သူအကြိုက်ဆုံးနဲ့ အားအကျရဆုံး ကစားသမား ၂ ဦးကို ပြောပြလိုက်တဲ့ အိုဒွိုင်းလ်

ချဲလ်ဆီးအသင်းတောင်ပံကစားသမား အိုဒွိုင်းလ်ကေ ရော်နယ်ဒိုဟာ သူအကြိုက်ကစားသမားဖြစ်ပြီး ရော်နယ်ဒင်ဟိုက သူ့အတိတ်က ကြိုက်နှစ်သက်ခဲ့တဲ့ ကစားသမားဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ အိုဒွိုင်းလ်ဟာ ၂၀၁၇ ခုနှစ်က ချဲလ်ဆီးအသင်းအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။


အီတလီသားနည်းပြ ဆာရီဟာ အသက် ၁၉ နှစ်အရွယ်တောင်ပံကစားသမားကို ၂၀၁၈ – ၁၉ ရာသီမှာ မိတ်ဆက်ခဲ့ပေမယ့် ဧပြီလမှာတော့ ဖနောင့်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ စက်တင်ဘာလအကုန်အထိ အသင်းနဲ့ မပူးပေါင်းနိုင်ခဲ့ပဲ ပြန်ကောင်းလာချိန်မှာလည်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့တာ ဖြစ်ပါတယ်။


ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာတော့ တစ်ပွဲလုံးရဲ့အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ နည်းပြ လမ်းပတ်ကလည်း အိုဒွိုင်းလ်ကို အကောင်းဆုံးပုံစံပြန်ရအောင် ကူညီပေးသွားမယ်လို့ ဆိုလိုက်ပါတယ်။


အင်္ဂလန်သားက သူဟာ ဂျူဗင်တပ်စ်စတားကို အတုယူပြီး ကြီးပြင်းလာခဲ့တယ်လို့ ဆိုလိုက်ကာ လက်ရှိအချိန်မှာလည်း ရော်နယ်ဒိုက စိုးမိုးနေတယ်လို့ ဆိုပါတယ်။ ကလပ်အသင်းဝက်ဘ်ဆိုက်က အကြိုက်ကစားသမားကို မေးမြန်းရာမှာတော့ သူအကြိုက်ဆုံးကစားသမားဟာ ရော်နယ်ဒို ဖြစ်တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် အိုဒွိုင်းလ်က သူဒုတိယအကြိုက်ဆုံးကစားသမားဟာ ရော်နယ်ဒင်ဟို ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။”ကျွန်တော် ရော်နယ်ဒင်ဟိုကိုလည်း ကြိုက်ပါတယ်။ သူ့မှာ အမြဲတမ်းပြုံးရွှင်နေတဲ့ မျက်နှာရှိပါတယ်။ ပြီးတော့ အမြဲအပေါင်းလက္ခဏာဆောင်တဲ့ အရာတွေလည်း သူလုပ်ပြပါတယ်။ ရော်နယ်ဒင်ဟိုက ကျွန်တော်အတိတ်က အကြိုက်ဆုံးကစားသမားပါ”လို့ အိုဒွိုင်းလ်က ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ စနေနေ့မှာတော့ ဘန်လေအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူနိုက်တက်နဲ့ ၅ မှတ်အကွာမှာ ရပ်တည်နေပါတယ်။