လာမယ့်နှစ်အာဖရိကဖလားကြောင့် လီဗာပူးပရိသတ်တွေ စိတ်ပျက်နေ

photo-gettyimages

photo-gettyimages

ကင်မရွန်းဘောလုံးအဖွဲ့ချုပ်က လာမယ့်နှစ်အာဖရိကဖလားပြိုင်ပွဲကို ၂၀၂၁ ရဲ့ဇန်နဝါရီနဲ့ ဖေဖော်ဝါရီတို့မှာ ကစားစေဖို့ ရွှေ့ပြောင်းလိုက်တဲ့အတွက် လီဗာပူးပရိသတ်တွေဟာ ဒေါသထွက်နေကြပါတယ်။ အဲဒီလိုပြိုင်ပွဲကျင်းပမယ့်အချိန် ရွှေ့ဆိုင်းလိုက်ခြင်းဟာ ပရီးမီးယားလိဂ်ကလပ်တွေအပေါ် ရိုက်ခတ်မှာဖြစ်ပြီး အဲဒီထဲမှာ အဆိုးဆုံးခံစားရနိုင်တာက လီဗာပူးဖြစ်နေတာပါ။ လာမယ့်နှစ်အာဖရိကဖလားပြိုင်ပွဲဟာ ဇန်နဝါရီ ၉ ရက်နေ့မှာ စတင်လိမ့်မှာဖြစ်ပြီး အိမ်ရှင်ကင်မရွန်းမှာက နွေရာသီလတွေအတွင်း အဆင်မပြေတဲ့ရာသီဥတုအခြေအနေတွေရှိတာကြောင့် အခုလိုရွှေ့ပြောင်းလိုက်တာလည်း ဖြစ်ပါတယ်။

photo-gettyimages

၂ နှစ်တစ်ကြိမ်ကျင်းပတဲ့ အာဖရိကနိုင်ငံများဖလားဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဇွန်နဲ့ ဇူလိုင်လတို့မှာ ကျင်းပခဲ့တာဖြစ်ပြီး နွေရာသီမှာကျင်းပတဲ့ ပထမဆုံးအကြိမ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဇန်နဝါရီမှာ ပုံမှန်ကျင်းပခဲ့ပြီး အဲဒီဒဏ်ကို ပရီးမီးယားလိဂ်အသင်းတော်တော်များများ ခံခဲ့ရဖူးပါတယ်။ အခုလည်း လီဗာပူးဟာ သူတို့ရဲ့အဓိကကစားသမားတွေဖြစ်ကြတဲ့ ဆာလာနဲ့မာနီတို့အပြ ကွင်းလယ်လူကီတာကိုလည်း လာမယ့်ရာသီ ကြားကာလမှာ အနည်းဆုံး ၁ လကျော်လောက် လက်လွှတ်ရဖို့ ရှိနေပါတယ်။

photo-gettyimages

အသင်းကြီးတွေထဲမှာ လီဗာပူးပြီးရင် ဒုတိယအကြီးမားဆုံးရိုက်ခတ်ခံရမှာက အာဆင်နယ်ဖြစ်ကာ အူဘာမီယန်နဲ့ နီကိုလက်စ်ပီပီကို ဆုံးရှုံးရမှာပါ။ ချဲလ်ဆီးမှာတော့ အဲဒီပြသနာမရှိဘဲ မန်စီးတီးက မာရက်ဇ်တစ်ယောက်တည်းကိုသာ လက်လွှတ်ရဖို့ရှိကာ မန်ယူကလည်း ဘိုင်လီတစ်ယောက်တည်းကိုသာ ဆုံးရှုံးရမှာပါ။ ဒါကြောင့်လည်း လီဗာပူးပရိသတ်တစ်ယောက်က အာဖရိကနိုင်ငံများဖလားဟာ လာမယ့်ရာသီပရီးမီးယားလိဂ်မှာ လီဗာပူးဗိုလ်မစွဲအောင် လုပ်လိုက်တာလို့ ပြစ်တင်ပြောကြားလိုက်ပါတယ်။

[Zawgyi]

လာမယ့္ႏွစ္အာဖရိကဖလားေၾကာင့္ လီဗာပူးပရိသတ္ေတြ စိတ္ပ်က္ေန

ကင္မရြန္းေဘာလုံးအဖြဲ႕ခ်ဳပ္က လာမယ့္ႏွစ္အာဖရိကဖလားၿပိဳင္ပြဲကို ၂၀၂၁ ရဲ႕ဇန္န၀ါရီနဲ႔ ေဖေဖာ္၀ါရီတုိ႔မွာ ကစားေစဖို႔ ေရႊ႕ေျပာင္းလုိက္တဲ့အတြက္ လီဗာပူးပရိသတ္ေတြဟာ ေဒါသထြက္ေနၾကပါတယ္။ အဲဒီလိုၿပိဳင္ပြဲက်င္းပမယ့္အခ်ိန္ ေရႊ႕ဆိုင္းလိုက္ျခင္းဟာ ပရီးမီးယားလိဂ္ကလပ္ေတြအေပၚ ရိုက္ခတ္မွာျဖစ္ၿပီး အဲဒီထဲမွာ အဆိုးဆုံးခံစားရႏိုင္တာက လီဗာပူးျဖစ္ေနတာပါ။ လာမယ့္ႏွစ္အာဖရိကဖလားၿပိဳင္ပြဲဟာ ဇန္န၀ါရီ ၉ ရက္ေန႔မွာ စတင္လိမ့္မွာျဖစ္ၿပီး အိမ္ရွင္ကင္မရြန္းမွာက ေႏြရာသီလေတြအတြင္း အဆင္မေျပတဲ့ရာသီဥတုအေျခအေနေတြရွိတာေၾကာင့္ အခုလိုေရႊ႕ေျပာင္းလိုက္တာလည္း ျဖစ္ပါတယ္။

၂ ႏွစ္တစ္ႀကိမ္က်ငး္ပတဲ့ အာဖရိကႏိုင္ငံမ်ားဖလားဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက ဇြန္နဲ႔ ဇူလိုင္လတုိ႔မွာ က်င္းပခဲ့တာျဖစ္ၿပီး ေႏြရာသီမွာက်င္းပတဲ့ ပထမဆုံးအႀကိမ္ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။ အရင္တုန္းကေတာ့ ဇန္န၀ါရီမွာ ပုံမွန္က်င္းပခဲ့ၿပီး အဲဒီဒဏ္ကို ပရီးမီးယားလိဂ္အသင္းေတာ္ေတာ္မ်ားမ်ား ခံခဲ့ရဖူးပါတယ္။ အခုလည္း လီဗာပူးဟာ သူတို႔ရဲ႕အဓိကကစားသမားေတြျဖစ္ၾကတဲ့ ဆာလာနဲ႔မာနီတို႔အျပ ကြင္းလယ္လူကီတာကိုလည္း လာမယ့္ရာသီ ၾကားကာလမွာ အနည္းဆုံး ၁ လေက်ာ္ေလာက္ လက္လႊတ္ရဖို႔ ရွိေနပါတယ္။

အသင္းႀကီးေတြထဲမွာ လီဗာပူးၿပီးရင္ ဒုတိယအႀကီးမားဆုံးရိုက္ခတ္ခံရမွာက အာဆင္နယ္ျဖစ္ကာ အူဘာမီယန္နဲ႔ နီကိုလက္စ္ပီပီိကို ဆုံးရႈံးရမွာပါ။ ခ်ဲလ္ဆီးမွာေတာ့ အဲဒီျပသနာမရွိဘဲ မန္စီးတီးက မာရက္ဇ္တစ္ေယာက္တည္းကိုသာ လက္လႊတ္ရဖို႔ရွိကာ မန္ယူကလည္း ဘိုင္လီတစ္ေယာက္တည္းကိုသာ ဆုံးရႈံးရမွာပါ။ ဒါေၾကာင့္လည္း လီဗာပူးပရိသတ္တစ္ေယာက္က အာဖရိကႏိုင္ငံမ်ားဖလားဟာ လာမယ့္ရာသီပရီးမီးယားလိဂ္မွာ လီဗာပူးဗုိလ္မစြဲေအာင္ လုပ္လုိက္တာလို႔ ျပစ္တင္ေျပာၾကားလိုက္ပါတယ္။