ရိုးမားအိမ်ကွင်းအိုလံပီကိုမှာ ကလဲ့စားချေနိုင်ဖို့ အားခဲထားလောက်မယ့် စီရော်နယ်ဒို

0
636

photo-gettyimages

photo-gettyimages

ရောမမြို့က အိုလံပီကိုကွင်းဟာ ရိုးမားနဲ့လာဇီယိုတို့ရဲ့ပူးတွဲအိမ်ကွင်းပါ။ ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုအတွက် ဆိုးရွားတဲ့အမှတ်တရအချို့ရှိနေတဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီနေ့ညမှာတော့ ဂျူဗင်တပ်နဲ့အတူ အဲဒီကို သူသွားရဦးမှာပါ။ စီးရီးအေပွဲစဉ် ၁၉ အနေနဲ့ပေါ့။

photo-daily mail

၂၀၀၉ တုန်းက သူဟာ အဲဒီနေရာမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတစ်ခု ရှုံးနိမ့်ခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်လလောက်ကပဲ အဲဒီနေရာမှာ နောက်ထပ်စိတ်ပျက်စရာနဲ့ ကြံတွေ့ထားရတာပါ။ ဒါ့အပြင် စီရော်နယ်ဒိုဟာ စီးရီးအေမှာ ရိုးမားအသင်းဘက်ကို တစ်ကြိမ်မှ ဂိုးမသွင်းဖူးသေးပါဘူး။ ဒါပေမဲ့ ဥရောပအဆင့်မှာတော့ ရိုးမားအိမ်ကွင်းအိုလံပီကိုမှာ ၇-၁ ရလဒ်နဲ့ နိုင်ခဲ့ဖူးတာကို သူမှတ်မှတ်ရရ ရှိနေဦးမှာပါ။ မန်ယူကစားသမားအဖြစ် ရှိခဲ့စဉ်တုန်းကပေါ့။သူ့ရဲ့ကစားသမားဘဝမှာ ရိုးမားဘက်ကို ၅ ဂိုးသွင်းခဲ့ဖူးပေမယ့် အဲဒါက ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာသာဖြစ်ပြီး အဲဒီထဲ အိုလံပီကိုကွင်းမှာ ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

photo-gettyimages

သူ့ရဲ့အိုလံပီကိုအိပ်မက်ဆိုးက ၂၀၀၉ မှာ စခဲ့တာဖြစ်ပြီး အဲဒီတုန်းက သူ့မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာစီလိုနာကို အရေးနိမ့်ခဲ့ရတာပါ။ အိုလံပီကိုကွင်းမှာ သူနောက်ဆုံးဂိုးသွင်းနိုင်ခဲ့တာကလည်း လွန်ခဲ့တဲ့ ၄ နှစ်နီးပါးကဖြစ်ပြီး ရီးရဲလ်မှာတုန်းကပါ။ စီးရီးအေကို သူရောက်လာပြီးနောက်မှာတော့ အိုလံပီကိုအတွေ့အကြုံတွေဟာ ခါးသက်သက်တွေချည်း ဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက အဲဒီကွင်းမှာ သူ့ရဲ့ဂျူဗင်တပ်ဟာ ရိုးမားကို ၂-၀ ဂိုးနဲ့ ဒူးထောက်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့တစ်လကလည်း သူ့ဂျူဗင်တပ်ဟာ အဲဒီကွင်းမှာပဲ လာဇီယိုကို ၃-၁ နဲ့ ရှုံးခဲ့တာပါ။ ဒီတော့ သူ့ရဲ့အိုလံပီကိုအိပ်မက်ဆိုးတွေကို ဒီနေ့ညမှာ အဆုံးသတ်နိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြတာပေါ့။

[Zawgyi]

ရိုးမားအိမ္ကြင္းအုိလံပီကိုမွာ ကလဲ့စားေခ်ႏိုင္ဖို႔ အားခဲထားေလာက္မယ့္ စီေရာ္နယ္ဒို

ေရာမၿမိဳ႕က အိုလံပီကိုကြင္းဟာ ရိုးမားနဲ႔လာဇီယိုတို႔ရဲ႕ပူးတြဲအိမ္ကြင္းပါ။ ဂ်ဴဗင္တပ္တိုက္စစ္မႈးစီေရာ္နယ္ဒိုအတြက္ ဆုိးရြားတဲ့အမွတ္တရအခ်ိဳ႕ရွိေနတဲ့ ေနရာတစ္ခုဆိုလည္း မမွားပါဘူး။ ဒီေန႔ညမွာေတာ့ ဂ်ဴဗင္တပ္နဲ႔အတူ အဲဒီကို သူသြားရဦးမွာပါ။ စီးရီးေအပြဲစဥ္ ၁၉ အေနနဲ႔ေပါ့။

၂၀၀၉ တုန္းက သူဟာ အဲဒီေနရာမွာ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲတစ္ခု ရႈံးနိမ့္ခဲ့ပါတယ္။ လြန္ခဲ့တဲ့တစ္လေလာက္ကပဲ အဲဒီေနရာမွာ ေနာက္ထပ္စိတ္ပ်က္စရာနဲ႔ ႀကံေတြ႕ထားရတာပါ။ ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ စီးရီးေအမွာ ရိုးမားအသင္းဘက္ကို တစ္ႀကိမ္မွ ဂိုးမသြင္းဖူးေသးပါဘူး။ ဒါေပမဲ့ ဥေရာပအဆင့္မွာေတာ့ ရိုးမားအိမ္ကြင္းအိုလံပီကိုမွာ ၇-၁ ရလဒ္နဲ႔ ႏိုင္ခဲ့ဖူးတာကို သူမွတ္မွတ္ရရ ရွိေနဦးမွာပါ။ မန္ယူကစားသမားအျဖစ္ ရွိခဲ့စဥ္တုန္းကေပါ့။သူ႔ရဲ႕ကစားသမားဘ၀မွာ ရိုးမားဘက္ကို ၅ ဂိုးသြင္းခဲ့ဖူးေပမယ့္ အဲဒါက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာသာျဖစ္ၿပီး အဲဒီထဲ အုိလံပီကိုကြင္းမွာ ၂ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

သူ႔ရဲ႕အိုလံပီကိုအိပ္မက္ဆိုးက ၂၀၀၉ မွာ စခဲ့တာျဖစ္ၿပီး အဲဒီတုန္းက သူ႔မန္ယူအသင္းဟာ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲမွာ ဘာစီလိုနာကို အေရးနိမ့္ခဲ့ရတာပါ။ အုိလံပီကိုကြင္းမွာ သူေနာက္ဆုံးဂိုးသြင္းႏိုင္ခဲ့တာကလည္း လြန္ခဲ့တဲ့ ၄ ႏွစ္နီးပါးကျဖစ္ၿပီး ရီးရဲလ္မွာတုန္းကပါ။ စီးရီးေအကို သူေရာက္လာၿပီးေနာက္မွာေတာ့ အိုလံပီကိုအေတြ႕အႀကဳံေတြဟာ ခါးသက္သက္ေတြခ်ည္း ျဖစ္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရာသီက အဲဒီကြင္းမွာ သူ႔ရဲ႕ဂ်ဴဗင္တပ္ဟာ ရိုးမားကို ၂-၀ ဂိုးနဲ႔ ဒူးေထာက္ခဲ့ရပါတယ္။ လြန္ခဲ့တဲ့တစ္လကလည္း သူ႔ဂ်ဴဗင္တပ္ဟာ အဲဒီကြင္းမွာပဲ လာဇီယုိကို ၃-၁ နဲ႔ ရႈံးခဲ့တာပါ။ ဒီေတာ့ သူ႔ရဲ႕အိုလံပီကိုအိပ္မက္ဆိုးေတြကို ဒီေန႔ညမွာ အဆုံးသတ္ႏိုင္မလားဆိုတာ စိတ္၀င္တစားနဲ႔ ေစာင့္ၾကည့္ၾကတာေပါ့။