။