ဗုံးဒဏ်ကြောင့် ခြေတစ်ဖက်ဆုံးရှုံးထားတဲ့ ၈ နှစ်ကလေးဆီ ဘောကန်ဖိနပ်ပို့ပေးခဲ့တဲ့ ဆာလာ

0
512

photo-the sun

photo-gettyimages

လီဗာပူးတိုက်စစ်မှုးဆာလာဟာ မိုင်ပေါင်းများစွာဝေးကွာတဲ့နေရာတစ်ခုက ပရိသတ်တစ်ယောက်ဆီ အပြုံးပန်းတွေဝေဆာအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ဗုံးဒဏ်ကြောင့် ခြေတစ်ဖက်ဆုံးရှုံးထားတဲ့ ကလေးတစ်ယောက်ဆီကို လက်ဆောင်အဖြစ် ဘောကန်ဖိနပ်တစ်ဖက် ပို့ပေးလိုက်ခြင်းအားဖြင့်ပါ။ ဟာမစ်လို့ခေါ်တဲ့ ၈ နှစ်အရွယ်ကလေးဟာ ဆီးရီးယားစစ်ပွဲမှာ ဗုံးထိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

photo-gettyimages

အဲဒီနောက် တပ်လိုက်တဲ့ခြေတုနဲ့ပဲ အဲဒီကောင်လေးဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တူရကီကို ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဒီအပတ်မှာပဲ ဟာမစ်ဟာ ဆာလာဆီက လက်ဆောင်ကို ရရှိခဲ့တာပါ။ ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတဲ့ အဲဒီကလေးအတွက် ဆာလာဟာ အခုလိုလက်ဆောင်ပေးခဲ့တာဖြစ်ပြီး သူ့လက်မှတ်ရေးထိုးထားတဲ့ ဘောကန်ဖိနပ်တစ်ဖက်နဲ့အတူ သူ့ပုံတွေပါတဲ့ ဘောင်ခတ်ပြီးသားပိုစတာတစ်ခုကိုပါ ပေးပို့လိုက်တာပါ။

ခြေတုတစ်ဖက်နဲ့ဆိုပေမယ့်လည်း အဲဒီငယ်ရွယ်တဲ့ပရိသတ်လေးဟာ ဘောလုံးကစားရတာကို ချစ်မြတ်နိုးပါတယ်။ ဆာလာအနေနဲ့ အခုလိုကရုဏာထားတဲ့ လူမှုရေးမျိုးကို အခုမှ ပထမဆုံးအကြိမ်လုပ်ဖူးတာ မဟုတ်ပါဘူး။ သူဟာ ဇာတိမြို့နာဂရစ်မှာ ဆေးရုံတစ်ခုနဲ့ ကျောင်း ဆောက်လုပ်လှူဒန်းဖို့အတွက် ငွေကြေးအမြောက်အမြားလှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ၂၇ နှစ်အရွယ် ဆာလာဟာ ၂၀၁၈ မတ်လတုန်းကလည်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က ဆေးရုံတစ်ရုံမှာ ကင်ဆာဝေဒနာရှင်ကလေးငယ်တွေကို ကုသရာမှာ အသုံးပြုတဲ့ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းတွေအတွက် ပေါင် ၅ သိန်းလှူဒါန်းခဲ့ပါတယ်။

[Zawgyi]

ဗုံးဒဏ္ေၾကာင့္ ေျခတစ္ဖက္ဆုံးရံႈးထားတဲ့ ၈ ႏွစ္ကေလးဆီ ေဘာကန္ဖိနပ္ပုိ႔ေပးခဲ့တဲ့ ဆာလာ

လီဗာပူးတုိက္စစ္မႈးဆာလာဟာ မိုင္ေပါင္းမ်ားစြာေ၀းကြာတဲ့ေနရာတစ္ခုက ပရိသတ္တစ္ေယာက္ဆီ အၿပဳံးပန္းေတြေ၀ဆာေအာင္ လုပ္ေပးႏိုင္ခဲ့ပါတယ္။ ဗုံးဒဏ္ေၾကာင့္ ေျခတစ္ဖက္ဆုံးရႈံးထားတဲ့ ကေလးတစ္ေယာက္ဆီကို လက္ေဆာင္အျဖစ္ ေဘာကန္ဖိနပ္တစ္ဖက္ ပို႔ေပးလိုက္ျခင္းအားျဖင့္ပါ။ ဟာမစ္လို႔ေခၚတဲ့ ၈ ႏွစ္အရြယ္ကေလးဟာ ဆီးရီးယားစစ္ပြဲမွာ ဗုံးထိၿပီး ေျခေထာက္တစ္ဖက္ဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္။

အဲဒီေနာက္ တပ္လုိက္တဲ့ေျခတုနဲ႔ပဲ အဲဒီေကာင္ေလးဟာ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ တူရကီကို ထြက္ေျပးလြတ္ေျမာက္သြားပါတယ္။ ဒီအပတ္မွာပဲ ဟာမစ္ဟာ ဆာလာဆီက လက္ေဆာင္ကို ရရွိခဲ့တာပါ။ ခက္ခက္ခဲခဲျဖတ္သန္းခဲ့ရတဲ့ အဲဒီကေလးအတြက္ ဆာလာဟာ အခုလိုလက္ေဆာင္ေပးခဲ့တာျဖစ္ၿပီး သူ႔လက္မွတ္ေရးထိုးထားတဲ့ ေဘာကန္ဖိနပ္တစ္ဖက္နဲ႔အတူ သူ႔ပုံေတြပါတဲ့ ေဘာင္ခတ္ၿပီးသားပိုစတာတစ္ခုကိုပါ ေပးပို႔လိုက္တာပါ။

ေျခတုတစ္ဖက္နဲ႔ဆိုေပမယ့္လည္း အဲဒီငယ္ရြယ္တဲ့ပရိသတ္ေလးဟာ ေဘာလုံးကစားရတာကုိ ခ်စ္ျမတ္ႏုိးပါတယ္။ ဆာလာအေနန႔ဲ အခုလိုကရုဏာထားတဲ့ လူမႈေရးမ်ိဳးကို အခုမွ ပထမဆုံးအႀကိမ္လုပ္ဖူးတာ မဟုတ္ပါဘူး။ သူဟာ ဇာတိၿမိဳ႕နာဂရစ္မွာ ေဆးရုံတစ္ခုနဲ႔ ေက်ာင္း ေဆာက္လုပ္လွဴဒန္းဖို႔အတြက္ ေငြေၾကးအေျမာက္အျမားလွဴဒါန္းခဲ့ပါတယ္။ ဒါ့အျပင္ ၂၇ ႏွစ္အရြယ္ ဆာလာဟာ ၂၀၁၈ မတ္လတုန္းကလည္း အီဂ်စ္ႏိုင္ငံ ကိုင္ရိုၿမိဳ႕က ေဆးရုံတစ္ရုံမွာ ကင္ဆာေ၀ဒနာရွင္ကေလးငယ္ေတြကို ကုသရာမွာ အသုံးျပဳတဲ့ ေဆးဘက္ဆိုင္ရာ အေထာက္အကူပစၥည္းေတြအတြက္ ေပါင္ ၅ သိန္းလွဴဒါန္းခဲ့ပါတယ္။