ရိုမဲရိုးက ဒီဂီယာကို အရန်ခုံပို့နိုင်မလားဆိုတဲ့ မေးခွန်းတွေကို တုံ့ပြန်လာခဲ့တဲ့ အိုလေဂန်နာ ဆိုးလ်ရှား

 

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားတတိယအဆင့်ပွဲစဉ်မှာတော့ မန်ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီးဒါဟာ ဝုလ်ဗ်နဲ့ ကစားရတဲ့ ပွဲစဉ်တွေမှာ ယူနိုက်တက်အနေနဲ့ ၄ ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့တာပါ။ဒီရလဒ်ကြောင့် ယူနိုက်ဟာ ပြန်ကန်ပွဲအနေနဲ့အိုးလ်ထရက်ဖို့ မှာ ဝုလ်ဗ်နဲ့ ပြန်ကစားရတော့မှာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ သူရဲကောင်းဖြစ်ခဲ့တာက ယူနိုက်တက်ဂိုးသမား ရိုမဲရိုးပဲဖြစ်ပြီး ဝုလ်ဗ်အသင်းရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတော်တော်များများ ကိုဂိုးမပေးရအောင် ဟန့်တားသွားနိုင်ခဲ့တာပါ။ဒီပွဲစဉ်အပြီး ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းထောက်တွေက ဆိုးလ်ရှားကိုရိုမဲရိုးဟာ ဒီဂီယာရဲ့နေရာကို ခြိမ်းခြောက်နေပြီလားလို့ မေးမြန်းခဲ့ကြတာပါ။


ဆိုးလ်ရှားက အဆိုပါမေးခွန်းတွေကို (((( သူတို့နှစ်ယောက်စလုံးမှာ
အခွင့်အရေးကိုယ်စီရှိပါတယ်။ဆာဂျီယိုရိုမဲရိုးဟာ ဒီနေ့ပွဲမှာ လက်စွမ်းပြပြီး ဂိုးမပေးခဲ့ရပါဘူး။ဒါ သူလုပ်နေကျပုံစံမျိုးပဲဖြစ်ပြီး Clean Sheet ရလဒ်တွေအများကြီးးလည်းရခဲ့ပါတယ်။ဒါဟာသူပြိုင်ဆိုင်နေရတဲ့ ဒီဂီယာလိုဂိုးသမားရှိနေတာကြောင့်လည်းဖြစ်ပါတယ်။သူက ဒီဂီယာကိုတကယ်ဖိအားပေးနိုင်တဲ့သူတစ်ဦးဖြစ်ပြီး ဒါကလည်း ကျွန်တော်လိုချင်တာပါပဲ။ကျွန်တော်တို့မှာ ကမ္ဘာ့ အကောင်းဆုံးဂိုးသမား နှစ်ယောက်ရှိနေပြီး အသင်းရဲ့ ကျန်နေရာတိုင်းမှာ ဒီလိုမျိုးဖြစ်နေတာကို
ကျွန်တော်လိုချင်ပါတယ်)))) လို့ပြောသွားခဲ့တာပါ။

ဒါ့အပြင်က ဆိုးလ်ရှား က ဝုလ်ဗ်နဲ့ပြန်ကန်ရမယ့်ပွဲစဉ်အတွက်မေးမြန်းရာမှာလည်း (((( သရေရလဒ်က နှစ်သင်းစလုံးအတွက် မျှတတဲ့ ရလဒ်တစ်ခုပါ။ပြိုင်ပွဲကထွက်လိုက်ရတာထက် ပြန်ကန်ပွဲကစားရမှာကိုတော့ ကျွန်တော်ပိုပျော်ပါတယ်)))) လို့ ပြောကြားသွားခဲ့ပါတယ်။