ဗာဒီက သူတွေ့ခဲ့အကောင်းဆုံးတိုက်စစ်မှူး တွေထဲကတစ်ဦးလို့ ဂွာဒီယိုလာပြော

0
154
Photo - Internet
Photo – Internet

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက လက်စတာတိုက်စစ်မှူး ဗာဒီဟာ အကောင်းဆုံးတိုက်စစ်မှူး စာရင်းဝင်တစ်ဦးဖြစ်ပြီးသူတွေ့ခဲ့ဘူးသမျှတွေထဲမှာလည်း အကောင်းဆုံးတွေထဲကတစ်ဦးဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ မန်စီးတီးဟာ မနက်ဖြန်မှာ လက်စတာနဲ့အဝေးကွင်းပွဲစဉ်သွားရောက် ကစားရမှာဖြစ်ပါတယ်။

ဗာဒီဟဟာ အရင်ကလည်းမန်စီးတီးနဲ့တွေ့ရင်ခြေစွမ်းပြလေ့ရှိသူဖြစ်ပြီး မန်စီးတီးကိုသူရင်ဆိုင်ခဲ့တဲ့ အရင် ၁၀ ပွဲမှာ ၆ ဂိုးအထိသွင်းယူထားသူဖြစ်ပါတယ်။ လီဗာပူးနဲ့အာဆင်နယ်တို့ဆိုရင် ဗာဒီရဲ့ဂိုးသွင်းခြင်းကို မန်စီးတီးထက်ပိုပြီးခံထားရတဲ့အသင်းတွေလည်းဖြစ်ပါတယ်။ ဂွာဒီယိုလာဟာ မက်ဆီ၊ အဂူရိုအစရှိတဲ့ သူတွေနဲ့လက်တွဲခဲ့ဘူးပြီး ဗာဒီကိုလည်းသူတို့နဲ့တစ်တန်းတည်းထားခဲ့တာပါ။

Photo – Internet

သူက”ကျွန်တော်တို့က မီတာ ၄၀ အထိရှေ့တက်ကစားတာလေ။ ဒါကြောင့် ဗာဒီအကြိုက်ဖြစ်ခဲ့တာပေါ့။ သူဟာ ကျွန်တော်တို့ကိုသာမက အသင်းတိုင်းကိုလည်းဂိုးသွင်းခဲ့တဲ့သူပါ။ ဘာကြောင့်လဲဆိုတော့ သူဟာတိုက်စစ်နောက်ဆုံးအပိုင်းမှာရော ဂိုးဧရိယာထဲမှာပါသိပ်ကိုကောင်းလို့ဖြစ်ပြီး အဲဒီနေရာတွေမှာ ကစားခဲ့တဲ့သူတွေထဲမှာ အကောင်းဆုံးတစ်ဦးလည်းဖြစ်ပါတယ်။

Photo – Internet

ပြင်းပြင်းထန်ထန်ကြိုးစားမှု၊ ပြိုင်ဘက်ကိုဖိအားပေးနိုင်မှု၊ ပါးနပ်မှုတွေနဲ့ နေရာယူမှုတွေဟာ ကျွန်တော်တွေ့ဘူးသမျှတွေမှာ အကောင်းဆုံးစာရင်းဝင်လည်းဖြစ်ပါတယ်။ မက်ဆီနဲ့ ဂွာဒီယိုလာတို့က ထူးခြားသလို ဗာဒီကလည်းသိပ်ထူးခြားတဲ့သူပါ” လို့ပြောသွားပါတယ်။

Photo – Internet

Zawgyi

ဗာဒီက သူေတြ႔ခဲ့အေကာင္းဆုံးတိုက္စစ္မွဴး ေတြထဲကတစ္ဦးလို႔ ဂြာဒီိယိုလာေျပာ

မန္စီးတီးအသင္းနည္းျပ ဂြာဒီယိုလာက လက္စတာတိုက္စစ္မွဴး ဗာဒီဟာ အေကာင္းဆုံးတိုက္စစ္မွဴး စာရင္း၀င္တစ္ဦးျဖစ္ၿပီးသူေတြ႔ခဲ့ဘူးသမွ်ေတြထဲမွာလည္း အေကာင္းဆုံးေတြထဲကတစ္ဦးျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ မန္စီးတီးဟာ မနက္ျဖန္မွာ လက္စတာနဲ႔အေ၀းကြင္းပြဲစဥ္သြားေရာက္ ကစားရမွာျဖစ္ပါတယ္။

ဗာဒီဟဟာ အရင္ကလည္းမန္စီးတီးနဲ႔ေတြ႔ရင္ေျခစြမ္းျပေလ႔ရွိသူျဖစ္ၿပီး မန္စီးတီးကိုသူရင္ဆိုင္ခဲ့တဲ႔ အရင္ ၁၀ ပြဲမွာ ၆ ဂိုးအထိသြင္းယူထားသူျဖစ္ပါတယ္။ လီဗာပူးနဲ႔အာဆင္နယ္တို႔ဆိုရင္ ဗာဒီရဲ႕ဂိုးသြင္းျခင္းကို မန္စီးတီးထက္ပိုၿပီးခံထားရတဲ႔အသင္းေတြလည္းျဖစ္ပါတယ္။ ဂြာဒီယိုလာဟာ မက္ဆီ၊ အဂူရိုအစရွိတဲ႔ သူေတြနဲ႔လက္တြဲခဲ့ဘူးၿပီး ဗာဒီကိုလည္းသူတို႔နဲ႔တစ္တန္းတည္းထားခဲ့တာပါ။

သူက”ကၽြန္ေတာ္တို႔က မီတာ ၄၀ အထိေရွ႕တက္ကစားတာေလ။ ဒါေၾကာင့္ ဗာဒီအႀကိဳက္ျဖစ္ခဲ့တာေပါ့။ သူဟာ က်ြန္ေတာ္တို႔ကိုသာမက အသင္းတိုင္းကိုလည္းဂိုးသြင္းခဲ့တဲ႔သူပါ။ ဘာေၾကာင့္လဲဆိုေတာ႔ သူဟာတိုက္စစ္ေနာက္ဆုံးအပိုင္းမွာေရာ ဂိုးဧရိယာထဲမွာပါသိပ္ကိုေကာင္းလို႔ျဖစ္ၿပီး အဲဒီေနရာေတြမွာ ကစားခဲ့တဲ႔သူေတြထဲမွာ အေကာင္းဆုံးတစ္ဦးလည္းျဖစ္ပါတယ္။

ျပင္းျပင္းထန္ထန္ႀကိဳးစားမႈ၊ ၿပိဳင္ဘက္ကိုဖိအားေပးႏိုင္မႈ၊ ပါးနပ္မႈေတြနဲ႔ ေနရာယူမႈေတြဟာ က်ြန္ေတာ္ေတြ႔ဘူးသမွ်ေတြမွာ အေကာင္းဆုံးစာရင္း၀င္လည္းျဖစ္ပါတယ္။ မက္ဆီနဲ႔ ဂြာဒီယိုလာတို႔က ထူးျခားသလို ဗာဒီကလည္းသိပ္ထူးျခားတဲ႔သူပါ” လို႔ေျပာသြားပါတယ္။