၂၀၁၉ ရဲ့ဥရောပအကောင်းဆုံးဘရာဇီးကစားသမားဆုကို ဆွတ်ခူးသွားတဲ့ ဂိုးသမားအယ်လစ်ဆန်

photo-squawka

photo-gettyimages

လီဗာပူးဂိုးသမားအယ်လစ်ဆန်ဟာ ၂၀၁၉ ရဲ့ဥရောပအကောင်းဆုံးဘရာဇီးကစားသမားဆုဖြစ်တဲ့ Samba Gold ဆုကို ရရှိသွားခဲ့ကြောင်း သိရပါတယ်။ သူဟာ အဲဒီဆုအတွက် လီဗာပူးအသင်းဖော်ဖာမီနိုကို ကျော်ဖြတ်ခဲ့ရပြီး ပီအက်စ်ဂျီတိုက်စစ်မှုးနေမာကတော့ အဆင့် ၅ နေရာသာရရှိခဲ့တာပါ။ အယ်လစ်ဆန်ဟာ ဥရောပရောက်အကောင်းဆုံးဘရာဇီးကစားသမားဆုအတွက် မဲပေးမှုရဲ့၃၅.၅၄ ရာခိုင်နှုန်းကိုရရှိခဲ့ပြီး တိုက်စစ်မှုးဖာမီနိုက ၂၃.၄၈ ရာခိုင်နှုန်းရရှိခဲ့တာပါ။

photo-gettyimages

၂၀၀၈ ကတည်းက ရွေးချယ်ချီးမြှင့်လာတဲ့ ဒီဆုသမိုင်းမှာတော့ အယ်လစ်ဆန်ဟာ ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးဂိုးသမားလည်း ဖြစ်လာခဲ့ပါတယ်။ အယ်လစ်ဆန်မတိုင်ခင် ဒီဆုကို နောက်ဆုံးရရှိခဲ့သူက ဖာမီနိုဖြစ်ပြီး သူ့အရင် နေမာ၊ကော်တင်ဟိုနဲ့ ကာကာတို့လည်း ရရှိခဲ့ဖူးပါတယ်။ ဒီဆုအတွက် ပရိသတ်တွေ၊ဂျာနယ်လစ်တွေနဲ့ ကစားသမားဟောင်းတွေက မဲပေးရွေးချယ်ပေးခဲ့ကြတာပါ။

photo-gettyimages

၂၇ နှစ်အရွယ် အယ်လစ်ဆန်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကလပ်အသင်းလီဗာပူးနဲ့အတူ ချန်ပီယံလိဂ်၊ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့မှာ ဗိုလ်စွဲခဲ့ပါတယ်။ ဒါ့အပြင် သူဟာ နိုင်ငံအသင်းဘရာဇီးနဲ့လည်း ပြီးခဲ့တဲ့နှစ်ကိုပါအမေရိကပြိုင်ပွဲမှာ ဖလားကိုင်မြှောက်နိုင်ခဲ့ပါတယ်။ အယ်လစ်ဆန်ဟာ ၂၀၁၉ အတွင်းမှာ ဖီဖာနဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းတို့ရဲ့အကောင်းဆုံးဂိုးသမားဆုတွေအပြင် တခြားတစ်ဦးချင်းဆုတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

[Zawgyi]

၂၀၁၉ ရဲ႕ဥေရာပအေကာင္းဆုံးဘရာဇီးကစားသမားဆုကို ဆြတ္ခူးသြားတဲ့ ဂိုးသမားအယ္လစ္ဆန္

လီဗာပူးဂိုးသမားအယ္လစ္ဆန္ဟာ ၂၀၁၉ ရဲ႕ဥေရာပအေကာင္းဆုံးဘရာဇီးကစားသမားဆုျဖစ္တဲ့ Samba Gold ဆုကို ရရွိသြားခဲ့ေၾကာင္း သိရပါတယ္။ သူဟာ အဲဒီဆုအတြက္ လီဗာပူးအသင္းေဖာ္ဖာမီႏိုကို ေက်ာ္ျဖတ္ခဲ့ရၿပီး ပီအက္စ္ဂ်ီတိုက္စစ္မႈးေနမာကေတာ့ အဆင့္ ၅ ေနရာသာရရွိခဲ့တာပါ။ အယ္လစ္ဆန္ဟာ ဥေရာပေရာက္အေကာင္းဆုံးဘရာဇီးကစားသမားဆုအတြက္ မဲေပးမႈရဲ႕၃၅.၅၄ ရာခိုင္ႏႈန္းကိုရရွိခဲ့ၿပီး တိုက္စစ္မႈးဖာမီႏိုက ၂၃.၄၈ ရာခိုင္ႏႈန္းရရွိခဲ့တာပါ။

၂၀၀၈ ကတည္းက ေရြးခ်ယ္ခ်ီးျမွင့္လာတဲ့ ဒီဆုသမိုင္းမွာေတာ့ အယ္လစ္ဆန္ဟာ ဆြတ္ခူးႏိုင္ခဲ့တဲ့ ပထမဆုံးဂိုးသမားလည္း ျဖစ္လာခဲ့ပါတယ္။ အယ္လစ္ဆန္မတိုင္ခင္ ဒီဆုကို ေနာက္ဆုံးရရွိခဲ့သူက ဖာမီႏိုျဖစ္ၿပီး သူ႔အရင္ ေနမာ၊ေကာ္တင္ဟိုနဲ႔ ကာကာတို႔လည္း ရရွိခဲ့ဖူးပါတယ္။ ဒီဆုအတြက္ ပရိသတ္ေတြ၊ဂ်ာနယ္လစ္ေတြနဲ႔ ကစားသမားေဟာင္းေတြက မဲေပးေရြးခ်ယ္ေပးခဲ့ၾကတာပါ။

၂၇ ႏွစ္အရြယ္ အယ္လစ္ဆန္ဟာ ၿပီးခဲ့တဲ့ႏွစ္အတြငး္မွာ ကလပ္အသင္းလီဗာပူးနဲ႔အတူ ခ်န္ပီယံလိဂ္၊ဥေရာပစူပါဖလားနဲ႔ ကလပ္ကမာၻ႔ဖလားတို႔မွာ ဗုိလ္စြဲခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ ႏိုင္ငံအသင္းဘရာဇီးနဲ႔လည္း ၿပီးခဲ့တဲ့ႏွစ္ကိုပါအေမရိကၿပိဳင္ပြဲမွာ ဖလားကိုင္ေျမွာက္ႏိုင္ခဲ့ပါတယ္။ အယ္လစ္ဆန္ဟာ ၂၀၁၉ အတြင္းမွာ ဖီဖာနဲ႔ ျပင္သစ္ေဘာလုံးမဂၢဇင္းတို႔ရဲ႕အေကာင္းဆုံးဂိုးသမားဆုေတြအျပင္ တျခားတစ္ဦးခ်င္းဆုေတြကိုလည္း သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။