အင်တာမီလန်ကိုပြောင်းရွှေ့ဖို့ စပါးကွင်းလယ်လူအဲရစ်ဆင် သဘောတူညီမှုရရှိ

0
248

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

စပါးကွင်းလယ်လူ အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ် ပါတယ်။သတင်းတွေရဲ့ဖော်ပြချက်အရတော့ အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းနဲ့ ၄ နှစ်စာချုပ်ချုပ်ဆို ဖို့သဘောတူညီမှုရခဲ့တာဖြစ်ပြီး တစ်နှစ်အတွက် လစာ ပေါင် ၆.၅ သန်းရရှိမှာဖြစ်ပါတယ်။

စပါးအသင်းကတော့ အဲရစ်ဆင်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်၁၇ သန်းတောင်းဆိုထားပါတယ်။ဒါကတော့ အင်တာမီလန်အသင်းက စပါးအသင်းနဲ့ဆက်လက်ဆွေးနွေးရမှာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းပြောင်းဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ဘက်က တရားဝင်ကမ်းလှမ်းခြင်းမရှိခဲ့တာကြောင့် စပါးအသင်းမှာပဲဆက်နေခဲ့ရတာပါ။

အခုအခါမှာတော့ အင်တာမီလန်နည်းပြကွန်တီက သူ့အသင်းရဲ့ ကွင်းလယ်ကိုအင်အားဖြည့်တင်းဖို့အတွက် အဲရစ်ဆင်ကိုကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ မူလက အဲရစ်ဆင်ရဲ့ အေးဂျင့်ဖြစ်သူက အင်တာမီလန်အသင်းမှာတစ်နှစ်လုပ်ခလစာပေါင် ၈.၅ သန်းတောင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာ ပေါင် ၆.၅ သန်းနဲ့သဘောတူညီမှုရခဲ့တာပဲဖြစ်ပါတယ်။

အီတလီအစိုးရက အခွန်ကောက်ခံမှုပုံစံကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချလိုက်တာကြောင့်လည်း အဲရစ်ဆင်က အင်တာမီလန်ကိုပြောင်းဖို့သဘောတူညီမှုရခဲ့တာပါ။ အဲဒါကြောင့်လည်း အဲရစ်ဆင်ဟာ လီဗာပူးကို ၀-၁ ဂိုးနဲ့အရေးနိမ့်တဲ့အိမ်ကွင်းပွဲစဉ်မှာ ပရိသတ်တွေကိုလက်ပြနှုတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီလို အဲရစ်ဆင်လက်ပြနှုတ်ဆက်ချိန်မှာ ပရိသတ် အချို့က အော်ဟစ်လှောင်ပြောင်ခဲ့ကြပေမယ့် အချို့ကတော့ လေးစားမှုရှိတဲ့ပုံစံကိုပြသခဲ့ကြ ပါတယ်။

[Zawgyi]