ပထမအကျော့အိမ်ကွင်းမှာတင် ဘိုင်ယန်ကို ခြေပြတ်ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ ချဲလ်ဆီး

0
142

photo-daily mail

photo-gettyimages

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုးပြတ်နဲ့ ဒူးထောက်ခဲ့ရတာကြောင့် ချဲလ်ဆီးရဲ့ချန်ပီယံလိဂ်ကွာတားမျှော်လင့်ချက်ဟာ အဆုံးသတ်သလောက်ဖြစ်သွားခဲ့ပါပြီ။ ဒီရလဒ်ဟာ ဘာကိုဖော်ပြနေသလဲဆိုရင် လမ်းပတ်လက်ထက်ချဲလ်ဆီးဟာ ပြည်တွင်းမှာရော ဥရောပမှာပါ အရင်လိုပြန်ဖြစ်ဖို့အတွက် အများကြီးပြောင်းလဲလျှောက်လှမ်းရဦးမယ်ဆိုတာပါပဲ။ ဘိုင်ယန်ကတော့ သူတို့ရဲ့မြင့်မားတဲ့အရည်အသွေးကို ချဲလ်ဆီးနဲ့ပွဲမှာ ပြနိုင်ခဲ့တာပါ။

photo-reuters

ဘိုင်ယန်ဟာ ပထမပိုင်းမှာကတည်းက အိမ်ရှင်အသင်းအပေါ် စိုးမိုးကစားနိုင်ခဲ့ပြီး မူလာရဲ့ခေါင်းတိုက်ချက် ဂိုးဘားတန်ထိသွားခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး ၅ မိနစ်အကြာမှာတော့ လီဝန်ဒေါစကီးရဲ့ပြန်ချပေးမှုကနေ တောင်ပံံတိုက်စစ်ကစားသမားဂနာဘရီက ဘိုင်ယန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နောက် ၃ မိနစ်အကြာမှာလည်း ဂနာဘရီကပဲ ဂိုးအောက်ထောင့်ကို ကန်သွင်းပြီး ဘိုင်ယန်အတွက် ဒုတိယဂိုးဖြစ်စေခဲ့ပါတယ်။ ဂနာဘရီရဲ့ဆက်တိုက်သွင်းယူတဲ့အဲဒီ ၂ ဂိုးနဲ့အတူ ချဲလ်ဆီးဟာ ပြန်လာနိုင်မယ့်ပုံမရှိခဲ့ပါဘူး။ ၇၆ မိနစ်မှာတော့ ဖြတ်တင်ဘောကို လီဝန်ဒေါစကီးက ပိတ်သွင်းပြီး ဘိုင်ယန်အတွက် ပွဲသိမ်းဂိုးဖြစ်စေခဲ့ပါတယ်။ ၈၃ မိနစ်မှာ လီဝန်ဒေါစကီးကို ဘောလုံးမပါဘဲကြမ်းခဲ့တဲ့ ချဲလ်ဆီးရဲ့အလွန်ဆိုဟာ VAR ကြည့်ပြီးတော့ အထုတ်ခံလိုက်ရပါတယ်။

photo-reuters

ဘိုင်ယန်ဟာ အုပ်စုအဆင့်တုန်းကလည်း လန်ဒန်မြေမှာ စပါးကို ၇-၂ ဂိုးနဲ့ မှတ်မှတ်ရရနိုင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဘိုင်ယန်ရခဲ့တဲ့ ၇ ဂိုးထဲက ၄ ဂိုးကို ဂနာဘရီကပဲ သွင်းခဲ့တာပါ။ အခုလည်း လန်ဒန်မှာပဲ ချဲလ်ဆီးကိုဂိုးပြတ်နိုင်ရာမှာ ဂနာဘရီရဲ့သွင်းဂိုး ၂ ဂိုးက အရေးပါခဲ့ပါတယ်။ အခုဆိုရင် ၂၄ နှစ်အရွယ် အာဆင်နယ်ကြယ်ပွင့်ဟောင်းဂနာဘရီဟာ ဒီရာသီချန်ပီယံလိဂ် လန်ဒန်မြေက ၂ ပွဲမှာ ၆ ဂိုးတောင် သွင်းခဲ့ပါတယ်။

[Zawgyi]

ပထမအေက်ာ့အိမ္ကြင္းမွာတင္ ဘိုင္ယန္ကို ေျချပတ္ဂိုးျပတ္အေရးနိမ့္ခဲ့ရတဲ့ ခ်ဲလ္ဆီး

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဘိုင္ယန္ျမဴးနစ္ကို ၃ ဂိုးျပတ္နဲ႔ ဒူးေထာက္ခဲ့ရတာေၾကာင့္ ခ်ဲလ္ဆီးရဲ႕ခ်န္ပီယံလိဂ္ကြာတားေမွ်ာ္လင့္ခ်က္ဟာ အဆုံးသတ္သေလာက္ျဖစ္သြားခဲ့ပါၿပီ။ ဒီရလဒ္ဟာ ဘာကိုေဖာ္ျပေနသလဲဆိုရင္ လမ္းပတ္လက္ထက္ခ်ဲလ္ဆီးဟာ ျပည္တြင္းမွာေရာ ဥေရာပမွာပါ အရင္လိုျပန္ျဖစ္ဖုိ႔အတြက္ အမ်ားႀကီးေျပာင္းလဲေလွ်ာက္လွမး္ရဦးမယ္ဆိုတာပါပဲ။ ဘိုင္ယန္ကေတာ့ သူတုိ႔ရဲ႕ျမင့္မားတဲ့အရည္အေသြးကို ခ်ဲလ္ဆီးနဲ႔ပြဲမွာ ျပႏုိင္ခဲ့တာပါ။

ဘုိင္ယန္ဟာ ပထမပိုင္းမွာကတည္းက အိမ္ရွင္အသင္းအေပၚ စုိးမိုးကစားႏိုင္ခဲ့ၿပီး မူလာရဲ႕ေခါင္းတုိက္ခ်က္ ဂိုးဘားတန္ထိသြားခဲ့ပါတယ္။ ဒုတိယပိုင္းျပန္စၿပီး ၅ မိနစ္အၾကာမွာေတာ့ လီ၀န္ေဒါစကီးရဲ႕ျပန္ခ်ေပးမႈကေန ေတာင္ပံံတိုက္စစ္ကစားသမားဂနာဘရီက ဘိုင္ယန္အတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ေနာက္ ၃ မိနစ္အၾကာမွာလည္း ဂနာဘရီကပဲ ဂိုးေအာက္ေထာင့္ကို ကန္သြင္းၿပီး ဘိုင္ယန္အတြက္ ဒုတိယဂိုးျဖစ္ေစခဲ့ပါတယ္။ ဂနာဘရီရဲ႕ဆက္တိုက္သြင္းယူတဲ့အဲဒီ ၂ ဂုိးနဲ႔အတူ ခ်ဲလ္ဆီးဟာ ျပန္လာႏိုင္မယ့္ပုံမရွိခဲ့ပါဘူး။ ၇၆ မိနစ္မွာေတာ့ ျဖတ္တင္ေဘာကို လီ၀န္ေဒါစကီးက ပိတ္သြင္းၿပီး ဘိုင္ယန္အတြက္ ပြဲသိမ္းဂိုးျဖစ္ေစခဲ့ပါတယ္။ ၈၃ မိနစ္မွာ လီ၀န္ေဒါစကီးကို ေဘာလုံးမပါဘဲၾကမ္းခဲ့တဲ့ ခ်ဲလ္ဆီးရဲ႕အလြန္ဆိုဟာ VAR ၾကည့္ၿပီးေတာ့ အထုတ္ခံလိုက္ရပါတယ္။

ဘုိင္ယန္ဟာ အုပ္စုအဆင့္တုနး္ကလည္း လန္ဒန္ေျမမွာ စပါးကို ၇-၂ ဂိုးနဲ႔ မွတ္မွတ္ရရႏိုင္ခဲ့ဖူးပါတယ္။ အဲဒီတုန္းက ဘိုင္ယန္ရခဲ့တဲ့ ၇ ဂိုးထဲက ၄ ဂိုးကို ဂနာဘရီကပဲ သြင္းခဲ့တာပါ။ အခုလည္း လန္ဒန္မွာပဲ ခ်ဲလ္ဆီးကိုဂိုးျပတ္ႏိုင္ရာမွာ ဂနာဘရီရဲ႕သြင္းဂိုး ၂ ဂိုးက အေရးပါခဲ့ပါတယ္။ အခုဆိုရင္ ၂၄ ႏွစ္အရြယ္ အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဂနာဘရီဟာ ဒီရာသီခ်န္ပီယံလိဂ္ လန္ဒန္ေျမက ၂ ပြဲမွာ ၆ ဂိုးေတာင္ သြငး္ခဲ့ပါတယ္။