ရီးရဲလ်မက်ဒရစ်က ခေါ်ယူလိုက်တဲ့ ကာကာလက်သစ်ဆိုတာ…

0
1761

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ရိုနယ်ဒို၊ကာကာ၊ရော်ဘင်ဟိုတို့လို့ဘရာဇီးကစားသမားတွေနဲ့အောင်မြင်မှုသမိုင်းမှတ်တိုင်တွေစိုက်ထူခဲ့ ဖူးတဲ့ ရီးရဲလ်မက်ဒရစ်ဟာအခုအခါမှာရီနီရာဂျီးဆပ်ဆိုတဲ့ဘရာဇီးလူငယ်ကြယ်ပွင့်လေးတစ်ဦးကိုခေါ်ယူ ခဲ့ပြန်ပါပြီ။အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ရီနီရာဂျီးဆပ်ကို ရီးရဲလ်မက်ဒရစ်အသင်းက မျှော်လင့်ချက်အပြည့်နဲ့ ဖလာမင်ဂိုကနေပြောင်းရွှေကြေးပေါင် ၂၆ သန်း၊ ၆ နှစ်စာချုပ်နဲ့ခေါ်ယူခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ ရိုဒရီဂို၊ ဗီနီဆီးယက်စ်တို့ကိုလည်း ဖလာမင်ဂိုကနေ ခေါ်ယူထားတာကြောင့် အခုအသစ်ခေါ်ယူလိုက်တဲ့ ရီနီရာဂျီးဆပ်အနေနဲ့ သူ့ရဲ့ရှေ့ကဘရာဇီးနောင်တော်တွေရဲ့ခြေရာကိုနင်းနိုင် ပါ့မလားဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။

ရီနီရာဂျီးဆပ်ဆိုတာ အခုမှအသက် ၁၈ နှစ်အရွယ်သာရှိသေးတယ်ဆိုပေမယ့် သူ့အသက်တန်းမှာတော့ အလားအလာအကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ဘရာဇီးဖူဆယ်ဂန္ထဝင်ကစားသ မားကြီးဘရာဆီလီယာရဲ့ သားဖြစ်တဲ့ရီနီရာဟာ ရီးရဲလ်မက်ဒရစ်ကိုမပြောင်းလာခင်မှာ ဘရာဇီးအိုလံပစ် အသင်းအတွက်ခြေစစ်ပွဲတွေကစားရဦးမှာဖြစ်ပါတယ်။

ဖလာမင်ဂိုအသင်းအတွက် အသက် ၁၇ နှစ်အရွယ်မှာစတင်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ရီနီရာဂျီးဆပ်ဟာ သူ့ရဲ့ပွဲဦးထွက်ပွဲမှာပဲ ခြေစွမ်းပြနိုင်ခဲ့တာပါ။ ၂၀၁၉ ခုနှစ်အတွင်းဖလာမင်ဂိုအသင်းအတွက်ကစားပေးခဲ့ တဲ့ ၁၄ ပွဲမှာ ၆ ဂိုးသွင်းယူပေးခဲ့ပြီး ဘရာဇီးလိဂ်ရဲ့ချန်ပီယံဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့်သူဟာ ဖလာမင်ဂိုအသင်းရဲ့ ကိုပါလီဘာတေးဒိုးဗိုလ်လုပွဲနဲ့ လီဗာပူးကိုရင်ဆိုင်ခဲ့ရတဲ့ဖီဖာ ကလပ်ကမ္ဘာ့ဖလားပွဲတွေမှာတော့ အရန်ခုံမှာသာထိုင်နေခဲ့ရပြီး ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ ရီးရဲလ်မက် ဒရစ်အသင်းက သူ့ကိုခေါ်ယူခဲ့တာဟာနည်းစနစ်ပိုင်ကျေညက်မှုနဲ့ ဘောလုံး Skill ကောင်းမွန်မှုကြောင့် ဖြစ်ပါတယ်။

ရီနီရာဂျီးဆပ်ဟာ ဘရာဇီးယူ ၁၇ အသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်သလို ကာကာလက်သစ်အဖြစ် တင်စားခြင်းခံထားရသူပါ။ရီးရဲလ်မက်ဒရစ်အသင်းဟာ ကာကာကို ၂၀၀၉ ခုနှစ်က ခေါ်ယူခဲ့ရာမှာ ထင် သလောက်အလုပ်မဖြစ်ခဲ့ပေမယ့် ရီနီရာဂျီးဆပ်အပေါ်မှာတော့ တော်တော်လေးမျှော်လင့်ထားပါတယ်။ ရီနီရာဂျီးဆပ်ဟာ ရီးရဲလ်မက်ဒရစ်အသင်း လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ခေါ်ယူခဲ့တဲ့ တတိယမြောက် ဘရာဇီးလူငယ်သွေးသစ်လည်းဖြစ်ပါတယ်။ သူ့မတိုင်ခင်က ဗီနီဆီးယက်စ်၊ ရိုဒရီဂိုတို့ကိုခေါ်ယူခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဘရာဇီးလူငယ်တွေကို စုဆောင်းနေတာဟာ အနာဂတ်ရည်မှန်း ချက်ကြီးကြီးမားမားရှိပုံရပါတယ်။

တကယ်တော့ ရီးရဲလ်မက်ဒရစ်ဆိုတာ ဘရာဇီးကစားသမားတွေကို မျက်စိကျတဲ့အသင်းဖြစ်ပါတယ်။ အတိတ်က သမိုင်းပုံရိပ်ကိုပြန်ကြည့်ရင် ရိုနယ်ဒို၊ ရော်ဘတ်တိုကားလို့စ်၊ ရော်ဘင်ဟို၊ ကာကာ၊ မာဆယ်လိုအစရှိတဲ့ ဘရာဇီးကစားသမားတွေနဲ့ အောင်မြင်မှုတွေရယူပေးနိုင်ခဲ့တာကြောင့် အခု ရီနီရာ ဂျီးဆပ်ကိုခေါ်ယူခဲ့တာဟာ ဘရာဇီးကစားသမားတွေနဲ့ ရီးရဲလ်မက်ဒရစ်ကို သွေးသစ်ပြန်လောင်းဖို့ ကြိုးစားနေတာလားဆိုတာ စောင့်ကြည့်ရမယ့်အနေအထားဖြစ်လာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

ရီးရဲလ္မက္ဒရစ္က ေခၚယူလိုက္တဲ့ ကာကာလက္သစ္ဆိုတာ…
///////////////////////////////////////
႐ိုနယ္ဒို၊ကာကာ၊ေရာ္ဘင္ဟိုတို႔လို႔ဘရာဇီးကစားသမားေတြနဲ႔ေအာင္ျမင္မႈသမိုင္းမွတ္တိုင္ေတြစိုက္ထူခဲ့ ဖူးတဲ့ ရီးရဲလ္မက္ဒရစ္ဟာအခုအခါမွာရီနီရာဂ်ီးဆပ္ဆိုတဲ့ဘရာဇီးလူငယ္ၾကယ္ပြင့္ေလးတစ္ဦးကိုေခၚယူ ခဲ့ျပန္ပါၿပီ။အသက္ ၁၈ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ရီနီရာဂ်ီးဆပ္ကို ရီးရဲလ္မက္ဒရစ္အသင္းက ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ ဖလာမင္ဂိုကေနေျပာင္းေ႐ႊေၾကးေပါင္ ၂၆ သန္း၊ ၆ ႏွစ္စာခ်ဳပ္နဲ႔ေခၚယူခဲ့တာပါ။

ရီးရဲလ္မက္ဒရစ္ဟာ ႐ိုဒရီဂို၊ ဗီနီဆီးယက္စ္တို႔ကိုလည္း ဖလာမင္ဂိုကေန ေခၚယူထားတာေၾကာင့္ အခုအသစ္ေခၚယူလိုက္တဲ့ ရီနီရာဂ်ီးဆပ္အေနနဲ႔ သူ႔ရဲ႕ေရွ႕ကဘရာဇီးေနာင္ေတာ္ေတြရဲ႕ေျခရာကိုနင္းႏိုင္ ပါ့မလားဆိုတာ စိတ္ဝင္စားစရာျဖစ္ပါတယ္။

ရီနီရာဂ်ီးဆပ္ဆိုတာ အခုမွအသက္ ၁၈ ႏွစ္အ႐ြယ္သာရွိေသးတယ္ဆိုေပမယ့္ သူ႔အသက္တန္းမွာေတာ့ အလားအလာအေကာင္းဆုံးကြင္းလယ္ကစားသမားတစ္ဦးျဖစ္ပါတယ္။ဘရာဇီးဖူဆယ္ဂႏၴဝင္ကစားသ မားႀကီးဘရာဆီလီယာရဲ႕ သားျဖစ္တဲ့ရီနီရာဟာ ရီးရဲလ္မက္ဒရစ္ကိုမေျပာင္းလာခင္မွာ ဘရာဇီးအိုလံပစ္ အသင္းအတြက္ေျခစစ္ပြဲေတြကစားရဦးမွာျဖစ္ပါတယ္။

ဖလာမင္ဂိုအသင္းအတြက္ အသက္ ၁၇ ႏွစ္အ႐ြယ္မွာစတင္ပြဲထြက္ကစားခြင့္ရခဲ့တဲ့ ရီနီရာဂ်ီးဆပ္ဟာ သူ႔ရဲ႕ပြဲဦးထြက္ပြဲမွာပဲ ေျခစြမ္းျပႏိုင္ခဲ့တာပါ။ ၂၀၁၉ ခုႏွစ္အတြင္းဖလာမင္ဂိုအသင္းအတြက္ကစားေပးခဲ့ တဲ့ ၁၄ ပြဲမွာ ၆ ဂိုးသြင္းယူေပးခဲ့ၿပီး ဘရာဇီးလိဂ္ရဲ႕ခ်န္ပီယံျဖစ္ေစခဲ့ပါတယ္။

ဒါေပမယ့္သူဟာ ဖလာမင္ဂိုအသင္းရဲ႕ ကိုပါလီဘာေတးဒိုးဗိုလ္လုပြဲနဲ႔ လီဗာပူးကိုရင္ဆိုင္ခဲ့ရတဲ့ဖီဖာ ကလပ္ကမာၻ႔ဖလားပြဲေတြမွာေတာ့ အရန္ခုံမွာသာထိုင္ေနခဲ့ရၿပီး ပါဝင္ကစားခြင့္မရခဲ့ပါဘူး။ ရီးရဲလ္မက္ ဒရစ္အသင္းက သူ႔ကိုေခၚယူခဲ့တာဟာနည္းစနစ္ပိုင္ေက်ညက္မႈနဲ႔ ေဘာလုံး Skill ေကာင္းမြန္မႈေၾကာင့္ ျဖစ္ပါတယ္။

ရီနီရာဂ်ီးဆပ္ဟာ ဘရာဇီးယူ ၁၇ အသင္းရဲ႕အသင္းေခါင္းေဆာင္ျဖစ္သလို ကာကာလက္သစ္အျဖစ္ တင္စားျခင္းခံထားရသူပါ။ရီးရဲလ္မက္ဒရစ္အသင္းဟာ ကာကာကို ၂၀၀၉ ခုႏွစ္က ေခၚယူခဲ့ရာမွာ ထင္ သေလာက္အလုပ္မျဖစ္ခဲ့ေပမယ့္ ရီနီရာဂ်ီးဆပ္အေပၚမွာေတာ့ ေတာ္ေတာ္ေလးေမွ်ာ္လင့္ထားပါတယ္။ ရီနီရာဂ်ီးဆပ္ဟာ ရီးရဲလ္မက္ဒရစ္အသင္း လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္း ေခၚယူခဲ့တဲ့ တတိယေျမာက္ ဘရာဇီးလူငယ္ေသြးသစ္လည္းျဖစ္ပါတယ္။ သူ႔မတိုင္ခင္က ဗီနီဆီးယက္စ္၊ ႐ိုဒရီဂိုတို႔ကိုေခၚယူခဲ့တာ ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဘရာဇီးလူငယ္ေတြကို စုေဆာင္းေနတာဟာ အနာဂတ္ရည္မွန္း ခ်က္ႀကီးႀကီးမားမားရွိပုံရပါတယ္။

တကယ္ေတာ့ ရီးရဲလ္မက္ဒရစ္ဆိုတာ ဘရာဇီးကစားသမားေတြကို မ်က္စိက်တဲ့အသင္းျဖစ္ပါတယ္။ အတိတ္က သမိုင္းပုံရိပ္ကိုျပန္ၾကည့္ရင္ ႐ိုနယ္ဒို၊ ေရာ္ဘတ္တိုကားလို႔စ္၊ ေရာ္ဘင္ဟို၊ ကာကာ၊ မာဆယ္လိုအစရွိတဲ့ ဘရာဇီးကစားသမားေတြနဲ႔ ေအာင္ျမင္မႈေတြရယူေပးႏိုင္ခဲ့တာေၾကာင့္ အခု ရီနီရာ ဂ်ီးဆပ္ကိုေခၚယူခဲ့တာဟာ ဘရာဇီးကစားသမားေတြနဲ႔ ရီးရဲလ္မက္ဒရစ္ကို ေသြးသစ္ျပန္ေလာင္းဖို႔ ႀကိဳးစားေနတာလားဆိုတာ ေစာင့္ၾကည့္ရမယ့္အေနအထားျဖစ္လာခဲ့ပါတယ္။