လီဗာပူးနဲ့ပွဲစဥ်ကို လာရောက်ကြည့်ရှုဖို့ ပြင်ဆင်နေတဲ့ ဘရူနို ဖာနန်ဒက်စ်

ယူနိုက်တက်ပစ်မှတ် ဘရူနို ဖာနန်ဒက်စ်ဟာ လီဗာပူနဲ့ ပွဲကြီးပွဲကောင်ကိ လာရောက် ကြည့်ရှုဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ The Sunရဲ့ ဖော်ပြချက်အရ ယူနိုက်တက်နဲ့ ဘရူနို ဖာနန်ဒက်စ် အပြောင်းအရွှေ့ဟာ ဒီအပတ်အတွင်းမှာ ပေါင် သန်း၆၀နဲ့ အပြီးသတ်နိုင်မယ်လို့ သိရပါတယ်။

ပေါ်တူဂီသတင်းစာ A bolaကတော့ ပေါ်တူဂီသားဟာ လီဗာပူးနဲ့ပွဲကို လာရောက်ကြည့်ရှု လေ့လာမယ်လို့ သိရပါတယ်။ အဆိုပါပွဲစဥ်မှာ ဖာနန်ဒက်စ်တစ်ယောက် ပါဝင်မှာ မဟုတ်ပေမဲ့ အဆိုပါ ပွဲအပြီးမှာတော့ အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်ဖွယ် ရှိ​နေပါတယ်။

ဖာနန်​ဒက်စ်ဟာ သောကြာနေ့ညမှာ ကစားမယ့် ဘင်ဖီကာနဲ့ ပွဲအပြီးမှာ အသင်းဖော်တွေကို နှုတ်ဆက်သွားဖွယ် ရှိနေပါတယ်။ စပို့တင်းအသင်းဟာ ဖာနန်ဒက်စ်ကို စာချုပ်ချုပ်ဆိုပြီး ၆ပတ်အကြာမှာပဲ ဆုံရှုံးရဖို့ ရှိနေတာပါ။

ယခုနှစ်ရာသီမှာ ဖာနန်ဒက်ဟာ ၂၅ပွဲကစားပြီး ၁၅ဂိုး သွင်းယူကာ ၁၃ဂိုး ဖန်တီးပေးထါးခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ ကွင်းလယ်ပိုင်း ဒဏ်ရာ ပြသနာ များနေတဲ့အတွက် ဖာနန်ဒက်စ်ကို အသည်းအသန် ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။