ဝုဗ်နဲ့ပွဲဒဏ်ရာမရခင်မှာ အရိုးကျိုးခြင်းကို ကုသတဲ့စက်ယူဆောင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်

 

 

ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဝုဗ်အသင်းနဲ့ အက်ဖ်အေဖလားပွဲမတိုင်ခင်မှာ အရိုးကျိုးခြင်းကို ကုသတဲ့စက်ယူဆောင်လာခဲ့ပြီး ဝုဗ်နဲ့ပွဲကိုဝင်ကစားခဲ့ပေမယ့် ၁၅ မိနစ်အကြာမှာပဲ လူစားလဲခဲ့ရပါတယ်။ နည်းပြ ဆိုးလ်ရှား သူဟာ ဝုဗ်နဲ့ပွဲမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ဝင်ရောက်ကစားစေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ထွက်ပေါ်လာတဲ့ပုံမှာလည်း ရက်ရှ်ဖို့ဒ်တစ်ယောက် အဆိုပါစက်ကို ယူဆောင်လာခဲ့တာကို သတင်းမီဒီယာတွေက အမိအရ ရိုက်ယူနိုင်ခဲ့ဲပြီး နောဝစ်ချ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အဆိုပါစက်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ဝုဗ်နဲ့ပွဲမတိုင်ခင် လိုရီဟော်တယ်မှာလည်း အဆိုပါစက်ကို ထပ်မံအသုံးပြုခဲ့ပါတယ်။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဝုဗ်အသင်းနဲ့ပွဲမှာ ဒဏ်ရာပြန်လည်ရရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ ပွဲကစားချိန် ၆၄ မိနစ်မှာ လူစားဝင်လာခဲ့ပေမယ့် ၁၅ မိနစ်အကြာမှာပဲ ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲ့ရပါတယ်။ နည်းပြ ဆိုးလ်ရှားအတွက်တော့ လာမယ့်လီဗာပူးနဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ပါ မပါက စိုးရိမ်စရာအနေအထား ဖြစ်လာပါတယ်။

ဝုဗ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာလည်း ဆိုးလ်ရှားက “မှန်ပါတယ်။ ကျွန်တော် တော်တော်လေးစိုးရိမ်နေပါတယ်။ မားကပ်ကို ကျွန်တော်မကစားစေချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရုန်းကန်နေရတာကြောင့် သူ့ကို အရဲစွန့်ပြီး ထုတ်သုံးခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ “တနင်္ဂနွေနေ့ပွဲအတွက်တော့ စိုးရိမ်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရက်ရှ်ဖို့ဒ် တနင်္ဂနွေနေ့အမှီ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာအောင် အကောင်းဆုံးလုပ်ဆောင်သွားမှာပါ”လို့ နော်ဝေသားက ပြောပါတယ်။

“မားကပ်က သန်မာတဲ့တိုက်စစ်မှူးတစ်ဦးပါ။ ကစားနေတဲ့အချိန်မှာတော့ နာကျင်မှုအနည်းငယ် ဖြစ်နေပါတယ်။ အရမ်းအဆိုးကြီးတော့ မဟုတ်ပါဘူး။ ဆက်လက်စောင့်ကြည့်ရမှာပါ။ တနင်္ဂနွေနေ့ပွဲအတွက်တော့ သူပါနိုင်ဖို့တော့ မျှော်လင့်ရမှာပါ”လို့ ဆိုးလ်ရှားက ထပ်လောင်းပြောကြားခဲ့ပါတယ်။