အူဘာမီယန်းရဲ့ အနီကဒ်နဲ့ နှိုင်းယှဉ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုကိုခံနေရတဲ့ ရောဘတ်ဆန်

0
277

ယမန်နေ့ညပွဲစဉ်မှာတော့ လီဗယပူးအသင်းဟာ တော့တင်ဟမ်အသင်းကို ဖာမီနိုရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး ၁၂ ပွဲဆက်အနိုင်စံချိန်နဲ့အတူ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်သွားနိုင်ခဲ့ပါတယ်

ဒီပွဲစဉ်မှာဒိုင်ဖြစ်သူရဲ့ဆုံးဖြတ်ချက်တွေဟာ အငြင်းပွားဖွယ်ရာဖြစ်တယ်လို့ ပရိသတ်အများစုက ဝေဖန်နေကြတာပါ အထူးသဖြင့် စပါးလူငယါ တန်ဂန်ဂါ ကို ရောဘတ်ဆန်ဖျက်ထုတ်ခဲ့တာဟာ အနီကဒ်နဲ့ ထိုက်တန်တယ်လို့ဆိုခဲ့ကြတာဖြစ်ပြီး ဒိုင်လူကြီးကတော့ လျစ်လျူရှုသွားခဲ့တာပါ

ရုပ်သံအနှေးပြကွက်မှာတော့ ရောဘတ်ဆန်ဟာ တန်ဂန်ဂါကို ဖြတ်နင်းမိခဲ့တာဖြစ်ပြီး ဒီလိုမျိုး ဖြတ်နင်းခဲ့တဲ့ပုံစံမျိုးကိုမက်စ်မီယာကို ဖျက်ထုတ်မိခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှုး အူဘာမီယန်းကိုတော့ VAR ပြန်ကြည့်ကာ အနီကဒ်နဲ့ထုတ်ပယ်ခဲ့တာ ဖြစ်ပေမယ့် ရောဘတ်ဆန်ကိုတော့ အရေးယူခြင်းမရှိခဲ့တာပါ

ဒီဖျက်ထုတ်မှု ၂ ခုကို နှိုင်းယှဉ်ကာ ပရိသတ်တွေက ဝေဖန်ခဲ့ကြတာဖြစ်ပြီး အူဘာမီယန်းဟာ အနီကဒ်ပြခံခဲ့ရပေမယ့် ရောဘတ်ဆန်ကတော့ အဝါကဒ်တောင်ပြသခံရခြင်းမရှိခဲ့တာကို ထောက်ပြခဲ့ကြတာပဲဖြစ်ပါတယ်