အူဘာမီယန်းရဲ့ခြေရာ ဟာလန်း လိုက်နင်းနိုင်ဖို့ မာကိုရူးစ် မျှော်လင့်

Photo Credit

Photo Credit

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်က ပွဲဦးထွက်မှာ လူစားဝင်လာပြီးနောက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးသစ် ဟာလန်းအနေနဲ့ တိုက်စစ်မှူးဟောင်း အူဘာမီယန်းရဲ့ခြေရာ လိုက်နင်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။

Photo Credit

ယခုလအစောပိုင်းက ဆဲလ်ဘတ်ကနေ ရောက်ရှိလာခဲ့တဲ့ ဟာလန်းဟာ မနေ့ညက အော့စ်ဘတ်နဲ့ပွဲမှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်နေချိန် လူစားဝင်လာတာဖြစ်ပြီး အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဟက်ထရစ်သွင်းယူကာ ဒေါ့မွန်လည်း ၃-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit

ဒေါ့မွန်ဟာ အမှတ်ပေးဇယားထိပ်ဆုံးက လိုက်ပ်ဇစ်နဲ့ ၇ မှတ်အကွာ အဆင့် ၄နေရာမှာ ရပ်တည်နေပြီး တိုက်စစ်မှူး မာကိုရူးစ်က ၂၀၁၈ ဇန်နဝါရီလမှာ အာဆင်နယ်အသင်းကို မပြောင်းရွှေ့ခင် ဒေါ့မွန်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အူဘာမီယန်းရဲ့ပုံစံအတိုင်း နော်ဝေလက်ရွေးစင်လည်း ခြေစွမ်းပြနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။

Photo Credit

”သူက အရမ်းအေးဆေးတည်ငြိမ်ပေမယ့် ရည်မှန်းချက်ကတော့ ကြီးမားပါတယ်။ ပြီးတော့ လေ့ကျင့်ခန်းဆင်းတာလည်း အရမ်းကို အပင်ပန်းခံပါတယ်။ အူဘာမီယန်းကလည်း ဒေါ့မွန်အတွက် ပွဲဦးထွက်အဖြစ် အော့စ်ဘတ်နဲ့ပွဲမှာ ကစားခဲ့ပြီး ဟာလန်းလိုပဲ ၃ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဟာလန်းလည်း အူဘာမီယန်းလိုဖြစ်လာဖို့ မျှော်လင့်ပါတယ်”လို့ မာကိုရူးစ်က ပြောပါတယ်။

Photo Credit

ဟာလန်းဟာ ပထမရာသီဝက်မှာ ဟက်ထရစ် ၅ကြိမ်အပါအဝင် ၂၂ ပွဲကစား ၂၈ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဥရောပအသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်ခဲ့ပြီး အထူးသဖြင့် ယူနိုက်တက်ကို ရောက်ရှိဖို့ သတင်းကြီးခဲ့ပါတယ်။ ဒါပေမဲ့ ဒေ့ါမွန်က လက်ဦးမှုရယူနိုင်ခဲ့ပြီး ဟာလန်းရဲ့ဖခင်ဖြစ်သူကလည်း သားဖြစ်သူ ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်လို့ ပျော်ရွှင်မိကြောင်း ဆိုပါတယ်။

Photo Credit

(Zawgyi)

အူဘာမီယန္းရဲ႕ေျခရာ ဟာလန္း လုိက္နင္းႏိုင္ဖို႔ မာကို႐ူးစ္ ေမွ်ာ္လင့္

ေဒါ့မြန္အသင္းေခါင္းေဆာင္ မာကို႐ူးစ္က ပြဲဦးထြက္မွာ လူစား၀င္လာၿပီးေနာက္ ဟက္ထရစ္သြင္းယူႏုိင္ခဲ့တဲ့ တုိက္စစ္မွဴးသစ္ ဟာလန္းအေနနဲ႔ တုိက္စစ္မွဴးေဟာင္း အူဘာမီယန္းရဲ႕ေျခရာ လိုက္နင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။
ယခုလအေစာပိုင္းက ဆဲလ္ဘတ္ကေန ေရာက္ရွိလာခဲ့တဲ့ ဟာလန္းဟာ မေန႔ညက ေအာ့စ္ဘတ္နဲ႔ပြဲမွာ ၃-၁ ဂိုးနဲ႔ အေရးနိမ့္ေနခ်ိန္ လူစား၀င္လာတာျဖစ္ၿပီး အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ဟက္ထရစ္သြင္းယူကာ ေဒါ့မြန္လည္း ၃-၅ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။
ေဒါ့မြန္ဟာ အမွတ္ေပးဇယားထိပ္ဆုံးက လုိက္ပ္ဇစ္နဲ႔ ၇ မွတ္အကြာ အဆင့္ ၄ေနရာမွာ ရပ္တည္ေနၿပီး တုိက္စစ္မွဴး မာကို႐ူးစ္က ၂၀၁၈ ဇန္န၀ါရီလမွာ အာဆင္နယ္အသင္းကို မေျပာင္းေရႊ႕ခင္ ေဒါ့မြန္မွာ ေျခစြမ္းျပႏုိင္ခဲ့တဲ့ အူဘာမီယန္းရဲ႕ပုံစံအတုိင္း ေနာ္ေ၀လက္ေရြးစင္လည္း ေျခစြမ္းျပႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ဆုိပါတယ္။
”သူက အရမ္းေအးေဆးတည္ၿငိမ္ေပမယ့္ ရည္မွန္းခ်က္ကေတာ့ ႀကီးမားပါတယ္။ ၿပီးေတာ့ ေလ့က်င့္ခန္းဆင္းတာလည္း အရမ္းကို အပင္ပန္းခံပါတယ္။ အူဘာမီယန္းကလည္း ေဒါ့မြန္အတြက္ ပြဲဦးထြက္အျဖစ္ ေအာ့စ္ဘတ္နဲ႔ပြဲမွာ ကစားခဲ့ၿပီး ဟာလန္းလုိပဲ ၃ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ဟာလန္းလည္း အူဘာမီယန္းလုိျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္”လုိ႔ မာကို႐ူးစ္က ေျပာပါတယ္။
ဟာလန္းဟာ ပထမရာသီ၀က္မွာ ဟက္ထရစ္ ၅ႀကိမ္အပါအ၀င္ ၂၂ ပြဲကစား ၂၈ ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ဥေရာပအသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္ခဲ့ၿပီး အထူးသျဖင့္ ယူႏုိက္တက္ကို ေရာက္ရွိဖို႔ သတင္းႀကီးခဲ့ပါတယ္။ ဒါေပမဲ့ ေဒ့ါမြန္က လက္ဦးမႈရယူႏိုင္ခဲ့ၿပီး ဟာလန္းရဲ႕ဖခင္ျဖစ္သူကလည္း သားျဖစ္သူ ပြဲဦးထြက္မွာ ေျခစြမ္းျပႏုိင္လုိ႔ ေပ်ာ္ရႊင္မိေၾကာင္း ဆုိပါတယ္။