လီဗာပူး – မန်ယူ ပွဲစဉ်အတွက် ကာရေဂါ ဘာဘာတော့ နီကိုးလက်စ် အိုဝင် တို့ရဲ့ ခန့်မှန်းချက်များ


မနက်ဖြန်ညမှာတော့ ပရိသတ်တွေအတွက် ပွဲကြီးပွဲကောင်း ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ် အခါးသီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ရှိနေပါတယ်။ လီဗာပူးအသင်းဟာ ယခုအချိန်အထိ ရှုံးပွဲမရှိသေးသလို သူတို့ကို ရပ်တန့်နိုင်မယ့်အသင်းကလည်း ယူနိုက်တက်အသင်းသာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ဒါကြောင့် အဆိုပါ ပွဲစဉ်မတိုင်မီ ကမ္ဘာကျော် ကစားသမားဟောင်းတွေရဲ့ ခန့်မှန်းချက်တွေကကို ဖော်ပြပေးုလိုက်ပါတယ်။

ဘာဘာတော့ဗ် – လီဗာပူးကို ရပ်တန့်နိုင်မယ့်အသင်းအဖြစ် ယူနိုက်တက်ကို မြင်ချင်ပါတယ်။ ဒီလို ခံစားရတာ ကျွန်တော်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လီဗာပူးက လက်ရှိမှာ အရမ်းကောင်းနေပြီး ကျွန်တော် ပြောဖို့အတွက် နာကျင်ရပေမဲ့ သူတို့ ဒီပွဲမှာ ရလဒ်ကောင်း၁ခု ရယူသွားမှာပါ။ ရက်ရှ်ဖို့ဒ်မပါနိုင်တဲ့ ယူနိုက်တက်အတွက်တော့ ဖိအားတွေများလာပြီး တိုက်စစ်ကလည်း အားနည်းလာပါလိမ့်မယ်။

ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းချက် – လီဗာပူး ၁ – ၀ ယူနိုက်တက်

ကာရေဂါ – ဒီပွဲမှာ လီဗာပူးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်.။ မော်ရင်ဟိုရဲ့ ယူနိုက်တက် အန်ဖီးလ်မှာ လာကစားတုန်းကတော့ လီဗာပူးအတွက် တော်တော်ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးတို့ အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီး မော်ရင်ဟိုရဲ့ နောက်ဆုံးပွဲလည်း ဖြစ်သွားပါတယ်။ အိုလီကတော့ မော်ရင်ဟိုလောက် လက်တွေ့မဆန်ဘူးလို့ ထင်ပြီး ဒီပွဲကို သူတို့ ဒီဇင်ဘာလက မန်စီးတီးနဲ့ကစားခဲ့သလို နည်းစနစ်ပိုင်းကိုပဲ အသုံးပြုမှာပါ။ သူတို့တို့ တန်ပြန်တိုက်စစ်တွေနဲ့ ထိုးဖောက်ကစားနိုင်ခဲ့ပြီး လီဗာပူးလည်း ဒီအကွက်နဲ့ ပြဿနာကြုံနိုင်ပါတယ်။ ဒီပွဲမှာတော့ လီဗာပူးနိုင်မယ်ဆိုတာ ယုံပါတယ်

ကာရေဂါရဲ့ ခန့်မှန်းချက် – လီဗာပူး ၃ – ၁ ယူနိုက်တက်

အိုဝင် – လီဗာပူးတို့ ဒီရာသီမှာ ၂မှတ်ပဲ လျော့ခဲ့တာက အောက်တိုဘာလက အိုးထရက်ဖို့ဒ်မှာပါ။ သူတို့ ပရီးမီးယားလိဂ်ဖလား ရဖို့အတွက် အခြား၁၉သင်းကို အနိုင်ယူနိုင်တယ်ဆိုတာ ဒီအချက်က ပြနေတာပါ။ ယူနိုက်တက်မှာ စိတ်လှုပ်ရှားစရာ တိုက်စစ်မှူးတွေရှိနေပမဲ့ အင်အားကုန်ခမ်းနေသလို လီဗာပူး ကွင်းလယ်ရဲ့ အရည်အချင်းကလည်း တကယ်ကို ကောင်းမွန်နေပါတယ်။ လီဗာပူးတို့ အိမ်ကွင်းနောက်ဆုံး ၅၁ပွဲဆက် ရှုံးပွဲမရှိခဲ့ပဲ ဒီပွဲနဲ့ဆို ၅၂ပွဲဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

နီကိုးလက်စ် – ဒီနှစ် ပရီးမီးယားလိဂ်ကို ပထမဆုံးဆွတ်ခူးဖို့ နီးစပ်နေတဲ့ လီဗာပူးကို ယူနိုက်တက်တို့ ကြောက်နေပါမှာပါ။ ယူနိုက်တက်တို့ ဒီပွဲမှာ အရှက်မရချင်ပေမဲ့ လီဗာပူးသာ သွင်းဂိုးတွေ စောစောရသွားရင် ပြဿနာတက်ပါပြီ။ ဒါက လွယ်တယ်လို့ ပြောတာ မဟုတ်ပေမဲ့ လီဗာပူးတို့ ရှုံးပွဲမရှိ လိဂ်ဖလားယူနိုင်တယ်လို့ တကယ်ယုံကြည်နေပါပြီ။ လီဗာပူးတို့ Clean Sheet၆ပွဲဆက် ရခဲ့တာက သူတို့ဘာလဲဆိုတာကိုပြနေပါတယ်။ ယူနိုက်တက်က အီတီဟတ်မှာ ကျွန်တော် ပြောတာမှားတယ်ဆိုတာ သက်သေပြခဲ့ပေမဲ့ ဒီပွဲမှာတော့ လီဗာပူးပဲ သက်သောင့်သာနိုင်သွားမယ်လို့ သုံးသပ်မိပါတယ်

နီကိုးလက်စ်ရဲ့ ခန့်မှန်းချက် – လီဗာပူး ၃ – ၁ ယူနိုက်တက်

BBC အားကစားကလောင်ရှင် လီဗာပူး ဂန္တဝင် မက်ခ်လော်ရန်ဆန်ကလည်း ဒီပွဲမှာ ကြိုးူကြာနီတွေ ၂-ဝနဲ့ အနိုင်ရမယ်လို့ သုံးသပ်ခဲ့ပါတယ်။