မက်ဆီအပေါ် အမြင်ချင်းမတူတဲ့ နာပိုလီနည်းပြနဲ့ အသင်းခေါင်းဆောင်

0
160

Photo Credit

Photo Credit

နာပိုလီအသင်းနည်းပြ ဂတ်တူဆိုက အင်္ဂါညမှာ ကစားရမယ့် ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက နာပိုလီဂန္ထဝင်ကစားသမားကြီး မာရာဒိုနာအထက်မှာ သမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးကစားသမားအစြဖ် ရပ်တည်နေတယ်လို့ ချီးကျူးလိုက်ပါတယ်။ ဒါပေမဲ့ နာပိုလီအသင်းခေါင်းဆောင် အင်ဆစ်ဂ်နီကတော့ လက်ရှိအချိန်မှာ မက်ဆီက ကမ္ဘာ့အကောင်းဆုံးအဖြစ် ရပ်တည်နေပေမယ့် မာရာဒိုနာနဲ့တော့ နှိုင်းယှဉ်လို့မရကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

Photo Credit

အသက် ၃၂နှစ်အရွယ်ရှိ မက်ဆီဟာ စနေညက အီဘာကို ၅-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဦးတည်း ၄ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝတစ်လျှောက် သွင်းဂိုးနဲ့ဂိုးဖန်တီးမှု နှစ်ခုပေါင်း ၁၀၀၀ဂိုးကျော်သွားပြီဖြစ်ကာ ၆၉၆ ဂိုးသွင်း၊ ၃၀၆ ကြိမ်ဂိုးဖန်တီးပေးထားပါတယ်။ မက်ဆီဟာ မာရာဒိုနာကို သူတို့ရဲ့ဘောလုံးနတ်ဘုရားအဖြစ် သတ်မှတ်ထားတဲ့ နေပယ်မြို့မှာ အိမ်ရှင်နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကစားရမှာဖြစ်ရာ အာဂျင်တီးနားတစ်နိုင်ငံတည်းသားချင်းတွေနဲ့ပတ်သက်လို့ နှိုင်းယှဉ်မှုတွေ ထွက်ပေါ်လာပါတယ်။

Photo Credit

”မက်ဆီက အကြီးကျယ်ဆုံးကစားသမားဖြစ်ပြီး အားလုံးအတွက်လည်း အတုယူစရာပါ။ သူက ဘောင်မဝင်တဲ့စကားမျိုး တစ်ခါမှမပြောဖူးသလို သူ့ရဲ့ကွင်းတွင်းစွမ်းဆောင်ရည်ကလည်း Playstation ထဲကလို ယုံနိုင်စရာမရှိတဲ့အကွက်တွေပါ။ မာရာဒိုနာကစားတာကိုတော့ DVD တွေကနေ ပြန်ကြည့်ရပါတယ်။ သူကလည်း ချန်ပီယံတစ်ဦးဖြစ်ပြီး ကိုယ်တိုင်မမြင်တွေရတာ နောင်တရလို့မဆုံးပါဘူး။ မက်ဆီက မာရာဒိုနာ လုပ်ပြသွားတဲ့ပုံစံအတိုင်း တစ်ပုံစံတည်းလုပ်ပြနေပါတယ်”လို့ ဂတ်တူဆိုက ပြောပါတယ်။

Photo Credit

ဒါပေမဲ့ တောင်ပံတိုက်စစ်မှူး အင်ဆစ်ဂ်နီကတော့ သူ့နည်းပြဖြစ်သူရဲ့ပြောစကားကို လက်သင့်မခံဘဲ မက်ဆီက ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့တဲ့ မာရာဒိုနာနဲ့ နှိုင်းယှဉ်လို့မရကြောင်း ဆိုပါတယ်။ ”လက်ရှိအချိန်မှာ မက်ဆီက အကောင်းဆုံးကစားသမားဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ နေပယ်သားတစ်ယောက်အနေနဲ့ မာရာဒိုနာက အရာအားလုံးပါပဲ။ သူတို့နှစ်ယောက်ကိုလည်း မနှိုင်းယှဉ်ချင်ပါဘူး”လို့ အင်ဆစ်ဂ်နီက ပြောပါတယ်။

Photo Credit

ဒါပေမဲ့ နည်းပြနဲ့အသင်းခေါင်းဆောင်တို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်းလက်သင့်ခံတာကတော့ ဘာစီလိုနာနဲ့ရင်ဆိုင်ရတဲ့အခါမှာ မက်ဆီတစ်ယောက်တည်းကိုပဲ အလွန်အကျွံအာရုံစိုက်ထားလို့မရဘူးဆိုတဲ့အခြေအနေပါ။ နာပိုလီဟာ နောက်ဆုံး ၇ပွဲမှာ ၆ပွဲအနိုင်ရထားပြီး ၂၀၁၇ ခုနှစ်က ရီးရဲလ်ကို အရေးနိမ့်ခဲ့ပြီးနောက် သူတို့အတွက် ပထမဆုံးချန်ပီယံလိဂ်ရှုံးထွက်ပွဲဖြစ်ပေမယ့် ဘာစီလိုနာကတော့ နောက်ဆုံး ၁၃နှစ်ဆက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ ကြိုးစားနေပါတယ်။

Photo Credit

Zawgyi

မက္ဆီအေပၚ အျမင္ခ်င္းမတူတဲ့ နာပိုလီနည္းျပနဲ႔ အသင္းေခါင္းေဆာင္

နာပိုလီအသင္းနည္းျပ ဂတ္တူဆိုက အဂၤါညမွာ ကစားရမယ့္ ဘာစီလုိနာနဲ႔ခ်န္ပီယံလိဂ္ပြဲမတုိင္ခင္ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီက နာပိုလီဂႏၳ၀င္ကစားသမားႀကီး မာရာဒိုနာအထက္မွာ သမုိင္းတစ္ေလွ်ာက္ ထာ၀ရအေကာင္းဆုံးကစားသမားအျစဖ္ ရပ္တည္ေနတယ္လုိ႔ ခ်ီးက်ဴးလုိက္ပါတယ္။ ဒါေပမဲ့ နာပိုလီအသင္းေခါင္းေဆာင္ အင္ဆစ္ဂ္နီကေတာ့ လက္ရွိအခ်ိန္မွာ မက္ဆီက ကမၻာ့အေကာင္းဆုံးအျဖစ္ ရပ္တည္ေနေပမယ့္ မာရာဒိုနာနဲ႔ေတာ့ ႏိႈင္းယွဥ္လုိ႔မရေၾကာင္း အခိုင္အမာေျပာၾကားလုိက္ပါတယ္။
အသက္ ၃၂ႏွစ္အရြယ္ရွိ မက္ဆီဟာ စေနညက အီဘာကို ၅-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္ဦးတည္း ၄ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ကစားသမားဘ၀တစ္ေလွ်ာက္ သြင္းဂိုးနဲ႔ဂုိးဖန္တီးမႈ ႏွစ္ခုေပါင္း ၁၀၀၀ဂိုးေက်ာ္သြားၿပီျဖစ္ကာ ၆၉၆ ဂုိးသြင္း၊ ၃၀၆ ႀကိမ္ဂိုးဖန္တီးေပးထားပါတယ္။ မက္ဆီဟာ မာရာဒိုနာကို သူတုိ႔ရဲ႕ေဘာလုံးနတ္ဘုရားအျဖစ္ သတ္မွတ္ထားတဲ့ ေနပယ္ၿမိဳ႕မွာ အိမ္ရွင္နာပိုလီအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲကစားရမွာျဖစ္ရာ အာဂ်င္တီးနားတစ္ႏိုင္ငံတည္းသားခ်င္းေတြနဲ႔ပတ္သက္လုိ႔ ႏိႈင္းယွဥ္မႈေတြ ထြက္ေပၚလာပါတယ္။
”မက္ဆီက အႀကီးက်ယ္ဆုံးကစားသမားျဖစ္ၿပီး အားလုံးအတြက္လည္း အတုယူစရာပါ။ သူက ေဘာင္မ၀င္တဲ့စကားမ်ိဳး တစ္ခါမွမေျပာဖူးသလုိ သူ႕ရဲ႕ကြင္းတြင္းစြမ္းေဆာင္ရည္ကလည္း Plastation ထဲကလို ယုံႏိုင္စရာမရွိတဲ့အကြက္ေတြပါ။ မာရာဒိုနာကစားတာကိုေတာ့ VDD ေတြကေန ျပန္ၾကည့္ရပါတယ္။ သူကလည္း ခ်န္ပီယံတစ္ဦးျဖစ္ၿပီး ကိုယ္တိုင္မျမင္ေတြရတာ ေနာင္တရလို႔မဆုံးပါဘူး။ မက္ဆီက မာရာဒိုနာ လုပ္ျပသြားတဲ့ပုံစံအတုိင္း တစ္ပုံစံတည္းလုပ္ျပေနပါတယ္”လုိ႔ ဂတ္တူဆိုက ေျပာပါတယ္။
ဒါေပမဲ့ ေတာင္ပံတုိက္စစ္မွဴး အင္ဆစ္ဂ္နီကေတာ့ သူ႕နည္းျပျဖစ္သူရဲ႕ေျပာစကားကို လက္သင့္မခံဘဲ မက္ဆီက ၁၉၈၆ ကမၻာ့ဖလားၿပိဳင္ပဲြမွာ အာဂ်င္တီးနားအသင္းနဲ႔အတူ ခ်န္ပီယံျဖစ္ခဲ့တဲ့ မာရာဒိုနာနဲ႔ ႏိႈင္းယွဥ္လုိ႔မရေၾကာင္း ဆုိပါတယ္။ ”လက္ရွိအခ်ိန္မွာ မက္ဆီက အေကာင္းဆုံးကစားသမားဆုိတာ လက္ခံပါတယ္။ ဒါေပမဲ့ ေနပယ္သားတစ္ေယာက္အေနနဲ႔ မာရာဒိုနာက အရာအားလုံးပါပဲ။ သူတုိ႔ႏွစ္ေယာက္ကိုလည္း မႏႈိင္းယွဥ္ခ်င္ပါဘူး”လုိ႔ အင္ဆစ္ဂ္နီက ေျပာပါတယ္။
ဒါေပမဲ့ နည္းျပနဲ႔အသင္းေခါင္းေဆာင္တို႔ ႏွစ္ေယာက္စလုံး တစ္ၿပိဳင္တည္းလက္သင့္ခံတာကေတာ့ ဘာစီလုိနာနဲ႔ရင္ဆုိင္ရတဲ့အခါမွာ မက္ဆီတစ္ေယာက္တည္းကိုပဲ အလြန္အကၽြံအာ႐ုံစိုက္ထားလုိ႔မရဘူးဆုိတဲ့အေျခအေနပါ။ နာပိုလီဟာ ေနာက္ဆုံး ၇ပဲြမွာ ၆ပြဲအႏိုင္ရထားၿပီး ၂၀၁၇ ခုႏွစ္က ရီးရဲလ္ကို အေရးနိမ့္ခဲ့ၿပီးေနာက္ သူတို႔အတြက္ ပထမဆုံးခ်န္ပီယံလိဂ္႐ံႈးထြက္ပြဲျဖစ္ေပမယ့္ ဘာစီလုိနာကေတာ့ ေနာက္ဆုံး ၁၃ႏွစ္ဆက္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။