အချိန်တိုအတွင်းမှာ မန်ယူပရိသတ်တွေရဲ့အချစ်တော်ဖြစ်လာတဲ့ ဘရန်ဒန်ဝီလီယံ

photo-gettyimages

photo-gettyimages

ဒီရာသီမှာ မန်ယူပရိသတ်တွေပြုံးပျော်ရလောက်တဲ့ အကြောင်းအရာ များများစားစားမရှိပါဘူး။ ဒါပေမဲ့ မကြာသေးခင်လတွေအတွင်း ကလပ်ရဲ့လူငယ်ကစားသမားတွေထဲက တချို့ရဲ့တိုးတက်လာမှုအတွက်တော့ ကျေနပ်ဝမ်းမြောက်ကြမှာပါ။ အဲဒီထဲမှာ တွမ်မီနေးဟာ အခုဆိုရင် မန်ယူရဲ့အဓိကကစားသမားတစ်ယောက်တောင် ဖြစ်နေပါပြီ။ ရှေ့တန်းက ဂရင်းဝုဒ်လေးကလည်း အရည်အသွေးပိုင်း ရင်သပ်ရှုမောရလောက်ပါတယ်။ ဒီလိုပဲ နောက်ခံအစွန်နေရာက ဘရန်ဒန်ဝီလီယံလေးကလည်း လက်ဖျားခါရလောက်သူ ဖြစ်လာပါတယ်။

photo-gettyimages

မနေ့ည ဝုဗ်နဲ့အက်ဖ်အေဖလားပြန်ကန်ပွဲအပြီးမှာ အဲဒီဆယ်ကျော်သက်ကစားသမားလေးဟာ မန်ယူပရိသတ်တိုင်းရဲ့ပါးစပ်ဖျားကို ရောက်လာတာပါ။ အဲဒီပွဲက သူ့ရဲ့စွမ်းဆောင်မှုကို မန်ယူပရိသတ်တွေတင်မဟုတ်ဘဲ ကြားနေပရိသတ်တွေပါ အထင်တကြီးဖြစ်ခဲ့ကြပါတယ်။ လက်စတာဂန္ထဝင်ဖြစ်တဲ့ ဂယ်ရီလိုင်နီကာကတောင် ”ဒီကောင်လေး ကစားတာကိုကြည့်လေ ပိုကြိုက်လေပါပဲ။ နောက်ထပ်စိတ်လှုပ်ရှားစရာ အင်္ဂလန်လူငယ်တစ်ယောက်”လို့ follower ပရိသတ် ၇.၅ သန်းရှိတဲ့ သူ့ Twitter အကောင့်မှာ မှတ်ချက်ပြုခဲ့ပါတယ်။ ဝီလီယံဟာ အရည်အသွေးမြင့်မားတဲ့ ဘယ်နောက်ခံလူတစ်ယောက်တင်မဟုတ်ပါဘူး။ သူ့ကိုယ်သူကိုင်တွယ်နိုင်ကာ ဘယ်ပြိုင်ဘက်ကိုမဆို မကြောက်ရွံ့ဘဲ ခပ်စွာစွာကစားတတ်ပုံကို ပရိသတ်တွေက ချစ်ကြတာပါ။

ဝုဗ်နဲ့ပွဲ ပထမပိုင်းပြီးကာနီးမှာ ပြိုင်ဘက်ကစားသမားနီတိုနဲ့ ထိပ်တိုက်တွေ့ခဲ့တာကိုကြည့်မယ်ဆိုရင် သူ့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း တချို့ပရိသတ်တွေက ဝီလီယံလေးကို မန်ယူရဲ့အနာဂါတ်အသင်းခေါင်းဆောင်လို့ တင်စားနေကြတာပေါ့။ အဲဒီပွဲက သူ့ရဲ့ခြေစွမ်းဟာလည်း အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ အမြင့်ဘောပေးပို့မှုတိကျတာ ၁၀၀ ရာခိုင်နှုန်း၊ ဘောလုံးပေးပို့မှုတိကျတာ ၈၆ ရာခိုင်နှုန်း၊ ဘောလုံးထိချက် ၆၇ ချက်၊ နှစ်ယောက်ရင်ဆိုင်မှု ၇ ကြိမ်မှာ ၆ ကြိမ်အသာရမှု၊ ရှင်းထုတ်မှု ၃ ကြိမ်၊ ကြားဝင်မှု ၂ ကြိမ်နဲ့ အဓိကကျတဲ့ပေးပို့မှု ၁ ကြိမ်တို့ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒ့ါအပြင် ဘရန်ဒန်ဝီလီယံပါဝင်တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၇ ပွဲမှာ မန်ယူဟာ ၁ ပွဲသာ ဂိုးပေးခဲ့ရပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ နောက်ထပ်ကြယ်တစ်ပွင့် မွေးဖွာလာခြင်းပါပဲ။

[Zawgyi]

အခ်ိန္တုိအတြင္းမွာ မန္ယူပရိသတ္ေတြရဲ႕အခ်စ္ေတာ္ျဖစ္လာတဲ့ ဘရန္ဒန္၀ီလီယံ

ဒီရာသီမွာ မန္ယူပရိသတ္ေတြၿပံဳးေပ်ာ္ရေလာက္တဲ့ အေၾကာင္းအရာ မ်ားမ်ားစားစားမရွိပါဘူး။ ဒါေပမဲ့ မၾကာေသးခင္လေတြအတြင္း ကလပ္ရဲ႕လူငယ္ကစားသမားေတြထဲက တခ်ိဳ႕ရဲ႕တိုးတက္လာမႈအတြက္ေတာ့ ေက်နပ္၀မး္ေျမာက္ၾကမွာပါ။ အဲဒီထဲမွာ တြမ္မီေနးဟာ အခုဆိုရင္ မန္ယူရဲ႕အဓိကကစားသမားတစ္ေယာက္ေတာင္ ျဖစ္ေနပါၿပီ။ ေရွ႕တန္းက ဂရင္း၀ုဒ္ေလးကလည္း အရည္အေသြးပိုင္း ရင္သပ္ရႈေမာရေလာက္ပါတယ္။ ဒီလုိပဲ ေနာက္ခံအစြန္ေနရာက ဘရန္ဒန္၀ီလီယံေလးကလည္း လက္ဖ်ားခါရေလာက္သူ ျဖစ္လာပါတယ္။

မေန႔ည ၀ုဗ္နဲ႔အက္ဖ္ေအဖလားျပန္ကန္ပြဲအၿပီးမွာ အဲဒီဆယ္ေက်ာ္သက္ကစားသမားေလးဟာ မန္ယူပရိသတ္တိုင္းရဲ႕ပါးစပ္ဖ်ားကို ေရာက္လာတာပါ။ အဲဒီပြဲက သူ႔ရဲ႕စြမ္းေဆာင္မႈကို မန္ယူပရိသတ္ေတြတင္မဟုတ္ဘဲ ၾကားေနပရိသတ္ေတြပါ အထင္တႀကီးျဖစ္ခဲ့ၾကပါတယ္။ လက္စတာဂႏၳ၀င္ျဖစ္တဲ့ ဂယ္ရီလိုင္နီကာကေတာင္ ”ဒီေကာင္ေလး ကစားတာကိုၾကည့္ေလ ပိုႀကိဳက္ေလပါပဲ။ ေနာက္ထပ္စိတ္လႈပ္ရွားစရာ အဂၤလန္လူငယ္တစ္ေယာက္”လို႔ follower ပရိသတ္ ၇.၅ သန္းရွိတဲ့ သူ႔ Twitter အေကာင့္မွာ မွတ္ခ်က္ျပဳခဲ့ပါတယ္။ ၀ီလီယံဟာ အရည္အေသြးျမင့္မားတဲ့ ဘယ္ေနာက္ခံလူတစ္ေယာက္တင္မဟုတ္ပါဘူး။ သူ႔ကိုယ္သူကိုင္တြယ္ႏိုင္ကာ ဘယ္ၿပိဳင္ဘက္ကိုမဆုိ မေၾကာက္ရြံ႕ဘဲ ခပ္စြာစြာကစားတတ္ပုံကို ပရိသတ္ေတြက ခ်စ္ၾကတာပါ။

၀ုဗ္နဲ႔ပြဲ ပထမပိုင္းၿပီးကာနီးမွာ ၿပိဳင္ဘက္ကစားသမားနီတိုနဲ႔ ထိပ္တိုက္ေတြ႕ခဲ့တာကိုၾကည့္မယ္ဆိုရင္ သူ႔ရဲ႕တိုက္ပြဲ၀င္စိတ္ဓာတ္ကို ေတြ႕ျမင္ႏိုင္ပါတယ္။ ဒါေၾကာင့္လည္း တခ်ိဳ႕ပရိသတ္ေတြက ၀ီလီယံေလးကို မန္ယူရဲ႕အနာဂါတ္အသင္းေခါင္းေဆာင္လုိ႔ တင္စားေနၾကတာေပါ့။ အဲဒီပြဲက သူ႔ရဲ႕ေျခစြမး္ဟာလည္း အေကာင္းဆုံးျဖစ္ခဲ့ပါတယ္။ အျမင့္ေဘာေပးပို႔မႈတိက်တာ ၁၀၀ ရာခိုင္ႏႈန္း၊ ေဘာလုံးေပးပို႔မႈတိက်တာ ၈၆ ရာခိုင္ႏႈန္း၊ ေဘာလုံးထိခ်က္ ၆၇ ခ်က္၊ ႏွစ္ေယာက္ရင္ဆိုင္မႈ ၇ ႀကိမ္မွာ ၆ ႀကိမ္အသာရမႈ၊ ရွင္းထုတ္မႈ ၃ ႀကိမ္၊ ၾကား၀င္မႈ ၂ ႀကိမ္န႔ဲ အဓိကက်တဲ့ေပးပုိ႔မႈ ၁ ႀကိမ္တိို႔ ရွိခဲ့တာ ျဖစ္ပါတယ္။ ဒ့ါအျပင္ ဘရန္ဒန္၀ီလီယံပါ၀င္တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၇ ပြဲမွာ မန္ယူဟာ ၁ ပြဲသာ ဂိုးေပးခဲ့ရပါတယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ ေနာက္ထပ္ၾကယ္တစ္ပြင့္ ေမြးဖြာလာျခင္းပါပဲ။