လေ့ကျင့်ရေးကွင်းမှာ မက်ဆီကို ခပ်ကြမ်းကြမ်းဖျက်လို့မရဘူးတဲ့…

0
1267

Photo Credit

Photo Credit

ဘာစီလိုနာအသင်းသားတွေအနေနဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းခေါင်းဆောင် မက်ဆီကို ကြမ်းတမ်းစွာဖျက်ထုတ်ခွင့် တားဆီးပိတ်ပင်ခံထားရကြောင်း အသင်းသားတစ်ဦးက ဖွင့်ဟပြောကြားလိုက်ပါတယ်။

Photo Credit

ပြင်သစ်နောက်ခံလူ တိုဒီဘိုဟာ မကြာသေးခင်ကမှ ရှော်လ်ကေးအသင်းကို ၆လအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ ရွှေဘောလုံးဆု ၆ကြိမ်ရရှိထားတဲ့ မက်ဆီနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ပုံတွေကို ပြန်ပြောင်းပြောဆိုခဲ့တာပါ။

Photo Credit

”သူ ဒဏ်ရာရလို့မဖြစ်ဘူးဆိုတာ ကျွန်တော်တု့ိအားလုံး သိနားလည်ထားပါတယ်။ လေ့ကျင့်ရေးကွင်းမှာ မက်ဆီကို အတော်လေးဂရုတစိုက်နဲ့ ခံစစ်ကာကွယ်ရပါတယ်။ သူ့ဆီကနေ အများကြီးသင်ယူခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို ဖျက်ထုတ်မှုအများအပြားပြုလုပ်ခဲ့ပေမယ့် သူမနာအောင်လို့တော့ သေချာလေးဂရုစိုက်ခဲ့ရပါတယ်”လို့ တိုဒီဘိုက ပြောပါတယ်။

Photo Credit

ဘာစီလိုနာအသင်းက သူတို့ရဲ့စူပါစတားကို ကာကွယ်တဲ့အကြောင်း ကြားရတာ သိပ်တော့မထူးဆန်းပါဘူး။ မက်ဆီဟာ ဒီရာသီမှာ စက်တင်ဘာလလယ်အထိ မကစားခဲ့ရပေမယ့် လာလီဂါမှာ သွင်းဂိုး ၁၄ဂိုးနဲ့ ဂိုးသွင်းဘုရင်ဖြစ်နေပြီး တွဲဘက်တိုက်စစ်မှူး ဆွာရက်ဇ်က ကာလရှည်အနားယူနေရလို့ အသက် ၃၂ နှစ်အရွယ်ရှိ မက်ဆီလည်း ဂိုးသွင်းနိုင်ဖို့ ပိုမိုတာဝန်ရှိလာပါတယ်။

Photo Credit

ဘာစီလိုနာအသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းကလည်း အသင်းကို စတင်ရောက်ရှိခါစမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပေမယ့် အခုတော့ အရင်လိုခြေစွမ်းမျိုး ပြန်လည်ရရှိနေပြီး နောက်ဆုံးကစားခဲ့တဲ့ ၁၁ပွဲမှာ ၇ဂိုးသွင်းယူထားပါတယ်။

Photo Credit

Zawgyi

ေလ့က်င့္ေရးကြင္းမွာ မက္ဆီကို ခပ္ၾကမ္းၾကမ္းဖ်က္လုိ႔မရဘူးတဲ့…

ဘာစီလုိနာအသင္းသားေတြအေနနဲ႔ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ အသင္းေခါင္းေဆာင္ မက္ဆီကို ၾကမ္းတမ္းစြာဖ်က္ထုတ္ခြင့္ တားဆီးပိတ္ပင္ခံထားရေၾကာင္း အသင္းသားတစ္ဦးက ဖြင့္ဟေျပာၾကားလုိက္ပါတယ္။
ျပင္သစ္ေနာက္ခံလူ တိုဒီဘိုဟာ မၾကာေသးခင္ကမွ ေရွာ္လ္ေကးအသင္းကို ၆လအငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ၿပီး ေလ့က်င့္ေရးကြင္းမွာ ေရႊေဘာလုံးဆု ၆ႀကိမ္ရရွိထားတဲ့ မက္ဆီနဲ႔ ၿပိဳင္ဘက္အျဖစ္ ရင္ဆိုင္ခဲ့ပုံေတြကို ျပန္ေျပာင္းေျပာဆုိခဲ့တာပါ။
”သူ ဒဏ္ရာရလုိ႔မျဖစ္ဘူးဆိုတာ ကၽြန္ေတာ္တု႔ိအားလုံး သိနားလည္ထားပါတယ္။ ေလ့က်င့္ေရးကြင္းမွာ မက္ဆီကို အေတာ္ေလးဂ႐ုတစုိက္နဲ႔ ခံစစ္ကာကြယ္ရပါတယ္။ သူ႕ဆီကေန အမ်ားႀကီးသင္ယူခဲ့ပါတယ္။ ကၽြန္ေတာ္ကုိယ္တိုင္လည္း သူ႕ကို ဖ်က္ထုတ္မႈအမ်ားအျပားျပဳလုပ္ခဲ့ေပမယ့္ သူမနာေအာင္လုိ႔ေတာ့ ေသခ်ာေလးဂ႐ုစုိက္ခဲ့ရပါတယ္”လုိ႔ တိုဒီဘုိက ေျပာပါတယ္။
ဘာစီလုိနာအသင္းက သူတုိ႔ရဲ႕စူပါစတားကို ကာကြယ္တဲ့အေၾကာင္း ၾကားရတာ သိပ္ေတာ့မထူးဆန္းပါဘူး။ မက္ဆီဟာ ဒီရာသီမွာ စက္တင္ဘာလလယ္အထိ မကစားခဲ့ရေပမယ့္ လာလီဂါမွာ သြင္းဂိုး ၁၄ဂိုးနဲ႔ ဂိုးသြင္းဘုရင္ျဖစ္ေနၿပီး တြဲဘက္တုိက္စစ္မွဴး ဆြာရက္ဇ္က ကာလရွည္အနားယူေနရလုိ႔ အသက္ ၃၂ ႏွစ္အရြယ္ရွိ မက္ဆီလည္း ဂိုးသြင္းႏိုင္ဖို႔ ပိုမိုတာ၀န္ရွိလာပါတယ္။
ဘာစီလုိနာအသင္းတုိက္စစ္မွဴး ဂရစ္ဇ္မန္းကလည္း အသင္းကို စတင္ေရာက္ရွိခါစမွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ အခုေတာ့ အရင္လုိေျခစြမ္းမ်ိဳး ျပန္လည္ရရွိေနၿပီး ေနာက္ဆုံးကစားခဲ့တ့ဲ ၁၁ပြဲမွာ ၇ဂိုးသြင္းယူထားပါတယ္။