ကန်တီကို ကာလတို လက်လွှတ်ရမယ့်အပြင် ပူလီဆစ် အတွက် သတင်းဆိုးကိုပါ ထုတ်ပြန်ကြေငြာလာခဲ့တဲ့ လမ်းပတ်

0
120

ချဲလ်ဆီးအသင်းရဲ့ နည်းပြလမ်းပတ်ကတော့ အန်ဂိုလိုကန်တီရဲ့ ဒဏ်ရာကို ၃ ပတ်လောက်သာ နားရဖို့ မျှော်လင့်နေပြီး ခရစ်စတီယန်ပူလီဆစ်ရဲ့ ဒဏ်ရာအခြေနေကတေ့ာ ဘယ်အချိန်မှ သက်သာမယ်ဆိုတာ မသိရသေးဘူးလိ့ု ပြောပါတယ်။
ကမ္ဘာ့ဖလားရရှိခဲ့ဖူးတဲ့ ကွင်းလယ်လူ ကန်တီဟာ ယူနိုက်တက်အသင်းကို ၂-ဝနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာ ပွဲချိန် ၁၂ မိနစ်မှာတင် ကန်တီက ဒဏ်ရာရရှိသွားခဲ့ပြီး ဥမင်ထဲကို ဝင်သွားခဲ့တာပါ ။ လမ်းပတ်က ပြင်သစ်သားကွင်းလယ်လူဟာ လာမယ့်ပွဲစဉ်တွေမှာတော့ အရန်ခုံမှာပဲ ထိုင်နေရမယ်လို့ ဝန်ခံခဲ့ပါတယ်။
အမေရိကန်ကြယ်ပွင့် ပူလီဆစ်ကလည်း ခြေသလုံးကြွက်သားဒဏ်ရာကနေ ပြန်လည်သက်သာခြင်းမရှိသေးဘဲ ဘယ်အချိန် ပြန်သက်သာမယ်ဆိုတာလဲ မပြောနိုင်သေးတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းရဲ့ ရူဘင်လိုတပ်ဖ်ချိက လန်ဒန်ဒါဘီပွဲစဉ်အဖြစ် စနေနေ့မှာ စပါးအသင်းနဲ့ ပွဲစဉ်တွင် ဒီရာသီ ပထမဆုံးပွဲအဖြစ် ပြန်လည်ပါဝင်နိုင်တော့မှာ ဖြစ်ပါတယ်။
နှာခေါင်းရိုးကျိုးသွားခဲ့တဲ့ ခရစ်စတီယန်ဆန်လည်း ပြန်လည်သက်သာလာပြီဖြစ်ကာ Mask တပ်ပြီး ကစားမှာဖြစ်ပါတယ်။


ဖေဖော်ဝါရီ ၁ ရက်နေ့ လက်စတာအသင်းကို ၂-၂ ဂိုးသရေကျခဲ့တဲ့ ပွဲစဉ်ကတည်းက အနားယူနေရတဲ့ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် တမ်မီအေဘရာဟမ်ကလည်း အသင်းနဲ့ ပြန်လည်ပူးပေါင်းနေပါပြီ ။
အသင်းသားတွေရဲ့ ဒဏ်ရာအခြေအနေကို လမ်းပတ်က ” ကန်တီရဲ့ကြွက်သားဒဏ်ရာက မသက်သာသေးပါဘူး ။ သုံးပတ်လောက်ပဲ နားရဖို့ မျှော်လင့်ပါတယ်။ ပူလီဆစ်ကတော့ ဆိုးရွားတဲ့ ဒဏ်ရာကြောင့် ဘယ်ချိန်သက်သာမယ်ဆိုတာ မပြောတတ်သေးပါဘူး ။
ရူဘင်က စတင်ကစားဖို့တော့ အဆင်မပြေသေးပါဘူး ဒါပေမယ့် လူစာရင်းမှာတော့ ထည့်ထားပါတယ် ။ အန်ဒရီယာက Mask တပ်ပြီး အသင်းနဲ့ လေ့ကျင့်နေပါတယ်။ လူစာရင်းမှာ ရွေးချယ်လို့ရပါတယ်။ တမ်မီက ပြီးခဲ့တဲ့ ၂ ရက်ကတည်းက အသင်းနဲ့ လေ့ကျင့်နေပါတယ်။
ကြံ့ခိုင်မှုက ၇၀ ရာခိုင်နှုန်းလောက်တေ့ာ ရှိပါတယ် ။ သူက အသင်းလူစာရင်းမှာ ပါပါတယ် “လို့ သတင်းတွေကို ပြောပြသွားခဲ့ပါတယ်။