အနီကတ်ယူပြီး ရီးရဲလ် ချန်ပီယံဖြစ်စေဖို့ ပြစ်ဒဏ်ကျူးလွန်လိုက်တဲ့ ဗယ်လ်ဗာဒီ

Photo Credit

Photo Credit

ရီးရဲလ်ကွင်းလယ်လူ ဖီဒီရီကိုဗယ်လ်ဗာဒီဟာ ပထမဆုံးအကြိမ် အသွင်သစ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ စပိန်စူပါဖလားပြိုင်ပွဲမှာ သူ့အသင်း ချန်ပီယံဖြစ်စေဖို့အတွက် ပွဲပြီးဖို့ ၅ မိနစ်အလိုမှာ အထိရောက်ဆုံး Professional Foul ကျူးလွန်ရင်း အနီကတ်ရယူသွားခဲ့ပါတယ်။

Photo Credit

ရီးရဲလ်ဟာ စပိန်စူပါဖလားဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူကာ ချန်ပီယံဖြစ်လာပေမယ့် တကယ်လို့များ ဗယ်လ်ဗာဒီကြောင့်သာမဟုတ်ရင် ဒီလောက်အထိ ရိုးရိုးရှင်းရှင်းဖြစ်လာမှာမဟုတ်ပါဘူး။

Photo Credit

အချိန်ပိုဒုတိယပိုင်းပြီးဆုံးဖို့ ၅ မိနစ်သာ လိုတော့ချိန်မှာ အက်သလက်တီကိုအသင်း တန်ပြန်တိုက်စစ်ကနေ ဦးဆောင်ဂိုးသွင်းယူနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးရခဲ့ပြီး တိုက်စစ်မှူး မိုရာတာက တစ်ယောက်တည်းဆွဲပြေးကာ ရီးရဲလ်ဂိုးသမား ကော်တွိုက်စ်နဲ့ တစ်ယောက်ချင်းရင်ဆိုင်အတွေ့ ကန်သွင်းတော့မယ့်အချိန်မှာ နောက်ကနေ လိုက်ပါလာတဲ့ ဗယ်လ်ဗာဒီက ခြေထိုးကာ တားဆီးလိုက်တာဖြစ်ပါတယ်။

Photo Credit

သူဟာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပေမယ့် ရီးရဲလ်ကတော့ ဦးဆောင်ဂိုးပေးရဖို့ အနီးစပ်ဆုံးအနေအထားကို ရှောင်လွှဲနိုင်ခဲ့ပြီး ဒီအပြုအမူကြောင့်ပဲ ဗိုလ်လုပွဲအတွက် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိခဲ့သလို အများစုကလည်း သူ့နေရာ ဘယ်သူမဆို ဒီလိုလုပ်မှာပဲဆိုပြီး သတ်မှတ်နေကြပါတယ်။

Photo Credit

ပြိုင်ဘက်နည်းပြ ဆီမြွန်နီကိုယ်တိုင် ဗယ်လ်ဗာဒီရဲ့လုပ်ရပ်အပေါ် ဒေါသမထွက်မိကြောင်း ဆိုပါတယ်။ ”ဘာမှစိတ်မပူဖို့ သူ့ကို ကျွန်တော်ပြောခဲ့ပြီး ဒီလိုအနေအထားမှာ ဘယ်သူမဆို သူလုပ်သလိုလုပ်မှာပဲလို့လည်း ပြောခဲ့ပါတယ်။ ကျွန်တော်ဆိုရင်လည်း ဒီလိုလုပ်မိမှာပဲ။ သူ့ကြောင့် ရီးရဲလ်အနိုင်ရသွားတာဖြစ်လို့ အကောင်းဆုံးကစားသမားက ဗယ်လ်ဗာဒီပါပဲ”လု့ိ ဆီမြွန်နီက ပြောပါတယ်။

Photo Credit

”၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲက ဂါနာနဲ့ပွဲမှာ ဆွာရက်ဇ် အနီကတ်ပြသခံရပြီးနောက်ပိုင်း အတန်ဆုံးအနီကတ်ပဲ”လို့ ပရိသတ်တစ်ဦးက လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

Video Credit

ယခုနှစ်စူပါဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံမှာ အသင်းပေါင်း ၄သင်းနဲ့ ပထမဆုံးအကြိမ် ကျင်းပခဲ့တာဖြစ်ပြီး ဘာစီလိုနာနဲ့ ဗလန်စီယာတို့က လာလီဂါချန်ပီယံနဲ့ ဘုရင့်ဖလားချန်ပီယံအဖြစ် အသီးသီးကစားခွင့်ရခဲ့သလို အက်သလက်တီကိုနဲ့ ရီးရဲလ်တို့ကလည်း လာလီဂါမှာ ဒုတိယနဲ့ တတိယရခဲ့လို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။

Photo Credit

ပထမဆီမီးဖိုင်နယ်မှာ ရီးရဲလ်က ဗလန်စီယာကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး အက်သလက်တီကိုကလည်း ဒုတိယဆီမီးဖိုင်နယ်မှာ ဘာစီလိုနာကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တာပါ။

Photo Credit

Zawgyi

အနီကတ္ယူၿပီး ရီးရဲလ္ ခ်န္ပီယံျဖစ္ေစဖုိ႔ ျပစ္ဒဏ္က်ဴးလြန္လုိက္တဲ့ ဗယ္လ္ဗာဒီ

ရီးရဲလ္ကြင္းလယ္လူ ဖီဒီရီကိုဗယ္လ္ဗာဒီဟာ ပထမဆုံးအႀကိမ္ အသြင္သစ္နဲ႔ က်င္းပျပဳလုပ္ခဲ့တဲ့ စပိန္စူပါဖလားၿပိဳင္ပြဲမွာ သူ႕အသင္း ခ်န္ပီယံျဖစ္ေစဖုိ႔အတြက္ ပြဲၿပီးဖို႔ ၅ မိနစ္အလုိမွာ အထိေရာက္ဆုံး Professional Foul က်ဴးလြန္ရင္း အနီကတ္ရယူသြားခဲ့ပါတယ္။
ရီးရဲလ္ဟာ စပိန္စူပါဖလားဗိုလ္လုပဲြမွာ ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုအသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ယူကာ ခ်န္ပီယံျဖစ္လာေပမယ့္ တကယ္လုိ႔မ်ား ဗယ္လ္ဗာဒီေၾကာင့္သာမဟုတ္ရင္ ဒီေလာက္အထိ ႐ုိး႐ုိးရွင္းရွင္းျဖစ္လာမွာမဟုတ္ပါဘူး။
အခ်ိန္ပိုဒုတိယပိုင္းၿပီးဆုံးဖို႔ ၅ မိနစ္သာ လုိေတာ့ခ်ိန္မွာ အက္သလက္တီကိုအသင္း တန္ျပန္တုိက္စစ္ကေန ဦးေဆာင္ဂိုးသြင္းယူႏိုင္ဖို႔ အေကာင္းဆုံးအခြင့္အေရးရခဲ့ၿပီး တုိက္စစ္မွဴး မုိရာတာက တစ္ေယာက္တည္းဆြဲေျပးကာ ရီးရဲလ္ဂိုးသမား ေကာ္တြိဳက္စ္နဲ႔ တစ္ေယာက္ခ်င္းရင္ဆုိင္အေတြ႕ ကန္သြင္းေတာ့မယ့္အခ်ိန္မွာ ေနာက္ကေန လုိက္ပါလာတဲ့ ဗယ္လ္ဗာဒီက ေျခထိုးကာ တားဆီးလုိက္တာျဖစ္ပါတယ္။
သူဟာ တုိက္႐ိုက္အနီကတ္ျပသခံခဲ့ရေပမယ့္ ရီးရဲလ္ကေတာ့ ဦးေဆာင္ဂိုးေပးရဖုိ႔ အနီးစပ္ဆုံးအေနအထားကို ေရွာင္လႊဲႏိုင္ခဲ့ၿပီး ဒီအျပဳအမူေၾကာင့္ပဲ ဗိုလ္လုပြဲအတြက္ ပြဲစဥ္အလုိက္အေကာင္းဆုံးကစားသမားဆုရရွိခဲ့သလို အမ်ားစုကလည္း သူ႕ေနရာ ဘယ္သူမဆုိ ဒီလုိလုပ္မွာပဲဆုိၿပီး သတ္မွတ္ေနၾကပါတယ္။
ၿပိဳင္ဘက္နည္းျပ ဆီျမြန္နီကိုယ္တုိင္ ဗယ္လ္ဗာဒီရဲ႕လုပ္ရပ္အေပၚ ေဒါသမထြက္မိေၾကာင္း ဆုိပါတယ္။ ”ဘာမွစိတ္မပူဖို႔ သူ႕ကို ကၽြန္ေတာ္ေျပာခဲ့ၿပီး ဒီလိုအေနအထားမွာ ဘယ္သူမဆုိ သူလုပ္သလုိလုပ္မွာပဲလုိ႔လည္း ေျပာခဲ့ပါတယ္။ ကၽြန္ေတာ္ဆုိရင္လည္း ဒီလုိလုပ္မိမွာပဲ။ သူ႕ေၾကာင့္ ရီးရဲလ္အႏိုင္ရသြားတာျဖစ္လုိ႔ အေကာင္းဆုံးကစားသမားက ဗယ္လ္ဗာဒီပါပဲ”လု႔ိ ဆီျမြန္နီက ေျပာပါတယ္။
”၂၀၁၀ ကမၻာ့ဖလားၿပိဳင္ပဲြက ဂါနာနဲ႔ပြဲမွာ ဆြာရက္ဇ္ အနီကတ္ျပသခံရၿပီးေနာက္ပိုင္း အတန္ဆုံးအနီကတ္ပဲ”လုိ႔ ပရိသတ္တစ္ဦးက လူမႈမီဒီယာမွာ ေရးသားခဲ့ပါတယ္။
ယခုႏွစ္စူပါဖလားၿပိဳင္ပြဲကို ေဆာ္ဒီႏုိင္ငံမွာ အသင္းေပါင္း ၄သင္းနဲ႔ ပထမဆုံးအႀကိမ္ က်င္းပခဲ့တာျဖစ္ၿပီး ဘာစီလုိနာနဲ႔ ဗလန္စီယာတုိ႔က လာလီဂါခ်န္ပီယံနဲ႔ ဘုရင့္ဖလားခ်န္ပီယံအျဖစ္ အသီးသီးကစားခြင့္ရခဲ့သလုိ အက္သလက္တီကိုနဲ႔ ရီးရဲလ္တုိ႔ကလည္း လာလီဂါမွာ ဒုတိယနဲ႔ တတိယရခဲ့လုိ႔ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့တာပါ။
ပထမဆီမီးဖုိင္နယ္မွာ ရီးရဲလ္က ဗလန္စီယာကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အက္သလက္တီကိုကလည္း ဒုတိယဆီမီးဖုိင္နယ္မွာ ဘာစီလုိနာကို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့တာပါ။