အာဆင်နယ်ရှုံးပွဲအပြီးက ဆိုးလ်ရှားရဲ့အင်တာဗျူးကိုကြည့်ပြီး နားမလည်နိုင်ဖြစ်ခဲ့တဲ့ ဗန်ပါစီ

photo-daily mail

photo-BT Sport 1

သူ့အသင်းဟောင်းနှစ်သင်းရဲ့ပွဲစဉ်အတွက် အာဆင်နယ်နဲ့မန်ယူတိုက်စစ်မှုးဟောင်းဗန်ပါစီဟာ အဲဒီပွဲတိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ BT Sport စတူဒီယိုထဲ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ပွဲအပြီး မန်ယူနည်းပြဆိုးလ်ရှားရဲ့အင်တာဗျူးကိုကြည့်ပြီးတော့ ဒေါသထွက်သွားပုံရပါတယ်။ ဗန်ပါစီဟာ မန်ယူနောက်ခံလူဟောင်းဖာဒီနန်နဲ့အတူ အဲဒီပွဲရဲ့သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲဒီပွဲအပြီး ဆိုးလ်ရှားရဲ့ပြောဆိုပြူမူပုံကို ဝေဖန်သွားခဲ့တာပါ။

photo-BT Sport 1

အဲဒီပွဲမှာ အာဆင်နယ်ဟာ ပီပီနဲ့ဆိုကရာတစ်တို့ရဲ့ပထမပိုင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ မန်ယူဟာ ပြန်လည်ရုန်းထနိုင်ခြင်း မရှိခဲ့ပါဘူး။ အာတီတာရဲ့အာဆင်နယ်နည်းပြဘ၀ ပထမဆုံးနိုင်ပွဲဖြစ်ပြီး မန်ယူကတော့ ဒီရာသီပထမဆုံးအကြိမ်အဖြစ် ပွဲကြီးရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။ ပွဲပြီးသွားချိန် BT Sport နဲ့ အင်တာဗျူးလုပ်တော့ မန်ယူနည်းပြဆိုးလ်ရှားဟာ သူ့အသင်းရှုံးနိမ့်ခဲ့ပေမယ့် ပြုံးရွှင်စွာနဲ့ ဖြေကြားမှုပြုလုပ်ခဲ့တာပါ။

photo-BT Sport 1

”ဆိုးလ်ရှားကိုကြည့်လိုက်တော့ တကယ့်ကို လူကောင်းတစ်ယောက်လိုပါပဲ။ ကျွန်တော်ကတော့ သူ့ကို နည်းနည်းလေးတုန်လှုပ်စေချင်ပြီး နည်းနည်းလေးလည်း ခက်ထန်စေချင်ပါတယ်။ ဒီလိုပွဲမျိုးအပြီးမှာ သူဟာ ပြုံးနေခဲ့တာပါ။ ဒီအချိန်ဟာ ပြုံးနေရမယ့်အချိန် မဟုတ်ပါဘူး”လို့ BT Sport ရုပ်သံမှာ ဗန်ပါစီက ပြောခဲ့တာပါ။

[Zawgyi]

အာဆင္နယ္ရႈံးပြဲအၿပီးက ဆုိးလ္ရွားရဲ႕အင္တာဗ်ဴးကိုၾကည့္ၿပီး နားမလည္ႏိုင္ျဖစ္ခဲ့တဲ့ ဗန္ပါစီ

သူ႔အသင္းေဟာင္းႏွစ္သင္းရဲ႕ပြဲစဥ္အတြက္ အာဆင္နယ္နဲ႔မန္ယူတိုက္စစ္မႈးေဟာင္းဗန္ပါစီဟာ အဲဒီပြဲတိုက္ရိုက္ထုတ္လႊင့္ခဲ့တဲ့ BT Sport စတူဒီယုိထဲ ရွိေနခဲ့ပါတယ္။ ဒါေပမဲ့ပြဲအၿပီး မန္ယူနည္းျပဆိုးလ္ရွားရဲ႕အင္တာဗ်ဴးကိုၾကည့္ၿပီးေတာ့ ေဒါသထြက္သြားပုံရပါတယ္။ ဗန္ပါစီဟာ မန္ယူေနာက္ခံလူေဟာငး္ဖာဒီနန္နဲ႔အတူ အဲဒီပြဲရဲ႕သုံးသပ္သူအျဖစ္ ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး အဲဒီပြဲအၿပီး ဆုိးလ္ရွားရဲ႕ေျပာဆိုျပဴမူပုံကို ေ၀ဖန္သြားခဲ့တာပါ။

အဲဒီပြဲမွာ အာဆင္နယ္ဟာ ပီပီနဲ႔ဆုိကရာတစ္တို႔ရဲ႕ပထမပိုင္းဂိုးေတြနဲ႔ အႏိုင္ရခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ မန္ယူဟာ ျပန္လည္ရုန္းထႏိုင္ျခင္း မရွိခဲ့ပါဘူး။ အာတီတာရဲ႕အာဆင္နယ္နည္းျပဘ၀ ပထမဆုံးႏိုင္ပြဲျဖစ္ၿပီး မန္ယူကေတာ့ ဒီရာသီပထမဆုံးအႀကိမ္အျဖစ္ ပြဲႀကီးရႈံးပြဲႀကဳံေတြ႕ခဲ့ရတာပါ။ ပြဲၿပီးသြားခ်ိန္ BT Sport နဲ႔ အင္တာဗ်ဴးလုပ္ေတာ့ မန္ယူနည္းျပဆိုးလ္ရွားဟာ သူ႔အသင္းရႈံးနိမ့္ခဲ့ေပမယ့္ ၿပဳံးရႊင္စြာနဲ႔ ေျဖၾကားမႈျပဳလုပ္ခဲ့တာပါ။

”ဆုိးလ္ရွားကိုၾကည့္လိုက္ေတာ့ တကယ့္ကုိ လူေကာင္းတစ္ေယာက္လုိပါပဲ။ ကၽြန္ေတာ္ကေတာ့ သူ႔ကို နည္းနည္းေလးတုန္လႈပ္ေစခ်င္ၿပီး နည္းနည္းေလးလည္း ခက္ထန္ေစခ်င္ပါတယ္။ ဒီလိုပြဲမ်ိဳးအၿပီးမွာ သူဟာ ၿပဳံးေနခဲ့တာပါ။ ဒီအခ်ိန္ဟာ ၿပံဳးေနရမယ့္အခ်ိန္ မဟုတ္ပါဘူး”လုိ႔ BT Sport ရုပ္သံမွာ ဗန္ပါစီက ေျပာခဲ့တာပါ။