လီဗာပူးနံ့ပွဲမတိုင်ခင် ရက်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာအခြေအနေကို ပြောပြလိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာ အခြေအနေကို လီဗာပူးနဲ့ပွဲ မတိုင်ခင် အထိ စောင့်ကြည့်သွားမယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ တနဂ်နွေနေ့မှာ လီဗာပူအသင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ် မတိုင်ခင်မှာတော့ ယူနိုက်တက်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် ရက်ရှ်ဖို့ဒ် ဝုဗ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ဖွယ် ရှိနေပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ အဂ်လန်သားကို ဒီပွဲမှာ ထည့်သုံးဖို့ မသေချာဘူးလို့ ပြောခဲ့ပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်အခု မပြောနိုင်သေးပါဘူး။ အရင်အပတ်က မက်ဂွီရီလိုပဲ
သူပါသင့်လားဆိုတာ စဉ်းစားဖို့ အချိန်ပေးသွားမှာပါ။ ဒီနေ့မှာ သူ့ကို စစ်ဆေးမှုနဲ့ ကုသမှုတွေ ပြုလုပ်သွားပါဦးမယ်”

“ဒီမနက် သူ့ကိုမတွေ့ရပေမဲ့ နောက်ဆုံးအချိန်ထိ သူ့ကို စောင်ကြည့်သွားမှာပါ။ ကျွန်တော်တို့မှာ ၄၈နာရီအချိန်ရပါသေးတယ်။ ဒါကြောင့် စောင်ကြည့်တာပေါ့”လို့ ပြောခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ လီဗာပူးနဲ့ ပထမအကျော့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သူမပါတဲ့ တိုက်စစ်ကတော့ ယူနိုက်တက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။