သူ့ရဲ့ပထမဆုံးစီးရီးအေဟက်ထရစ်နဲ့ အလက်ဆစ်ဆန်းချက်ဇ်ရဲ့စံချိန်ကို လိုက်မီသွားတဲ့စီရော်နယ်ဒို

photo-gettyimages

photo-gettyimages

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့်လည်း စီရော်နယ်ဒိုတစ်ယောက် စံချိန်မှတ်တမ်းတွေ ရေးထိုးနိုင်နေဆဲပါပဲ။ ၂၀၂၀ က ဂျူဗင်တပ်အတွက် ပထမဆုံးပွဲဖြစ်တဲ့ ကက်ဂလီယာရီနဲ့ပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ်ကြောင့်  နောက်ထပ်စံချိန်မှတ်တမ်းတွေ ထပ်မံရရှိခဲ့တာပါ။ အဲဒီထဲက တစ်ခုကတော့ ဒီရာစုနှစ်အတွင်း ပရီးမီးယားလိဂ်၊လာလီဂါနဲ့ စီးရီးအေ ပြိုင်ပွဲ ၃ ရပ်မှာ ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့တာပါပဲ။

photo-goal

အဲဒီလိုစွမ်းဆောင်နိုင်ခဲ့တဲ့ ပထမဆုံးကစားသမားကတော့ အခုအင်တာကို အငှားရောက်နေတဲ့ မန်ယူတိုက်စစ်မှုးအလက်ဆစ်ဆန်းချက်ဇ်ဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ ၂၀၁၅ စက်တင်ဘာတုန်းက လက်စတာကို အာဆင်နယ်ရဲ့ ဂိုးပြတ်နိုင်ပွဲမှာ ဟက်ထရစ်သွင်းနိုင်ခဲ့ပြီးနောက် အဲဒီစံချိန်ကိုရရှိခဲ့တာပါ။ သူဟာ အရင်က ဘာစီလိုနာနဲ့ အူဒီးနိစ်တို့အတွက် ဟက်ထရစ်သွင်းပေးနိုင်ခဲ့ပါတယ်။

photo-daily mail

စီရော်နယ်ဒိုဟာလည်း ဂျူဗင်တပ်အတွက် ဟက်ထရစ်မသွင်းပေးနိုင်ခင် အသင်းဟောင်းတွေဖြစ်ကြတဲ့ မန်ယူနဲ့ရီးရဲလ်တို့မှာ ဟက်ထရစ်ရခဲ့တာပါ။ သူ့ကစားသမားဘဝတစ်လျှောက်ဆိုရင် အဲဒီပေါ်တူဂီစူပါစတားအတွက် ၃၆ ကြိမ်မြောက်အမှတ်ပေးဟက်ထရစ်ဖြစ်လာခဲ့တာပါ။ ၂၀၀၈ ကတည်းက ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ ဘယ်ကစားသမားကမှ သူ့လောက် အဲဒီဟက်ထရစ်အကြိမ်ရေ မသွင်းနိုင်ခဲ့ပါဘူး။ အဲဒီထဲမှာ အမှတ်ပေးဟက်ထရစ် ၃၄ ကြိမ်ရှိထားတဲ့ သူ့ရဲ့အဓိကပြိုင်ဘက်ကြီးမက်ဆီလည်း ပါဝင်ပါတယ်။ ကလပ်နဲ့နိုင်ငံအတွက် ပြိုင်ပွဲအရပ်ရပ်စုစုပေါင်းဆိုရင် စီရော်နယ်ဒိုအတွက် ၅၆ ခုမြောက်ဟက်ထရစ်ဖြစ်ပါတယ်။

[Zawgyi]

သူ႔ရဲ႕ပထမဆုံးစီးရီးေအဟက္ထရစ္နဲ႔ အလက္ဆစ္ဆန္းခ်က္ဇ္ရဲ႕စံခ်ိန္ကို လိုက္မီသြားတဲ့စီေရာ္နယ္ဒို

အသက္ ၃၄ ႏွစ္အရြယ္ရွိၿပီျဖစ္ေပမယ့္လည္း စီေရာ္နယ္ဒိုတစ္ေယာက္ စံခ်ိန္မွတ္တမ္းေတြ ေရးထုိးႏုိင္ေနဆဲပါပဲ။ ၂၀၂၀ က ဂ်ဴဗင္တပ္အတြက္ ပထမဆုံးပြဲျဖစ္တဲ့ ကက္ဂလီယာရီနဲ႔ပြဲမွာ သြင္းယူႏိုင္ခဲ့တဲ့ ဟက္ထရစ္ေၾကာင့္  ေနာက္ထပ္စံခ်ိန္မွတ္တမ္းေတြ ထပ္မံရရွိခဲ့တာပါ။ အဲဒီထဲက တစ္ခုကေတာ့ ဒီရာစုႏွစ္အတြင္း ပရီီးမီးယားလိဂ္၊လာလီဂါနဲ႔ စီးရီးေအ ၿပိဳင္ပြဲ ၃ ရပ္မွာ ဟက္ထရစ္သြငး္ႏိုင္ခဲ့တဲ့ ဒုတိယေျမာက္ကစားသမား ျဖစ္လာခဲ့တာပါပဲ။

အဲဒီလုိစြမ္းေဆာင္ႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမားကေတာ့ အခုအင္တာကို အငွားေရာက္ေနတဲ့ မန္ယူတုိက္စစ္မႈးအလက္ဆစ္ဆန္းခ်က္ဇ္ျဖစ္ပါတယ္။ ဆန္းခ်က္ဇ္ဟာ ၂၀၁၅ စက္တင္ဘာတုန္းက လက္စတာကို အာဆင္နယ္ရဲ႕ ဂိုးျပတ္ႏိုင္ပဲြမွာ ဟက္ထရစ္သြင္းႏိုင္ခဲ့ၿပီးေနာက္ အဲဒီစံခ်ိန္ကိုရရွိခဲ့တာပါ။ သူဟာ အရင္က ဘာစီိလိုနာနဲ႔ အူဒီးနိစ္တို႔အတြက္ ဟက္ထရစ္သြင္းေပးႏိုင္ခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာလည္း ဂ်ဴဗင္တပ္အတြက္ ဟက္ထရစ္မသြင္းေပးႏိုင္ခင္ အသင္းေဟာင္းေတြျဖစ္ၾကတဲ့ မန္ယူနဲ႔ရီးရဲလ္တို႔မွာ ဟက္ထရစ္ရခဲ့တာပါ။ သူ႔ကစားသမားဘ၀တစ္ေလွ်ာက္ဆိုရင္ အဲဒီေပၚတူဂီစူပါစတားအတြက္ ၃၆ ႀကိမ္ေျမာက္အမွတ္ေပးဟက္ထရစ္ျဖစ္လာခဲ့တာပါ။ ၂၀၀၈ ကတည္းက ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာ ဘယ္ကစားသမားကမွ သူ႔ေလာက္ အဲဒီဟက္ထရစ္အႀကိမ္ေရ မသြင္းႏိုင္ခဲ့ပါဘူး။ အဲဒီထဲမွာ အမွတ္ေပးဟက္ထရစ္ ၃၄ ႀကိမ္ရွိထားတဲ့ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ႀကီးမက္ဆီလည္း ပါ၀င္ပါတယ္။ ကလပ္နဲ႔ႏိုင္ငံအတြက္ ၿပိဳင္ပြဲအရပ္ရပ္စုစုေပါင္းဆိုရင္ စီေရာ္နယ္ဒိုအတြက္ ၅၆ ခုေျမာက္ဟက္ထရစ္ျဖစ္ပါတယ္။