ယူနိုက်တက် အသင်းနဲ့ဝေးပြီးနောက် ခံစားရတဲ့ဆိုးကျိုးတွေကိုပြောပြလာတဲ့ ဝိန်းရွန်နီ

photo internet
photo internet

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားတွေထဲမှာ ဝိန်းရွန်နီတစ်ယောက်လည်းနာမည်ကျော်ကြားခဲ့ပါတယ်။ အခုအချိန်အထိလည်းကွင်းထဲမှာခြေစွမ်းတွေပြနိုင်ဆဲဖြစ်တဲ့ကစားသမားတစ်ယောက်ပါ။ အခုအခါ ဝိန်းရွန်နီက သူ့အနေနဲ့ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ကနေအနားယူပြီးနောက်မှာဘယ်လိုဆိုးကျိုး တွေရရှိခဲ့တယ်ဆိုတာပြောပြလာပါတယ်။

photo internet

“ကျွန်တော်ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပိုက်ဆံတွေ အများကြီးရတဲ့ လူငယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ကစားသမားဖြစ်တုန်းကဆိုရင် ဟိုတယ်မှာ ကြိုက်သလောက်တည်းခိုလို့ရခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းသားဖြစ်တုန်းကလည်း 10 ရက်လောက်ကို ဟိုတယ်မှာ အလကားနေထိုင်ခွင့်ရခဲ့ပါတယ်။ ဟိုတယ်မှာနေတဲ့အချိန်မှာလည်း ပျင်းနေရင်ဟိုသွားဒီသွား လုပ်လို့ရသေးသလို၊ အပန်းဖြေစရာအချိန်တွေအများကြီးရှိခဲ့ပါတယ်”လို့ ဝိန်းရွန်နီကပြောပါတယ်။

photo internet

အဲဒီလိုအခွင့်ထူးတွေရရှိခဲ့တာဟာ ဝိန်းရွန်နီအတွက်ပျက်စီးစေတဲ့အနေအထားတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဝိန်းရွန်နီတစ်ယောက်အဲဒီအချိန်တုန်းက လောင်းကစားကိစ္စတွေလည်းလုပ်ခဲ့ပါတယ်။ “ကျွန်တော်အဲဒီတုန်းက လောင်းကစားကိစ္စတွေလည်းလုပ်ခဲ့ပါတယ်။ လောင်းကစားလုပ်တဲ့နေရာမှာ အစပိုင်းတော့ အနိုင်ရခဲ့ပါတယ်။အဲဒီအချိန်တုန်းကလည်း ပိုက်ဆံတွေက အလွယ်တကူဝင်နေတာကို။ ကုန်သွားတဲ့ ပိုက်ဆံတွေကိုတကယ့်ပိုက်ဆံလို့ မထင်မိဘူး။ အခုအချိန်မှာတော့ ကျွန်တော့်အနေနဲ့ငွေသုံးရင်တောင် အကန့်အသတ်နဲ့သုံးနေရပါတယ်။ ဒီလိုဖြစ်တာဟာ ကျွန်တော်ယူနိုက်တက်နဲ့အင်္ဂလန် လက်ရွေးစင်အသင်းတွေကနေ ထွက်ပြီးနောက်ပိုင်းမှာပါ။ လောင်းကစားက ဆိုးကျိုးပဲဖြစ်စေပါတယ်”လို့ ရွန်နီကဆိုပါတယ်။

photo internet

ဝိန်းရွန်နီဟာအချို့ကစားသမားတွေလိုတော့ အကြီးအကျယ်ဆင်းရဲပျက်စီးတဲ့အနေအထားမရှိပါဘူး။ လက်ရှိအချိန်မှာလည်းကစားသမားဘဝနဲ့ဝင်ငွေရှာနိုင်နေပါတယ်။ ပြီးခဲ့တဲ့ရက်က အင်္ဂလန်မြေကိုပြန်လည် ခြေချခဲ့တဲ့ ဝိန်းရွန်နီဟာ ချန်ပီယံရှစ်ပြိုင်ပွဲ ဘန်စလေနဲ့ပွဲစဉ်မှာလည်း ခြေစွမ်းကောင်းတွေပြပြီး ပွဲချိန်ပြည့်ကစားနိုင်ခဲ့ပါတယ်။ ဒါဘီအသင်းရဲ့ခေါင်းဆောင်တာဝန်ကိုလည်းယူခဲ့ပြီး ကျောနံပါတ် 32 အင်္ကျီကိုဝတ်ဆင်ကစားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက် 34 နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဝိန်းရွန်နီက သူဟာ ကစားသမားဘဝမှာ အပယ်ခံလိုဖြစ်နေကြောင်းလည်းပြောဆိုခဲ့ပါသေးတယ်။

photo internet

(Zawgyi Version)

ယူႏိုက္တက္ အသင္းနဲ႔ေ၀းၿပီးေနာက္ ခံစားရတဲ့ဆိုးက်ဳိးေတြကိုေျပာျပလာတဲ့ ဝိန္းရြန္နီ

ယူႏိုက္တက္အသင္းရဲ႕ ဂႏၱဝင္ကစားသမားေတြထဲမွာ ၀ိန္းရြန္နီတစ္ေယာက္လည္းနာမည္ေက်ာ္ၾကားခဲ့ပါတယ္။ အခုအခ်ိန္အထိလည္းကြင္းထဲမွာေျခစြမ္းေတြျပႏိုင္ဆဲျဖစ္တဲ့ကစားသမားတစ္ေယာက္ပါ။ အခုအခါ ၀ိန္းရြန္နီက သူ႔အေနနဲ႔ ယူႏိုက္တက္အသင္းနဲ႔ အဂၤလန္လက္ေရြးစင္အသင္းတို႔ကေနအနားယူၿပီးေနာက္မွာဘယ္လုိဆိုးက်ဳိး ေတြရရိွခဲ့တယ္ဆိုတာေျပာျပလာပါတယ္။
“ကြၽန္ေတာ္ဟာ အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ပုိက္ဆံေတြ အမ်ားႀကီးရတဲ့ လူငယ္တစ္ဦးျဖစ္ခဲ့ပါတယ္။ ယူႏုိက္တက္အသင္းရဲ႕ကစားသမားျဖစ္တုန္းကဆိုရင္ ဟုိတယ္မွာ ႀကိဳက္သေလာက္တည္းခိုလို႔ရခဲ့ပါတယ္။ အဂၤလန္လက္ေရြးစင္အသင္းသားျဖစ္တုန္းကလည္း 10 ရက္ေလာက္ကို ဟုိတယ္မွာ အလကားေနထိုင္ခြင့္ရခဲ့ပါတယ္။ ဟုိတယ္မွာေနတဲ့အခ်ိန္မွာလည္း ပ်င္းေနရင္ဟုိသြားဒီသြား လုပ္လို႔ရေသးသလို၊ အပန္းေျဖစရာအခ်ိန္ေတြအမ်ားႀကီးရိွခဲ့ပါတယ္”လို႔ ၀ိန္းရြန္နီကေျပာပါတယ္။

အဲဒီလိုအခြင့္ထူးေတြရရိွခဲ့တာဟာ ၀ိန္းရြန္နီအတြက္ပ်က္စီးေစတဲ့အေနအထားေတြျဖစ္ေပၚခဲ့ပါတယ္။ ၀ိန္းရြန္နီတစ္ေယာက္အဲဒီအခ်ိန္တုန္းက ေလာင္းကစားကိစၥေတြလည္းလုပ္ခဲ့ပါတယ္။ “ကၽြန္ေတာ္အဲဒီတုန္းက ေလာင္းကစားကိစၥေတြလည္းလုပ္ခဲ့ပါတယ္။ ေလာင္းကစားလုပ္တဲ့ေနရာမွာ အစပိုင္းေတာ့ အႏုိင္ရခဲ့ပါတယ္။အဲဒီအခ်ိန္တုန္းကလည္း ပိုက္ဆံေတြက အလြယ္တကူဝင္ေနတာကို။ ကုန္သြားတဲ့ ပိုက္ဆံေတြကိုတကယ့္ပိုက္ဆံလို႔ မထင္မိဘူး။ အခုအခ်ိန္မွာေတာ့ ကၽြန္ေတာ့္အေနနဲ႔ေငြသုံးရင္ေတာင္ အကန္႔အသတ္နဲ႔သုံးေနရပါတယ္။ ဒီလုိျဖစ္တာဟာ ကၽြန္ေတာ္ယူႏိုက္တက္နဲ႔အဂၤလန္ လက္ေရြးစင္အသင္းေတြကေန ထြက္ၿပီးေနာက္ပိုင္းမွာပါ။ ေလာင္းကစားက ဆိုးက်ဳိးပဲျဖစ္ေစပါတယ္”လို႔ ရြန္နီကဆိုပါတယ္။
ဝိန္းရြန္နီဟာအခ်ဳိ႕ကစားသမားေတြလုိေတာ့ အႀကီးအက်ယ္ဆင္းရဲပ်က္စီးတဲ့အေနအထားမရိွပါဘူး။ လက္ရိွအခ်ိန္မွာလည္းကစားသမားဘ၀နဲ႔၀င္ေငြရွာႏိုင္ေနပါတယ္။ ၿပီးခဲ့တဲ့ရက္က အဂၤလန္ေျမကိုျပန္လည္ ေျခခ်ခဲ့တဲ့ ၀ိန္းရြန္နီဟာ ခ်န္ပီယံ႐ွစ္ၿပိဳင္ပြဲ ဘန္စေလနဲ႔ပြဲစဥ္မွာလည္း ေျခစြမ္းေကာင္းေတြျပၿပီး ပြဲခ်ိန္ျပည့္ကစားႏိုင္ခဲ့ပါတယ္။ ဒါဘီအသင္းရဲ႕ေခါင္းေဆာင္တာ၀န္ကိုလည္းယူခဲ့ၿပီး ေက်ာနံပါတ္ 32 အက်ႌကို၀တ္ဆင္ကစားခဲ့ပါတယ္။ လက္ရိွအခ်ိန္မွာ အသက္ 34 ႏွစ္အရြယ္ရိွေနၿပီျဖစ္တဲ့ ၀ိန္းရြန္နီက သူဟာ ကစားသမားဘ၀မွာ အပယ္ခံလုိျဖစ္ေနေၾကာင္းလည္းေျပာဆိုခဲ့ပါေသးတယ္။