၁ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးနဲ့ လီဗာပူးရဲ့အကောင်းဆုံးဒီဇင်ဘာဆုရှင်ဖြစ်လာတဲ့ အာနိုး

photo-liverpool

photo-gettyimages

ဒီဇင်ဘာလအတွက် အကောင်းဆုံးလီဗာပူးကစားသမားဆုကို နောက်ခံလူအလက်ဇန္ဒားအာနိုးက ဆွတ်ခူးရရှိသွားပါတယ်။ အဲဒီအင်္ဂလန်ညာနောက်ခံလူဟာ ပရီးမီးယားလိဂ်မှာ အမှတ်ဖြတ်ဦးဆောင်နိုင်မှု၊ ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်တက်ရောက်နိုင်မှုနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမှုတို့နဲ့ အမှတ်ရဖွယ်လတစ်လမှာ လီဗာပူးအတွက် အဓိကကျသူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဲဒီလအတွင်း ပြိုင်ပွဲအရပ်ရပ် ၈ ပွဲမှာ အာနိုးဟာ ၁ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးနိုင်ခဲ့တာပါ။

photo-gettyimages

အဲဒီလမှာ သူ့ရဲ့အကောင်းဆုံးပွဲကတော့ ဘောက်ဆင်ဒေးပရီးမီးယားလိဂ်မှာ အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်ခဲ့တဲ့ လက်စတာနဲ့ပွဲဖြစ်ပြီး ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ ၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ ၂၁ နှစ်အရွယ်အာနိုးဟာ ဒီဆုအတွက် ဒုတိယနေရာက ဖာမီနို၊ တတိယနေရာက ဆာလာတို့ကို ကျော်ဖြတ်ခဲ့ရပြီး ပရိသတ်တွေရဲ့မဲပေးမှုမှာ အများဆုံးရရှိခဲ့တာပါ။ အာနိုးမတိုင်ခင် ဒီရာသီလီဗာပူးရဲ့လအလိုက်အကောင်းဆုရှင်တွေက မာနီ၊ချမ်ဘာလိန်၊ဖာမီနိုနဲ့ ဆာလာတို့ဖြစ်ကြပါတယ်။

photo-liverpool

မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းမှာ ဆုလက်ခံရယူပြီးနောက် အာနိုးက”ပရိသတ်တွေက ပေးတာဆိုတော့ ကျွန်တော့်အတွက် ဒါဟာ ကြီးမားတဲ့ဆုတစ်ဆုပါ။ ဒါကြောင့် အများကြီးလည်း အဓိပ္ပါယ်ရှိပါတယ်။ တစ်ခုလုံးခြုံရင် ကလပ်အတွက်လည်း လကောင်းတစ်လဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဖလားတစ်လုံးရခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ရလဒ်ကောင်းအချို့ရခဲ့တာပါ။ ကျွန်တော် တကယ်ကိုဂုဏ်ယူရပြီး ဒီအရှိန်လေးကို ကျွန်တော်တို့ ဆက်ထိန်းသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ လီဗာပူးအသင်းဝက်ဘ်ဆိုဒ်ကို ပြောကြားခဲ့ပါတယ်။

[Zawgyi]

၁ ဂိုးသြင္း၊ ၄ ဂိုးဖန္တီးနဲ႔ လီဗာပူးရဲ႕အေကာင္းဆုံးဒီဇင္ဘာဆုရွင္ျဖစ္လာတဲ့ အာႏိုး

ဒီဇင္ဘာလအတြက္ အေကာင္းဆုံးလီဗာပူးကစားသမားဆုကုိ ေနာက္ခံလူအလက္ဇႏၵားအာႏိုးက ဆြတ္ခူးရရွိသြားပါတယ္။ အဲဒီအဂၤလန္ညာေနာက္ခံလူဟာ ပရီးမီးယားလိဂ္မွာ အမွတ္ျဖတ္ဦးေဆာင္ႏိုင္မႈ၊ ခ်န္ပီယံလိဂ္မွာ ရႈံးထြက္အဆင့္တက္ေရာက္ႏိုင္မႈနဲ႔ ဖီဖာကလပ္ကမာၻ႔ဖလားမွာ ဗုိလ္စြဲမႈတို႔နဲ႔ အမွတ္ရဖြယ္လတစ္လမွာ လီဗာပူးအတြက္ အဓိကက်သူေတြထဲက တစ္ေယာက္ျဖစ္ခဲ့ပါတယ္။ အဲဒီလအတြင္း ၿပိဳင္ပြဲအရပ္ရပ္ ၈ ပြဲမွာ အာႏိုးဟာ ၁ ဂိုးသြင္း၊ ၄ ဂိုးဖန္တီးႏိုင္ခဲ့တာပါ။

အဲဒီလမွာ သူ႔ရဲ႕အေကာင္းဆုံးပြဲကေတာ့ ေဘာက္ဆင္ေဒးပရီးမီးယားလိဂ္မွာ အနီးကပ္ဆုံးၿပိဳင္ဘက္ျဖစ္ခဲ့တဲ့ လက္စတာနဲ႔ပြဲျဖစ္ၿပီး ၄-၀ ဂိုးနဲ႔ အႏိုင္ရခ့ဲတ့ဲအဲဒီပြဲမွာ ၁ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးႏိုင္ခဲ့တာပါ။ ၂၁ ႏွစ္အရြယ္အာႏိုးဟာ ဒီဆုအတြက္ ဒုတိယေနရာက ဖာမီႏို၊ တတိယေနရာက ဆာလာတို႔ကို ေက်ာ္ျဖတ္ခဲ့ရၿပီး ပရိသတ္ေတြရဲ႕မဲေပးမႈမွာ အမ်ားဆုံးရရွိခဲ့တာပါ။ အာႏုိးမတိုင္ခင္ ဒီရာသီလီဗာပူးရဲ႕လအလိုက္အေကာင္းဆုရွင္ေတြက မာနီ၊ခ်မ္ဘာလိန္၊ဖာမီႏိုနဲ႔ ဆာလာတုိ႔ျဖစ္ၾကပါတယ္။

မဲလ္၀ုဒ္ေလ့က်င့္ေရးကြင္းမွာ ဆုလက္ခံရယူၿပီးေနာက္ အာႏိုးက”ပရိသတ္ေတြက ေပးတာဆိုေတာ့ ကၽြန္ေတာ့္အတြက္ ဒါဟာ ႀကီးမားတဲ့ဆုတစ္ဆုပါ။ ဒါေၾကာင့္ အမ်ားႀကီးလည္း အဓိပၸါယ္ရွိပါတယ္။ တစ္ခုလုံးၿခံဳရင္ ကလပ္အတြက္လည္း လေကာင္းတစ္လျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔ ဖလားတစ္လုံးရခဲ့သလုိ ပရီးမီးယားလိဂ္မွာလည္း ရလဒ္ေကာင္းအခ်ိဳ႕ရခဲ့တာပါ။ ကၽြန္ေတာ္ တကယ္ကိုဂုဏ္ယူရၿပီး ဒီအရွိန္ေလးကို ကၽြန္ေတာ္တုိ႔ ဆက္ထိန္းသြားႏိုင္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္”လုိ႔ လီဗာပူးအသင္း၀က္ဘ္ဆိုဒ္ကို ေျပာၾကားခဲ့ပါတယ္။