ပြစ်ဒဏ်ရင်ဆိုင်ဖို့ တစ်ရက်ကိုမြန်မာငွေသိန်း ၄၀၀ နီးပါးပေးရတဲ့ရှေ့နေကို ငှားရမ်းလိုက်တဲ့ မန်စီးတီး

0
217
Photo - Internet
Photo – Internet

မန်စီးတီးအသင်းဟာ ယူအီးအက်ဖ်အေကချမှတ်ထားတဲ့ ပြစ်ဒဏ်ကိုရင်ဆိုင်ဖြေရှင်းဖို့အတွက် တစ်ရက်ကိုစတာလင်ပေါင် ၂၀၀၀၀ ပေးရတဲ့နာမည်ကျော်ရှေ့နေတစ်ဦးကိုငှားရမ်းလိုက်တယ်လို့ သိရပါတယ်။ ယူအီးအက်ဖ်အေက သူတို့အပေါ် ချန်ပီယံလိဂ်ဝင်ခွင့် ၂ နှစ်ပိတ်ပင်ထားတာကို ပယ်ဖျက်နိုင်ဖို့အတွက် အခုလိုငှားရမ်းလိုက်တာပါ။

ဒီအတွက်မန်စီးတီးအသုံးပြုမယ့်ရှေ့နေခကတစ်ရက်ကိုမြန်မာကျပ်ငွေနဲ့ဆိုရင်သိန်း ၄၀၀ နီးပါးရှိနေပါတယ်။ မန်စီးတီးဟာ ယူအီးအက်ဖ်အေကချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းကိုချိုးဖာက်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ပြိုင်ခွင့် ၂ နှစ်ပိတ်ပင်ခံထားရတဲ့အပြင် ဒဏ်ငွေပေါင် ၂၅ သန်းလည်းပေးဆောင်ရမှာဖြစ်ပါတယ်။

Photo – Internet

ဒီပြစ်ဒဏ်အတွက်အယူခံဝင်မှာဖြစ်ပြီး အထောက်အကူရစေဖို့ရှေ့နေကိုငှားရမ်းလိုက်တာဖြစ်ပါတယ်။ သူ့နာမည်က ဒေးဗစ်ပန်နစ်ခ်ဆိုသူဖြစ်ပြီး အသက် ၆၃ နှစ်ရှိပြီဖြစ်ကာ ဗြိတိန်ကို အီးယူကနေခွဲထွက်မယ့် Brexit ကိုနှောင့်နှေးအောင် ၂ ကြိမ်ပြုလုပ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာလက်ရှိမှာဗြိတိန်ရဲ့အကျော်ကြားဆုံးရှေ့နေတစ်ဦးလည်းဖြစ်ပါတယ်။

Photo – Internet

ပန်နစ်ခ်ဟာ တက်ကြွလှုပ်ရှားသူနဲ့ စီးပွားရေးသမားဖြစ်တဲ့ မစ္စဂီနာမီလာဘက်နေပြီး အရင်ဝန်ကြီးချုပ် ထရီဆာမေနဲ့ လက်ရှိဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့လက်ထက်မှာ Brexit ကိုနှောင့်နှေးအောင်လုပ်နိုင်ခဲ့သူပါ။ ပန်နစ်ခ်ဟာသူ့ရဲ့အဖွဲတွေနဲ့အတူ မန်စီးတီးဘက်ကနေဆောင်ရွက်ပေးရတော့မှာဖြစ်ပါတယ်။

Photo – Internet

ဒီလိုနာမည်ကျော်ရှေ့နေကိုငှားလိုက်တဲ့အတွက် မန်စီးတီးရဲ့ပြစ်ဒဏ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်တစားရှိနေကြပါတယ်။ မန်စီးတီးဟာ ဒီပြစ်ဒဏ်ကြောင့် ဘဏ္ဍာရေးကိုဆိုးရွားစွာထိခိုက်စေမယ့်အပြင် အဓိကကျသူတွေထွက်သွားမယ့်အရေးနဲ့လည်း ရင်ဆိုင်နေရတာပါ။

Photo – Internet

Zawgyi

ျပစ္ဒဏ္ရင္ဆိုင္ဖို႔ တစ္ရက္ကိုျမန္မာေငြသိန္း ၄၀၀ နီးပါးေပးရတဲ႔ေရွ႕ေနကို ငွားရမ္းလိုက္တဲ႔ မန္စီးတီး

မန္စီးတီးအသင္းဟာ ယူအီးအက္ဖ္ေအကခ်မွတ္ထားတဲ႔ ျပစ္ဒဏ္ကိုရင္ဆိုင္ေျဖရွင္းဖို႔အတြက္ တစ္ရက္ကိုစတာလင္ေပါင္ ၂၀၀၀၀ ေပးရတဲ႔နာမည္ေက်ာ္ေရွ႕ေနတစ္ဦးကိုငွားရမ္းလိုက္တယ္လို႔ သိရပါတယ္။ ယူအီးအက္ဖ္ေအက သူတို႔အေပၚ ခ်န္ပီယံလိဂ္၀င္ခြင့္ ၂ ႏွစ္ပိတ္ပင္ထားတာကို ပယ္ဖ်က္ႏိုင္ဖို႔အတြက္ အခုလိုငွားရမ္းလိုက္တာပါ။

ဒီအတြက္မန္စီးတီးအသုံးျပဳမယ္႔ေရွ႕ေနခကတစ္ရက္ကိုျမန္မာက်ပ္ေငြနဲ႔ဆိုရင္သိန္း ၄၀၀ နီးပါးရွိေနပါတယ္။ မန္စီးတီးဟာ ယူအီးအက္ဖ္ေအကခ်မွတ္ထားတဲ႔ ဘ႑ာေရးစည္းမ်ဥ္းကိုခ်ဳိးဖာက္ခဲ့လို႔ ခ်န္ပီယံလိဂ္၀င္ၿပိဳင္ခြင့္ ၂ ႏွစ္ပိတ္ပင္ခံထားရတဲ႔အျပင္ ဒဏ္ေငြေပါင္ ၂၅ သန္းလည္းေပးေဆာင္ရမွာျဖစ္ပါတယ္။

ဒီျပစ္ဒဏ္အတြက္အယူခံ၀င္မွာျဖစ္ၿပီး အေထာက္အကူရေစဖို႔ေရွ႕ေနကိုငွားရမ္းလိုက္တာျဖစ္ပါတယ္။ သူ႔နာမည္က ေဒးဗစ္ပန္နစ္ခ္ဆိုသူျဖစ္ၿပီး အသက္ ၆၃ ႏွစ္ရွိၿပီျဖစ္ကာ ၿဗိတိန္ကို အီးယူကေနခြဲထြက္မယ္႔ Brexit ကိုေႏွာင့္ေႏွးေအာင္ ၂ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ သူဟာလက္ရွိမွာၿဗိတိန္ရဲ႕အေက်ာ္ၾကားဆုံးေရွ႕ေနတစ္ဦးလည္းျဖစ္ပါတယ္။

ပန္နစ္ခ္ဟာ တက္ၾကြလႈပ္ရွားသူနဲ႔ စီးပြားေရးသမားျဖစ္တဲ႔ မစၥဂီနာမီလာဘက္ေနၿပီး အရင္၀န္ႀကီးခ်ဳပ္ ထရီဆာေမနဲ႔ လက္ရွိ၀န္ႀကီးခ်ဳပ္ ေဘာရစ္ဂြ်န္ဆင္တို႔လက္ထက္မွာ Brexit ကိုေႏွာင့္ေႏွးေအာင္လုပ္ႏိုင္ခဲ့သူပါ။ ပန္နစ္ခ္ဟာသူ႔ရဲ႕အဖြဲေတြနဲ႔အတူ မန္စီးတီးဘက္ကေနေဆာင္ရြက္ေပးရေတာ႔မွာျဖစ္ပါတယ္။

ဒီလိုနာမည္ေက်ာ္ေရွ႕ေနကိုငွားလိုက္တဲ႔အတြက္ မန္စီးတီးရဲ႔ျပစ္ဒဏ္ဘယ္လိုေျပာင္းလဲသြားမလဲဆိုတာ စိတ္၀င္တစားရွိေနၾကပါတယ္။ မန္စီးတီးဟာ ဒီျပစ္ဒဏ္ေၾကာင့္ ဘ႑ာေရးကိုဆိုးရြားစြာထိခိုက္ေစမယ္႔အျပင္ အဓိကက်သူေတြထြက္သြားမယ္႔အေရးနဲ႔လည္း ရင္ဆိုင္ေနရတာပါ။