အန်ဖီးလ်မှာ ယူနိုက်တက် အမှတ်ပြည့်တောင် ရလိမ့်မယ်လို့ နာနီ ဟောကိန်းထုတ်

Photo Credit

Photo Credit

ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးက လီဗာပူးနဲ့ ၂၇ မှတ်အထိ ကွာဟနေပေမယ့် အန်ဖီးလ်မှာ အံ့အားသင့်ဖွယ်အနိုင်ရလိမ့်မယ်လို့ ယူနိုက်တက်ကစားသမားဟောင်း နာနီက ဟောကိန်းထုတ်လိုက်ပါတယ်။ ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့အဆင့် ၅နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တိုက်ပွဲဝင်နေရပါတယ်။

Photo Credit

လီဗာပူးကတော့ ပြောင်းပြန်အနေအထားအဖြစ် ပွဲစဉ် ၂၁အပြီးမှာ ပွဲ ၂၀အနိုင်ရပြီး နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံဖြစ်ဖို့ နီးစပ်နေပါတယ်။ လီဗာပူးဟာ လိဂ် ၃၈ပွဲဆက်ရှုံးပွဲမရှိကစားထားပြီး လိဂ်နောက်ဆုံး ၁၂ပွဲဆက်အနိုင်ရထားကာ လက်ရှိချန်ပီယံ စီးတီးကို တစ်ပွဲလျော့ ၁၄ မှတ်အထိ ဖြတ်ထားပါတယ်။

Photo Credit

ယူနိုက်တက်ဟာ လီဗာပူးနဲ့ပွဲမှာ အောက်အသင်းအဖြစ် ရပ်တည်နေပေမယ့် ယခုရာသီအတွင်း အောက်အသင်းအဖြစ် ကစားခဲ့ရတဲ့ပွဲတွေမှာ မထင်မှတ်တာတွေ လုပ်ပြနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ အောက်တိုဘာလ ၂၀ရက်နေ့က လီဗာပူးကို အိုးထရက်ဖို့ဒ်မှာ ၁-၁ ဂိုးသရေကစားနိုင်ခဲ့သလို ဒီဇင်ဘာလထဲမှာလည်း စပါးနဲ့ စီးတီးတို့ကို ဆက်တိုက်အနိုင်ရခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ အီတီဟတ်ကွင်းမှာ လျင်မြန်တဲ့တန်ပြန်တိုက်စစ်နဲ့အတူ စီးတီးကို ၁-၂ ဂိုးနဲ့ အနိုင်ရခဲ့ရာ နာနီက အန်ဖီးလ်မှာလည်း အဲဒီလိုခြေစွမ်းမျိုး ထုတ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။ ”အားလုံးက ဒီလိုပွဲမျိုးမှာ ယူနိုက်တက်အသင်း ရှုံးမယ်လို့ တွက်ထားချိန်မှာ အသင်းကတော့ ကွဲပြားခြားနားတဲ့နည်းလမ်းနဲ့ အဖြေပြန်ပေးခဲ့ပါတယ်”

Photo Credit

”ယူနိုက်တက်က ယူနိုက်တက်အဖြစ် ရပ်တည်နေဆဲပါ။ ကစားသမားကောင်းတွေရှိသလို ဘာမဆိုဖြစ်သွားနိုင်တဲ့ ကြီးမားတဲ့တွန်းအားလည်း ပိုင်ဆိုင်ထားပါတယ်။ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းဖြစ်တဲ့ လီဗာပူးနဲ့ပွဲမှာလည်း အဲဒီလိုလုပ်နိုင်စွမ်းရှိပါတယ်”

Photo Credit

”ဖြစ်ရပ်တစ်ခုတည်းကနေ ပွဲရဲ့အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေလည်း ပိုင်ဆိုင်ထားပါတယ်။ စီးတီးကို အဝေးကွင်းမှာ လုပ်ပြခဲ့သလို အန်ဖီးလ်မှာလည်း ယူနိုက်တက်အသင်း ထပ်လုပ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ နာနီက ပြောပါတယ်။

Photo Credit

ယူနိုက်တက်ဟာ အဆင့် ၄နေရာက ချဲလ်ဆီးနဲ့ ၅ မှတ်အထိကွာဟနေပြီး တကယ်လို့ ဒီညမှာ ချဲလ်ဆီးသာ နယူးကာဆယ်ကို အနိုင်ရခဲ့ရင် အမှတ်ကွာဟမှုက ၈ မှတ်အထိ ဖြစ်သွားမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

အန္ဖီးလ္မွာ ယူႏုိက္တက္ အမွတ္ျပည့္ေတာင္ ရလိမ့္မယ္လုိ႔ နာနီ ေဟာကိန္းထုတ္

ယူႏုိက္တက္အေနနဲ႔ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ထိပ္ဆုံးက လီဗာပူးနဲ႔ ၂၇ မွတ္အထိ ကြာဟေနေပမယ့္ အန္ဖီးလ္မွာ အံ့အားသင့္ဖြယ္အႏိုင္ရလိမ့္မယ္လုိ႔ ယူႏိုက္တက္ကစားသမားေဟာင္း နာနီက ေဟာကိန္းထုတ္လုိက္ပါတယ္။ ယူႏုိက္တက္ဟာ အမွတ္ေပးဇယားရဲ႕အဆင့္ ၅ေနရာမွာ ရပ္တည္ေနၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရဖုိ႔ တုိက္ပြဲ၀င္ေနရပါတယ္။
လီဗာပူးကေတာ့ ေျပာင္းျပန္အေနအထားအျဖစ္ ပြဲစဥ္ ၂၁အၿပီးမွာ ပဲြ ၂၀အႏိုင္ရၿပီး ႏွစ္ေပါင္း ၃၀အတြင္း ပထမဆုံးအမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ နီးစပ္ေနပါတယ္။ လီဗာပူးဟာ လိဂ္ ၃၈ပြဲဆက္႐ံႈးပဲြမရွိကစားထားၿပီး လိဂ္ေနာက္ဆုံး ၁၂ပြဲဆက္အႏိုင္ရထားကာ လက္ရွိခ်န္ပီယံ စီးတီးကို တစ္ပြဲေလ်ာ့ ၁၄ မွတ္အထိ ျဖတ္ထားပါတယ္။
ယူႏိုက္တက္ဟာ လီဗာပူးနဲ႔ပြဲမွာ ေအာက္အသင္းအျဖစ္ ရပ္တည္ေနေပမယ့္ ယခုရာသီအတြင္း ေအာက္အသင္းအျဖစ္ ကစားခဲ့ရတဲ့ပြဲေတြမွာ မထင္မွတ္တာေတြ လုပ္ျပႏိုင္ခဲ့ပါတယ္။ ယူႏုိက္တက္ဟာ ေအာက္တုိဘာလ ၂၀ရက္ေန႔က လီဗာပူးကို အုိးထရက္ဖို႔ဒ္မွာ ၁-၁ ဂိုးသေရကစားႏိုင္ခဲ့သလုိ ဒီဇင္ဘာလထဲမွာလည္း စပါးနဲ႔ စီးတီးတို႔ကို ဆက္တုိက္အႏိုင္ရခဲ့ပါတယ္။
ယူႏုိက္တက္ဟာ အီတီဟတ္ကြင္းမွာ လ်င္ျမန္တဲ့တန္ျပန္တုိက္စစ္နဲ႔အတူ စီးတီးကို ၁-၂ ဂိုးနဲ႔ အႏိုင္ရခဲ့ရာ နာနီက အန္ဖီးလ္မွာလည္း အဲဒီလုိေျခစြမ္းမ်ိဳး ထုတ္ျပႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း ဆုိပါတယ္။ ”အားလုံးက ဒီလုိပဲြမ်ိဳးမွာ ယူႏုိက္တက္အသင္း ႐ံႈးမယ္လုိ႔ တြက္ထားခ်ိန္မွာ အသင္းကေတာ့ ကြဲျပားျခားနားတဲ့နည္းလမ္းနဲ႔ အေျဖျပန္ေပးခဲ့ပါတယ္”
”ယူႏုိက္တက္က ယူႏိုက္တက္အျဖစ္ ရပ္တည္ေနဆဲပါ။ ကစားသမားေကာင္းေတြရွိသလုိ ဘာမဆုိျဖစ္သြားႏိုင္တဲ့ ႀကီးမားတဲ့တြန္းအားလည္း ပိုင္ဆုိင္ထားပါတယ္။ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးအသင္းျဖစ္တဲ့ လီဗာပူးနဲ႔ပြဲမွာလည္း အဲဒီလုိလုပ္ႏိုင္စြမ္းရွိပါတယ္”
”ျဖစ္ရပ္တစ္ခုတည္းကေန ပြဲရဲ႕အဆုံးအျဖတ္ေပးႏုိင္တဲ့ ကစားသမားေတြလည္း ပိုင္ဆုိင္ထားပါတယ္။ စီးတီးကို အေ၀းကြင္းမွာ လုပ္ျပခဲ့သလို အန္ဖီးလ္မွာလည္း ယူႏိုက္တက္အသင္း ထပ္လုပ္ျပႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ပါတယ္”လုိ႔ နာနီက ေျပာပါတယ္။
ယူႏုိက္တက္ဟာ အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔ ၅ မွတ္အထိကြာဟေနၿပီး တကယ္လုိ႔ ဒီညမွာ ခ်ဲလ္ဆီးသာ နယူးကာဆယ္ကို အႏိုင္ရခဲ့ရင္ အမွတ္ကြာဟမႈက ၈ မွတ္အထိ ျဖစ္သြားမွာျဖစ္ပါတယ္။