လုခ်ရှောထက် ပွဲထွက်ခွင့်နဲ့ ပိုထိုက်တန်တယ်ဆိုတာကို ၁၀စက္ကန့်ထဲနဲ့ ပြသခဲ့တဲ့ ဘရန်ဒန်ဝီလီယံ

ယမန်နေ့ညက ကစားခဲ့တဲ့ ဝုဗ်နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကတော့ ဝ-၀ ဂိုးမရှိနဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာတော့ နည်းပြ ဆိုးလ်ရှားတစ်ယောက် အသင်းကို အပြောင်းအလဲများစွာ ပြုလုပ်ပြီး ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ပွဲထွက်ပါဝင်လာတဲ့ ဘယ်နောက်ခံလူ လူငယ်လေး ဘရန်ဒန် ဝီလီယံကတော့ ဝါရင့်နောက်ခံလူ လုခ်ရှောရဲ့နေရာကို ယူဖို့ ထိုက်တန်တယ်ဆိုတာကို ၁၀စက္ကန့်နဲ့ ပြသသွားခဲ့ပါတယ်။ ပွဲချိန် ၈၃မိနစ်မှာ ဝီလီယံက ဘယ်ခြမ်းကနေ မာတစ်ကို ဘောလုံးပေးခဲ့ပြီး ဝုဗ်ရဲ့ ခံစစ်ဧရိယာထဲကို ၁၀စက္ကန့်ထဲနဲ့ ရောက်ရှိအောက် ပြေးတက်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ အားထုတ်မှုက ဂိုးမဖြစ်ခဲ့ပေမဲ့ အခုလိုမျိုး အကောင်းဆုံး ကြိုးအားထုတ်ခဲ့တာနဲ့တင် လုခ်ရှောရဲ့နေရာကိုဆက်ခံဖို့ ထိုက်တန်နေခဲ့ပါတယ်။ ဒီလို ဆာလောင်တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်မျိူးဟာ ယခုနှစ်ဘောလုံးရာသီ ယူနိုက်တက်မှာ ပျောက်ကွယ်နေခဲ့တာ ကြာပါပြီ။

အလားတူ ဝီလီယံဟာ ဘောလုံးပေးပို့မှု ၈၁%ကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အဲ့ဒီထဲက ၁၆ကြိမ်က ပြိုင်ဘက်ဧရိယာထဲမှာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဝီလီယံဟာ ဘောလုံးတားဆီးမှု ၂ကြိမ်၊ ဘောလုံး ဖြတ်တားမှု ၂ကြိမ်ကိုလည်း ပြုလုပ်နိုင်ခဲ့သလို နာမည်ကျော် တောင်ပံကစားသမား ထရာအိုရေးကိုလည်း တိတ်ဆိတ်နေအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

တကယ်လို့ ဆိုးလ်ရှားသာ အာဆင်နယ်နဲ့ပွဲစဉ်မှာ ဝီလီယံကို ပွဲထုတ်ခဲ့မယ်ဆိုရင် နီကိုလက်စ် ပီပီကို ထိန်းချုပ်လို့ ရကောင်းရနိုင်ပါလိမ့်မယ်။ ထူးခြားချက်တစ်ခုကတော့ လုခ်ရှောတစ်ယောက် ၁ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ ရရှိနေစဉ်မှာ လီဗာပူးက ရော်ဘတ်ဆန်က ပေါင် ၆၀၀၀၀သာ ရရှိနေခဲ့တာပါပဲ။