နောင်တအရဆုံးရောင်းချမှုက ဘယ်အသင်းပရိသတ်တွေဖြစ်မလဲ

Photo - Internet
Photo – Internet

ကလပ်ဘောလုံးလောကမှာ ကစားသမားအရောင်းအဝယ်ဆိုတာအမြဲတမ်းရှိနေလို့ ထူးဆန်းတဲ့ကိစ္စတော့မဟုတ်တော့ပါဘူး။ ဒါပေမယ့် ရောင်းချပြီးကာမှ နှမြောတသနဲ့ဖြစ်နေရတဲ့ သူတွေဆိုတာလည်း အမြဲတမ်းဆိုသလို ရှိနေပါတယ်။ ဒီတော့ ကစားသမားရောင်းချလိုက်မှုမှာ ဘယ်အသင်းပရိသတ်တွေက နောင်တအရဆုံးဖြစ်မလဲဆိုတာ မှန်းဆကြည့်ကြပါလား။

Express သတင်းစာကြီးရဲ့အဆိုအရ ကစားသမားရောင်းချလိုက်မှုမှာ နောင်တအရဆုံးဖြစ်ရတဲ့ ပရိသတ်တွေကတော့ မန်ယူအသင်းကိုအားပေးတဲ့သူတွေပါဘဲတဲ့။ ဒါဆိုပရိသတ်တွေအနေနဲ့ ဘယ်သူလဲဆိုတာ မှန်းဆလို့ရလောက်မှာပေါ့။ သူကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုပါဘဲ။

Photo – Internet

ကစားသမားရောင်းချလိုက်မှုမှာ နောင်တရခဲ့တဲ့ ပရိသတ်တွေအများကြီးရှိတဲ့အနက်က စီရော်နယ်ဒိုကိုရောင်းချလိုက်လို့ မန်ယူပရိသတ်တွေရဲ့နောင်တရမှုက ရာခိုင်နှုန်းအားဖြင့်ကြည့်မယ်ဆိုရင် ၉၂ တောင်ရှိပါသတဲ့။ သူဟာ ၂၀၀၃ တုန်းက စပို့တင်းလစ္စဘွန်းကနေ မန်ယူကိုပေါင် ၁၄ သန်းနီးပါးနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး မန်ယူရဲ့သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား စာရင်းဝင်ဖြစ်ခဲ့ပါတယ်။

Photo – Internet

သူဟာမန်ယူမှာရှိနေတဲ့ ၆ နှစ်တာကာလအတွင်း ၂၉၂ ပွဲကစားပြီး ၁၁၈ ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ မန်ယူနဲ့အတူ ပရီးမီးယားလိဂ် ၃ ကြိမ်၊ ပြည်တွင်းရှုံးထွက်ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ် တစ်ကြိမ်ရရှိခဲ့ပြီး ၂၀၀၈ မှာ Ballon d’Or ဆုကိုဆွတ်ခူးခဲ့ပါတယ်။ သူဟာပရီးမီးယားလိဂ်ကနေ Ballon d’Or ဆုဆွတ်ခူးခဲ့တဲ့ နောက်ဆုံးကစားသမားလည်းဖြစ်ပါတယ်။

Photo – Internet

လက်ရှိမှာအသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ၂၀၀၉ မှာရီးရဲလ်ကို အဲဒီတုန်းကကမ္ဘာ့စံချိန်တင်ကြေးပေါင်သန်း ၈၀ နဲ့ပြောင်းသွားခဲ့ပြီး ချန်ပီယံလိဂ် ၄ ကြိမ်နဲ့ Ballon d’Or ဆု ၄ ကြိမ်စီထပ်ရခဲ့ပါတယ်။ ရီးရဲလ်မှာသူ့စွမ်းဆောင်ရည်သိပ်ကောင်းခဲ့လို့ မန်ယူပရိသတ်တွေ နှမြောရဆုံးနဲ့ နောင်တအရဆုံးရောင်းချရမှုဖြစ်ခဲ့တာပါ။ သူ့နောက်မှာတော့ ကွန်ပနီကိုရောင်းချလိုက်လို့ မန်စီးတီးပရိသတ်တွေနောင်တရရှိမှုက ၈၈ ရာခိုင်ှုန်း၊ လီဝန်ဒေါစကီးကို ဘိုင်ယန်ဆီရောင်းချလိုက်လို့ ဒေါ့မန်ပရိသတ်တွေ နောင်တရမှုက ၈၅ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံး ၃ သင်းအဖြစ်ရပ်တည်နေေေကြောင်းပါ။

Photo – Internet

Zawgyi

ေနာင္တအရဆုံးေရာင္းခ်မႈက ဘယ္အသင္းပရိသတ္ေတြျဖစ္မလဲ

ကလပ္ေဘာလုံးေလာကမွာ ကစားသမားအေရာင္းအ၀ယ္ဆိုတာအၿမဲတမ္းရွိေနလို႔ ထူးဆန္းတဲ႔ကိစၥေတာ႔မဟုတ္ေတာ႔ပါဘူး။ ဒါေပမယ္႔ ေရာင္းခ်ၿပီးကာမွ ႏွေျမာတသနဲ႔ျဖစ္ေနရတဲ႔ သူေတြဆိုတာလည္း အၿမဲတမ္းဆိုသလို ရွိေနပါတယ္။ ဒီေတာ႔ ကစားသမားေရာင္းခ်လိုက္မႈမွာ ဘယ္အသင္းပရိသတ္ေတြက ေနာင္တအရဆုံးျဖစ္မလဲဆိုတာ မွန္းဆၾကည့္ၾကပါလား။

Express သတင္းစာႀကီးရဲ႕အဆုိအရ ကစားသမားေရာင္းခ်လိုက္မႈမွာ ေနာင္တအရဆုံးျဖစ္ရတဲ႔ ပရိသတ္ေတြကေတာ႔ မန္ယူအသင္းကိုအားေပးတဲ႔သူေတြပါဘဲတဲ႔။ ဒါဆိုပရိသတ္ေတြအေနနဲ႔ ဘယ္သူလဲဆိုတာ မွန္းဆလို႔ရေလာက္မွာေပါ့။ သူကေတာ႔ ကမၻာ႔အေကာင္းဆုံး ကစားသမားတစ္ဦးျဖစ္တဲ႔ စီေရာ္နယ္ဒိုပါဘဲ။

ကစားသမားေရာင္းခ်လိုက္မႈမွာ ေနာင္တရခဲ့တဲ႔ ပရိသတ္ေတြအမ်ားႀကီးရွိတဲ႔အနက္က စီေရာ္နယ္ဒိုကိုေရာင္းခ်လိုက္လို႔ မန္ယူပရိသတ္ေတြရဲ႕ေနာင္တရမႈက ရာခိုင္ႏႈန္းအားျဖင့္ၾကည့္မယ္ဆိုရင္ ၉၂ ေတာင္ရွိပါသတဲ႔။ သူဟာ ၂၀၀၃ တုန္းက စပို႔တင္းလစၥဘြန္းကေန မန္ယူကိုေပါင္ ၁၄ သန္းနီးပါးနဲ႔ေရာက္ရွိလာခဲ့သူျဖစ္ၿပီး မန္ယူရဲ႕သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမား စာရင္း၀င္ျဖစ္ခဲ့ပါတယ္။

သူဟာမန္ယူမွာရွိေနတဲ႔ ၆ ႏွစ္တာကာလအတြင္း ၂၉၂ ပြဲကစားၿပီး ၁၁၈ ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။ မန္ယူနဲ႔အတူ ပရီးမီးယားလိဂ္ ၃ ႀကိမ္၊ ျပည္တြင္းရႈံးထြက္ဖလား ၃ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ တစ္ႀကိမ္ရရွိခဲ့ၿပီး ၂၀၀၈ မွာ Ballon d’Or ဆုကိုဆြတ္ခူးခဲ့ပါတယ္။ သူဟာပရီးမီးယားလိဂ္ကေန Ballon d’Or ဆုဆြတ္ခူးခဲ့တဲ႔ ေနာက္ဆုံးကစားသမားလည္းျဖစ္ပါတယ္။

လက္ရွိမွာအသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ႔ စီေရာ္နယ္ဒိုဟာ ၂၀၀၉ မွာရီးရဲလ္ကို အဲဒီတုန္းကကမၻာ႔စံခ်ိန္တင္ေၾကးေပါင္သန္း ၈၀ နဲ႔ေျပာင္းသြားခဲ့ၿပီး ခ်န္ပီယံလိဂ္ ၄ ႀကိမ္နဲ႔ Ballon d’Or ဆု ၄ ႀကိမ္စီထပ္ရခဲ့ပါတယ္။ ရီးရဲလ္မွာသူ႔စြမ္းေဆာင္ရည္သိပ္ေကာင္းခဲ့လို႔ မန္ယူပရိသတ္ေတြ ႏွေျမာရဆုံးနဲ႔ ေနာင္တအရဆုံးေရာင္းခ်ရမႈျဖစ္ခဲ့တာပါ။ သူ႔ေနာက္မွာေတာ႔ ကြြန္ပနီကိုေရာင္းခ်လိုက္လို႔ မန္စီးတီးပရိသတ္ေတြေနာင္တရရွိမႈက ၈၈ ရာခိုင္ႈန္း၊ လီ၀န္ေဒါစကီးကို ဘိုင္ယန္ဆီေရာင္းခ်လိုက္လို႔ ေဒါ့မန္ပရိသတ္ေတြ ေနာင္တရမႈက ၈၅ ရာခိုင္ႏႈန္းနဲ႔ ထိပ္ဆုံး ၃ သင္းအျဖစ္ရပ္တည္ေနေေေၾကာင္းပါ။