တိုက်ဆိုင်မှုလား…ရှေ့ဖြစ်ဟောကိန်းသမားများလား…

0
1788

Photo Credit

Photo Credit

လီဗာပူးဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံဆု ရယူနိုင်ဖို့ သေချာသလောက်ရှိနေပြီး နည်းပြကလော့ပ်ထက် ပိုမိုတည်ငြိမ်သူရှိလောက်မယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလော့ပ်ဟာ လီဗာပူးနည်းပြဘ၀ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ၂၀၂၀ ရောက်ရင် ဒီအတိုင်းဖြစ်လာလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းခဲ့လို့ပါ။

Photo Credit

၂၀၁၅ အောက်တိုဘာလ ၈ရက်နေ့က လီဗာပူးနည်းပြအဖြစ် ကလော့ပ်မခန့်အပ်ခံရရင် အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် ၁၀ နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပြီး အဲဒီနှစ်မတိုင်ခင် နောက်ဆုံးရာသီမှာလည်း အဆင့် ၆ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂျာမနီနိုင်ငံသားက လီဗာပူးနည်းပြဘ၀ ပထမဆုံးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ လာမယ့် ၄နှစ်အတွင်း အနည်းဆုံးအမှတ်ပေးချန်ပီယံဆု ၁ကြိမ်ရရှိလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာပါ။

Photo Credit

“မနေ့ညက ကျွန်တော်တု့ိ စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဒီမနက်မှာတော့ လီဗာပူးနည်းပြအဖြစ် ကျွန်တော် အိပ်ယာကနေ နိုးလာပါတယ်။ ကျွန်တော့်ကို အချိန်တော့ပေးပါ။ ဒါပေမဲ့ လာမယ့် ၄နှစ်အတွင်း အမှတ်ပေးချန်ပီယံဆု ၁ကြိမ်ရလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ အဲဒီအတိုင်းဖြစ်မလာရင်တော့ ကျွန်တော်လည်း ဆွစ်ဇာလန်မှာ နောက်တစ်ခုသွားယူရပါလိမ့်မယ်”လို့ ကလော့ပ်က အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Photo Credit

လီဗာပူးဟာ ကလော့ပ်လက်ထက် အဖွင့် ၂ပွဲဖြစ်တဲ့ စပါး၊ ဆောက်သမ်တန်တို့နဲ့ ဆက်တိုက်သရေကျခဲ့ပေမယ့် ကလော့ပ်က သူ့ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ”ဒေါ့မွန်အသင်းကနေ ကျွန်တော် ထွက်ခွာဖြစ်တော့ တစ်ယောက်ယောက် ရောက်လာမှာက အရေးမကြီးဘူး။ တစ်ယောက်ယောက် ထွက်သွားမှသာ အရေးကြီးတာလို့ ပြောခဲ့ပါတယ်။။ အဲဒီလိုဆိုရင် ကိုယ် ထွက်ခွာချိန်မှာ မေ့မရနိုင်တဲ့နေ့ဖြစ်လာမှာပါ”

Photo Credit

”အမှတ်ပေးချန်ပီယံမဖြစ်တာ ၂၅နှစ်တောင်ရှိနေပြီဆိုတော့ အရမ်းကြာနေပါပြီ။ လာမယ့်အပတ်ထဲ ပထမအဆင့်တက်လှမ်းမှုကို မြင်တွေ့လိုပါတယ်။ လီဗာပူးက အလားအလာကောင်းတွေအများကြီး ပိုင်ဆိုင်ထားတဲ့ ဟဲဗီးအသင်းပါ။ အရာအားလုံးလည်း ရှိနေပါတယ်။ ဒီတော့ နည်းလမ်းအသစ်နဲ့ စတင်ဖို့ ကြိုးစားကြတာပေါ့”လို့ ပြောခဲ့ပါတယ်။

Photo Credit

လီဗာပူးဟာ ရာသီကုန်ဖို့ ၁၃ပွဲပဲ လိုတော့ချိန်မှာ ဒုတိယနေရာက ၂နှစ်ဆက် ချန်ပီယံ စီးတီးကို ၂၂ မှတ်အထိ ဖြတ်ထားပြီး တစ်ရာသီလုံးမှာ အမှတ်လျော့ခဲ့တာဆိုလို့ အောက်တိုဘာလအတွင်း ယူနိုက်တက်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲပါ။ လီဗာပူးက လက်ကျန် ၁၃ ပွဲကနေ ၆ပွဲနိုင်ရင်ပဲ အမှတ်ပေးချန်ပီယံဖြစ်တော့မှာဖြစ်ပြီး ဒါတောင်မှ စီးတီးက လက်ကျန်ပွဲတွေအနိုင်ရမှပါ။

Photo Credit

Zawgyi

တုိက္ဆုိင္မႈလား…ေရွ႕ျဖစ္ေဟာကိန္းသမားမ်ားလား…

လီဗာပူးဟာ ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆုံးအမွတ္ေပးခ်န္ပီယံဆု ရယူႏုိင္ဖုိ႔ ေသခ်ာသေလာက္ရွိေနၿပီး နည္းျပကေလာ့ပ္ထက္ ပိုမိုတည္ၿငိမ္သူရွိေလာက္မယ္မထင္ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကေလာ့ပ္ဟာ လီဗာပူးနည္းျပဘ၀ ပထမဆုံးသတင္းစာရွင္းလင္းပဲြမွာ ၂၀၂၀ ေရာက္ရင္ ဒီအတိုင္းျဖစ္လာလိမ့္မယ္လုိ႔ ႀကိဳတင္ခန္႔မွန္းခဲ့လုိ႔ပါ။
၂၀၁၅ ေအာက္တုိဘာလ ၈ရက္ေန႔က လီဗာပူးနည္းျပအျဖစ္ ကေလာ့ပ္မခန္႔အပ္ခံရရင္ အသင္းဟာ အမွတ္ေပးဇယားရဲ႕အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနခဲ့တာျဖစ္ၿပီး အဲဒီႏွစ္မတုိင္ခင္ ေနာက္ဆုံးရာသီမွာလည္း အဆင့္ ၆ ေနရာနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ ဒါေပမဲ့ ဂ်ာမနီႏိုင္ငံသားက လီဗာပူးနည္းျပဘ၀ ပထမဆုံးျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ လာမယ့္ ၄ႏွစ္အတြင္း အနည္းဆုံးအမွတ္ေပးခ်န္ပီယံဆု ၁ႀကိမ္ရရွိလိမ့္မယ္လုိ႔ ေဟာကိန္းထုတ္ခဲ့တာပါ။
“မေန႔ညက ကၽြန္ေတာ္တု႔ိ စာခ်ဳပ္ေပၚမွာ လက္မွတ္ေရးထိုးခဲ့ၿပီး ဒီမနက္မွာေတာ့ လီဗာပူးနည္းျပအျဖစ္ ကၽြန္ေတာ္ အိပ္ယာကေန ႏိုးလာပါတယ္။ ကၽြန္ေတာ့္ကို အခ်ိန္ေတာ့ေပးပါ။ ဒါေပမဲ့ လာမယ့္ ၄ႏွစ္အတြင္း အမွတ္ေပးခ်န္ပီယံဆု ၁ႀကိမ္ရလိမ့္မယ္လုိ႔ ထင္ပါတယ္။ တကယ္လုိ႔ အဲဒီအတုိင္းျဖစ္မလာရင္ေတာ့ ကၽြန္ေတာ္လည္း ဆြစ္ဇာလန္မွာ ေနာက္တစ္ခုသြားယူရပါလိမ့္မယ္”လုိ႔ ကေလာ့ပ္က အဲဒီသတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။
လီဗာပူးဟာ ကေလာ့ပ္လက္ထက္ အဖြင့္ ၂ပြဲျဖစ္တဲ့ စပါး၊ ေဆာက္သမ္တန္တုိ႔နဲ႔ ဆက္တိုက္သေရက်ခဲ့ေပမယ့္ ကေလာ့ပ္က သူ႕ရဲ႕ပထမဆုံးသတင္းစာရွင္းလင္းပြဲမွာ ”ေဒါ့မြန္အသင္းကေန ကၽြန္ေတာ္ ထြက္ခြာျဖစ္ေတာ့ တစ္ေယာက္ေယာက္ ေရာက္လာမွာက အေရးမႀကီးဘူး။ တစ္ေယာက္ေယာက္ ထြက္သြားမွသာ အေရးႀကီးတာလုိ႔ ေျပာခဲ့ပါတယ္။။ အဲဒီလိုဆုိရင္ ကုိယ္ ထြက္ခြာခ်ိန္မွာ ေမ့မရႏိုင္တဲ့ေန႔ျဖစ္လာမွာပါ”
”အမွတ္ေပးခ်န္ပီယံမျဖစ္တာ ၂၅ႏွစ္ေတာင္ရွိေနၿပီဆုိေတာ့ အရမ္းၾကာေနပါၿပီ။ လာမယ့္အပတ္ထဲ ပထမအဆင့္တက္လွမ္းမႈကို ျမင္ေတြ႕လိုပါတယ္။ လီဗာပူးက အလားအလာေကာင္းေတြအမ်ားႀကီး ပိုင္ဆုိင္ထားတဲ့ ဟဲဗီးအသင္းပါ။ အရာအားလုံးလည္း ရွိေနပါတယ္။ ဒီေတာ့ နည္းလမ္းအသစ္နဲ႔ စတင္ဖို႔ ႀကိဳးစားၾကတာေပါ့”လုိ႔ ေျပာခဲ့ပါတယ္။
လီဗာပူးဟာ ရာသီကုန္ဖုိ႔ ၁၃ပြဲပဲ လုိေတာ့ခ်ိန္မွာ ဒုတိယေနရာက ၂ႏွစ္ဆက္ ခ်န္ပီယံ စီးတီးကို ၂၂ မွတ္အထိ ျဖတ္ထားၿပီး တစ္ရာသီလုံးမွာ အမွတ္ေလ်ာ့ခဲ့တာဆုိလုိ႔ ေအာက္တိုဘာလအတြင္း ယူႏုိက္တက္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲပါ။ လီဗာပူးက လက္က်န္ ၁၃ ပြဲကေန ၆ပြဲႏိုင္ရင္ပဲ အမွတ္ေပးခ်န္ပီယံျဖစ္ေတာ့မွာျဖစ္ၿပီး ဒါေတာင္မွ စီးတီးက လက္က်န္ပြဲေတြအႏိုင္ရမွပါ။