ရှုံးထွက်ဖလား ၃လုံးချန်ပီယံဖြစ်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ရက်ရှ်ဖို့ဒ် ကြုံးဝါး

Photo Credit

Photo Credit

ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ရ်ှဖို့ဒ်က ယနေ့ညကစားရမယ့် စီးတီးနဲ့ ကာရာဘောင်ဖလားပွဲမတိုင်ခင် မိမိတို့အသင်းအနေနဲ့ ယခုရာသီမှာ ရှုံးထွက်ဖလား ၃လုံးချန်ပီယံဖြစ်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ယခုရာသီပရီးမီးယားလိဂ်မှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး ၂၁ပွဲကစားပြီးချိန်မှာ ၈ပွဲပဲအနိုင်ရထားပါတယ်။

Photo Credit

ဒါပေမဲ့ ယူနိုက်တက်ဟာ တခြားပြိုင်ပွဲ ၃ရပ်မှာတော့ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်ရှိနေသေးပြီး အစောဆုံးဗိုလ်လုပွဲအဖြစ် ဖေဖော်ဝါရီလအတွင်း ကစားရမယ့် ကာရာဘောင်ဖလားဗိုလ်လုပွဲကစားခွင့်ရဖို့အတွက် လက်ရှိချန်ပီယံစီးတီးကို မဖြစ်မနေကျော်ဖြတ်ရမှာဖြစ်ကာ ယနေ့ညမှာ ဆီမီးဖိုင်နယ်ပ-အကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ စီးတီးကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။

Photo Credit

နောက်ဆုံး ၂ရာသီဆက် ဖလားလက်မဲ့ဖြစ်ခဲ့ရပြီးနောက် ရက်ရှ်ဖို့ဒ်က ”အရိုးသားဆုံးပြောရရင် အခုချိန်မှာ ရှုံးထွက်ဖလားချန်ပီယံဖြစ်ဖု့ိ အခွင့်အရေးရှိနေပါတယ်။ အမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ လုံးဝအခွင့်အရေးမရှိတော့ပေမယ့် တခြားပြိုင်ပွဲတွေမှာတော့ မျှော်လင့်ချက်အပြည့်ရှိနေပါတယ်။ ဒီတော့ ရာသီအကုန်မှာ ဖလား ၃လုံးချန်ပီယံအဖြစ် အဆုံးသတ်နိုင်ဖို့ အလားအလာလည်းရှိနေပါတယ်။ ဒီအရာကို ကျွန်တော်တို့အသင်းရဲ့အဓိကပစ်မှတ်အဖြစ် ထားရှိထားပါတယ်”လို့ ပြောပါတယ်။

ယူနိုက်တက်ဟာ ဒီဇင်ဘာလ ၇ ရက်နေ့က ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အီတီဟတ်မှာ စီးတီးကို ၁-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး အသင်းအတွက် ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့က ဂိုးတွေ အသီးသီးသွင်းယူပေးခဲ့ပါတယ်။ အဲဒီပွဲမှာ ယူနိုက်တက်ဟာ တန်ပြန်တိုက်စစ်ကနေ အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်က ဒီတစ်ခါတော့ စီးတီးနည်းပြ ဂွါဒီယိုလာက မတူညီတဲ့ဗျူဟာ ခင်းကျင်းလာနိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

Zawgyi

႐ံႈးထြက္ဖလား ၃လုံးခ်န္ပီယံျဖစ္ဖို႔ အစြမ္းကုန္ႀကိဳးစားသြားမယ္လုိ႔ ရက္ရွ္ဖို႔ဒ္ ႀကံဳး၀ါး

ယူႏုိက္တက္အသင္းတုိက္စစ္မွဴး ရက္ရ္ွဖို႔ဒ္က ယေန႔ညကစားရမယ့္ စီးတီးနဲ႔ ကာရာေဘာင္ဖလားပြဲမတုိင္ခင္ မိမိတို႔အသင္းအေနနဲ႔ ယခုရာသီမွာ ႐ံႈးထြက္ဖလား ၃လုံးခ်န္ပီယံျဖစ္ဖို႔ အစြမ္းကုန္ႀကိဳးစားသြားမယ္လုိ႔ ႀကံဳး၀ါးလုိက္ပါတယ္။ ယူႏုိက္တက္ဟာ ယခုရာသီပရီးမီးယားလိဂ္မွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရၿပီး ၂၁ပြဲကစားၿပီးခ်ိန္မွာ ၈ပြဲပဲအႏိုင္ရထားပါတယ္။
ဒါေပမဲ့ ယူႏုိက္တက္ဟာ တျခားၿပိဳင္ပြဲ ၃ရပ္မွာေတာ့ ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနေသးၿပီး အေစာဆုံးဗုိလ္လုပဲြအျဖစ္ ေဖေဖာ္၀ါရီလအတြင္း ကစားရမယ့္ ကာရာေဘာင္ဖလားဗိုလ္လုပဲြကစားခြင့္ရဖို႔အတြက္ လက္ရွိခ်န္ပီယံစီးတီးကို မျဖစ္မေနေက်ာ္ျဖတ္ရမွာျဖစ္ကာ ယေန႔ညမွာ ဆီမီးဖိုင္နယ္ပ-အေက်ာ့ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ စီးတီးကို ဧည့္ခံကစားရမွာျဖစ္ပါတယ္။
ေနာက္ဆုံး ၂ရာသီဆက္ ဖလားလက္မဲ့ျဖစ္ခဲ့ရၿပီးေနာက္ ရက္ရွ္ဖို႔ဒ္က ”အ႐ိုးသားဆုံးေျပာရရင္ အခုခ်ိန္မွာ ႐ံႈးထြက္ဖလားခ်န္ပီယံျဖစ္ဖု႔ိ အခြင့္အေရးရိွေနပါတယ္။ အမွတ္ေပးၿပိဳင္ပဲြမွာ ခ်န္ပီယံျဖစ္ဖို႔ လုံး၀အခြင့္အေရးမရိွေတာ့ေပမယ့္ တျခားၿပိဳင္ပဲြေတြမွာေတာ့ ေမွ်ာ္လင့္ခ်က္အျပည့္ရွိေနပါတယ္။ ဒီေတာ့ ရာသီအကုန္မွာ ဖလား ၃လုံးခ်န္ပီယံအျဖစ္ အဆုံးသတ္ႏိုင္ဖို႔ အလားအလာလည္းရွိေနပါတယ္”
”ဒီအရာကို ကၽြန္ေတာ္တုိ႔အသင္းရဲ႕အဓိကပစ္မွတ္အျဖစ္ ထားရွိထားပါတယ္”လုိ႔ ေျပာပါတယ္။
ယူႏိုက္တက္ဟာ ဒီဇင္ဘာလ ၇ ရက္ေန႔က ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အီတီဟတ္မွာ စီးတီးကို ၁-၂ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အသင္းအတြက္ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔က ဂိုးေတြ အသီးသီးသြင္းယူေပးခဲ့ပါတယ္။ အဲဒီပြဲမွာ ယူႏုိက္တက္ဟာ တန္ျပန္တုိက္စစ္ကေန အေကာင္းဆုံးဒုကၡေပးႏုိင္ခဲ့ေပမယ့္ ရက္ရွ္ဖုိ႔ဒ္က ဒီတစ္ခါေတာ့ စီးတီးနည္းျပ ဂြါဒီယိုလာက မတူညီတဲ့ဗ်ဴဟာ ခင္းက်င္းလာႏိုင္တယ္လုိ႔ သုံးသပ္ခဲ့ပါတယ္။