လာပေါ်တီကြောင့် မန်စီးတီးခံစစ်ပိုင်းလုံခြုံသွားပြီလို့ယုံကြည်စိတ်ချသွားတဲ့ ဂွါဒီယိုလာ

0
227

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲမှာပြန်ကစားနိုင်ခဲ့တဲ့နောက်ခံလူလာပေါ်တီဟာကမ္ဘာ့အကောင်းဆုံးခံစစ်မှူးဖြစ်တယ်လို့တစ်ဦးဖြစ်တယ်လို့မန်စီးတီးနည်းပြဂွါဒီယိုလာကချီးကျူးလိုက်ပါတယ်။အသက် ၂၅ နှစ်အရွယ် လာပေါ်တီဟာဩဂုတ်လအတွင်းကရရှိခဲ့တဲ့ဒူးဒဏ်ရာကြောင့် ၁၄၃ ရက်ကြာအနားယူခဲ့ရပြီး ရှက်ဖီးလ် ယူနိုက်တက်ကို(၀-၁)နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပြန်ကစားနိုင်ခဲ့တာပါ။

ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲမှာ ၇၈ မိနစ်ကြာပါဝင်ကစားသွားခဲ့တဲ့လာပေါ်တီနဲ့ပတ်သက်ပြီးနည်းပြဂွါဒီယို လာက “ ကျတော်တို့သူ့ကိုအချိန်တော်တော်များများသတိရနေကြတာပါ။ သူ့ရဲ့လျင်မြန်တဲ့ပြေးအား၊ ခေါင်းတိုက်ဖျက်ထုတ်မှု၊ ခုခံကာကွယ်မှုတွေက လုံး၀ထူးခြားကောင်းမွန်တဲ့ကစားသမားဖြစ်ပါတယ်။အခု လိုသူပြန်ကစားတာဟာ အနည်းငယ်စွန့်စားရာကျပေမယ့် ဆရာဝန်က မိနစ်အနည်းငယ်ဝင်ကစားခွင့်လို့ ရတယ်လို့ ခွင့်ပြုခဲ့တာကြောင့်ဖြစ်ပါတယ်။ နောက်ရက်အနည်းငယ်ဆိုရင်တော့ ကြံ့ခိုင်မှုအပြည့်နဲ့ကစား နိုင်ပြီထင်ပါတယ်”လို့ ပြောပြသွားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ လာပေါ်တီကစားနိုင်တဲ့ကာလတွေမှာ ကွင်းလယ်လူဖာနန်ဒင်ဟိုနဲ့ ရိုဒရီတို့ကို ခံစစ်မှူးအဖြစ် နေရာပြောင်းလဲကစားစေခဲ့ရပါတယ်။လာပေါ်တီဟာ မန်စီးတီးအသင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ပြောင်းရွှေ့ကြေး ပေါင် ၅၈ သန်းနဲ့ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား နှစ်ကြိမ်ရယူပေးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း ဒဏ်ရာမရခင် သူပါဝင်ကစားခဲ့တဲ့ ၃ ပွဲမှာ မန်စီးတီးအသင်း ၇ မှတ်အထိရရှိခဲ့တာဖြစ်ပါတယ်။ မန်စီးတီးနဲ့ အက်စ်တွန်ဗီလာတိုက်စစ်မှူးဟောင်းဒက်ဗလင်က မန်စီးတီး အသင်းဟာ လာပေါ်တာပြန်ပါဝင်လာလို့ ခံစစ်ပိုင်းတည်ငြိမ်သွားပြီး ပေါ့ပေါ့ပါးပါးကစားနိုင်ခဲ့ကြတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

လာေပၚတီေၾကာင့္ မန္စီးတီးခံစစ္ပိုင္းလုံၿခဳံသြားၿပီလို႔ယုံၾကည္စိတ္ခ်သြားတဲ့ ဂြါဒီယိုလာ
/////////////////////////////////////////////////
ရွက္ဖီးလ္ယူႏိုက္တက္နဲ႔ပြဲမွာျပန္ကစားႏိုင္ခဲ့တဲ့ေနာက္ခံလူလာေပၚတီဟာကမာၻ႔အေကာင္းဆုံးခံစစ္မႉးျဖစ္တယ္လို႔တစ္ဦးျဖစ္တယ္လို႔မန္စီးတီးနည္းျပဂြါဒီယိုလာကခ်ီးက်ဴးလိုက္ပါတယ္။အသက္ ၂၅ ႏွစ္အ႐ြယ္ လာေပၚတီဟာဩဂုတ္လအတြင္းကရရွိခဲ့တဲ့ဒူးဒဏ္ရာေၾကာင့္ ၁၄၃ ရက္ၾကာအနားယူခဲ့ရၿပီး ရွက္ဖီးလ္ ယူႏိုက္တက္ကို(၀-၁)နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ျပန္ကစားႏိုင္ခဲ့တာပါ။

ရွက္ဖီးလ္ယူႏိုက္တက္နဲ႔ပြဲမွာ ၇၈ မိနစ္ၾကာပါဝင္ကစားသြားခဲ့တဲ့လာေပၚတီနဲ႔ပတ္သက္ၿပီးနည္းျပဂြါဒီယို လာက “ က်ေတာ္တို႔သူ႔ကိုအခ်ိန္ေတာ္ေတာ္မ်ားမ်ားသတိရေနၾကတာပါ။ သူ႔ရဲ႕လ်င္ျမန္တဲ့ေျပးအား၊ ေခါင္းတိုက္ဖ်က္ထုတ္မႈ၊ ခုခံကာကြယ္မႈေတြက လုံး၀ထူးျခားေကာင္းမြန္တဲ့ကစားသမားျဖစ္ပါတယ္။အခု လိုသူျပန္ကစားတာဟာ အနည္းငယ္စြန႔္စားရာက်ေပမယ့္ ဆရာဝန္က မိနစ္အနည္းငယ္ဝင္ကစားခြင့္လို႔ ရတယ္လို႔ ခြင့္ျပဳခဲ့တာေၾကာင့္ျဖစ္ပါတယ္။ ေနာက္ရက္အနည္းငယ္ဆိုရင္ေတာ့ ႀကံ့ခိုင္မႈအျပည့္နဲ႔ကစား ႏိုင္ၿပီထင္ပါတယ္”လို႔ ေျပာျပသြားခဲ့ပါတယ္။

ဂြါဒီယိုလာဟာ လာေပၚတီကစားႏိုင္တဲ့ကာလေတြမွာ ကြင္းလယ္လူဖာနန္ဒင္ဟိုနဲ႔ ႐ိုဒရီတို႔ကို ခံစစ္မႉးအျဖစ္ ေနရာေျပာင္းလဲကစားေစခဲ့ရပါတယ္။လာေပၚတီဟာ မန္စီးတီးအသင္းကို ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလအတြင္းက ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၈ သန္းနဲ႔ေရာက္ရွိလာခဲ့ၿပီး အသင္းအတြက္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလား ႏွစ္ႀကိမ္ရယူေပးႏိုင္ခဲ့ပါတယ္။

ဒီရာသီမွာလည္း ဒဏ္ရာမရခင္ သူပါဝင္ကစားခဲ့တဲ့ ၃ ပြဲမွာ မန္စီးတီးအသင္း ၇ မွတ္အထိရရွိခဲ့တာျဖစ္ပါတယ္။ မန္စီးတီးနဲ႔ အက္စ္တြန္ဗီလာတိုက္စစ္မႉးေဟာင္းဒက္ဗလင္က မန္စီးတီး အသင္းဟာ လာေပၚတာျပန္ပါဝင္လာလို႔ ခံစစ္ပိုင္းတည္ၿငိမ္သြားၿပီး ေပါ့ေပါ့ပါးပါးကစားႏိုင္ခဲ့ၾကတယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။