ယူနိုက်တက်အတွက်အားရှိစေမယ့် စကားတွေပြောလာတဲ့ ဒဏ်ရာရ ကစားသမား

Photo internet

ယူနိုက်တက်မှာ ဒဏ်ရာရကစားသမားအရေအတွက်ကလည်းမနည်းပါဘူး။ ဒါကြောင့်ပရိသတ်တွေက ကစားသမားအင်အားကောင်းကောင်းကိုကွင်းထဲမှာမြင်တွေ့ချင်နေကြပါတယ်။ အခုတော့ ဒဏ်ရာပျောက်ကင်း သက်သာသွားပြီဖြစ်တဲ့ ယူနိုက်တက်ကစားသမားတစ်ယောက်က အားရှိစရာစကားတွေ ပြောလာပါတယ်။ ယူနိုက်တက်အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ဖိုဆုမန်ဆာ ကတော့ အသင်းဆီပြန်လာတော့မယ့်အကြောင်းပြောကြားလာပါတယ်။

Photo internet

သူဟာ ဘယ်နောက်ခံနေရာနဲ့ ကွင်းလယ်ခံစစ်ပိုင်းနေရာတွေမှာ ကစားတဲ့သူဖြစ်ပါတယ်။ အသက် (၂၂) နှစ်အရွယ် ဖိုဆုမန်ဆာဟာ ပြီးခဲ့တဲ့ နှစ်က ဖူဟမ်ကို အငှားချခံရပြီး ကတည်းက ယူနိုက်တက်ရဲ့ စီနီယာလူစာရင်းမှာ ပါဝင်ခွင့်မရခဲ့တော့ဖြစ်ပြီး ဒဏ်ရာရရှိခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ အပေါ့စား လေ့ကျင့်ခန်းလေးတွေ ပြုလုပ်လာနိုင်ပြီး မကြာခင် သတင်းအပတ်တွေမှာ ပြန်လည်ကစားနိုင်တော့ မယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

Photo internet

ဖိုဆုမန်ဆာတစ်ယောက် ကာလရှည် ဒဏ်ရာရပြီး ပြန်လာခဲ့တဲ့အချိန်မှာတော့ ကွင်းလယ်ခံစစ်ပိုင်းကို ကစားပေးရဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ “ကျွန်တော့်အနေနဲ့ နောက်ခံအစွန်နေရာဖြစ်ဖြစ်၊ ကွင်းလယ်အထိုင်ဖြစ်ဖြစ်ကစားနိုင်ပါတယ်။ ကမ္ဘာ့အကြီးဆုံးကလပ်တွေထဲက တစ်ခုမှာ ကစားရမှာဖြစ်တာကြောင့် ပြိုင်ဆိုင်မှုတွေ၊ကြိုးစားမှုတွေကတော့ရှိနေမှာပါ။ ကျွန်တော်ယူနိုက်တက်ကို ချစ်ပါတယ်။ ကလေးဘဝကတည်းက ဒီကိုရောက်ရှိလာခဲ့တာဖြစ်ပြီး သူတို့ကလည်း ကျွန်တော့်အပေါ် ဂရုတစိုက်ရှိသလို ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက် ဖြစ်လာအောင်လည်း ပြုစု ပျိုးထောင်ပေးခဲ့ပါတယ်”ဆိုပြီး ဖိုဆုမန်ဆာကပြောပါတယ်။

Photo internet

ဒါ့အပြင် “ဒီကလပ်မှာ ကစားရတာဟာ အံ့သြစရာကောင်းပါတယ်။ အနာဂတ်အတွက်လည်း စိတ်လှုပ်ရှားရပြီး အသင်းကလည်း အရမ်းတောက်ပလာမယ့်အနေအထားရှိပုံရပါတယ်။ ကျွန်တော် ကြံ့ခိုင်မှု ပြည့်ဝလာ တဲ့အချိန်မှာ U23 အသင်းမှာ တစ်ပွဲနှစ်ပွဲလောက်တော့ ကစားရမယ်လို့ ထင်ပါတယ်”ဆိုပြီးပြောပါတယ်။

photo internet

(Zawgyi Version)

ယူႏိုက္တက္အတြက္အားရိွေစမယ့္ စကားေတြေျပာလာတဲ့ ဒဏ္ရာရ ကစားသမား

ယူႏိုက္တက္မွာ ဒဏ္ရာရကစားသမားအေရအတြက္ကလည္းမနည္းပါဘူး။ ဒါေၾကာင့္ပရိသတ္ေတြက ကစားသမားအင္အားေကာင္းေကာင္းကိုကြင္းထဲမွာျမင္ေတြ႕ခ်င္ေနၾကပါတယ္။ အခုေတာ့ ဒဏ္ရာေပ်ာက္ကင္း သက္သာသြားၿပီျဖစ္တဲ့ ယူႏိုက္တက္ကစားသမားတစ္ေယာက္က အားရိွစရာစကားေတြ ေျပာလာပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ဒဏ္ရာရ ကစားသမားေတြထဲက တစ္ဦးအပါအ၀င္ျဖစ္တဲ့ ဖိုဆုမန္ဆာ ကေတာ့ အသင္းဆီျပန္လာေတာ့မယ့္အေၾကာင္းေျပာၾကားလာပါတယ္။

သူဟာ ဘယ္ေနာက္ခံေနရာနဲ႔ ကြင္းလယ္ခံစစ္ပိုင္းေနရာေတြမွာ ကစားတဲ့သူျဖစ္ပါတယ္။ အသက္ (၂၂) ႏွစ္အရြယ္ ဖုိဆုမန္ဆာဟာ ၿပီးခဲ့တဲ့ ႏွစ္က ဖူဟမ္ကို အငွားခ်ခံရၿပီး ကတည္းက ယူႏိုက္တက္ရဲ႕ စီနီယာလူစာရင္းမွာ ပါ၀င္ခြင့္မရခဲ့ေတာ့ျဖစ္ၿပီး ဒဏ္ရာရရွိခဲ့တာပါ။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ အေပါ့စား ေလ့က်င့္ခန္းေလးေတြ ျပဳလုပ္လာႏိုင္ၿပီး မၾကာခင္ သတင္းအပတ္ေတြမွာ ျပန္လည္ကစားႏိုင္ေတာ့ မယ္ဆိုတဲ့အေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဖိုဆုမန္ဆာတစ္ေယာက္ ကာလရွည္ ဒဏ္ရာရၿပီး ျပန္လာခဲ့တဲ့အခ်ိန္မွာေတာ့ ကြင္းလယ္ခံစစ္ပိုင္းကို ကစားေပးရဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။ “ကၽြန္ေတာ့္အေနနဲ႔ ေနာက္ခံအစြန္ေနရာျဖစ္ျဖစ္၊ ကြင္းလယ္အထိုင္ျဖစ္ျဖစ္ကစားႏိုင္ပါတယ္။ ကမာၻ႕အႀကီးဆံုးကလပ္ေတြထဲက တစ္ခုမွာ ကစားရမွာျဖစ္တာေၾကာင့္ ၿပိဳင္ဆိုင္မႈေတြ၊ႀကိဳးစားမႈေတြကေတာ့ရိွေနမွာပါ။ ကၽြန္ေတာ္ယူႏိုက္တက္ကို ခ်စ္ပါတယ္။ ကေလးဘ၀ကတည္းက ဒီကိုေရာက္ရွိလာခဲ့တာျဖစ္ၿပီး သူတို႔ကလည္း ကၽြန္ေတာ့္အေပၚ ဂ႐ုတစိုက္ရွိသလို ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ေယာက္ ျဖစ္လာေအာင္လည္း ျပဳစု ပ်ဳိးေထာင္ေပးခဲ့ပါတယ္”ဆိုၿပီး ဖိုဆုမန္ဆာကေျပာပါတယ္။

ဒါ့အျပင္ “ဒီကလပ္မွာ ကစားရတာဟာ အံ့ၾသစရာေကာင္းပါတယ္။ အနာဂတ္အတြက္လည္း စိတ္လႈပ္ရွားရၿပီး အသင္းကလည္း အရမ္းေတာက္ပလာမယ့္အေနအထားရိွပုံရပါတယ္။ ကၽြန္ေတာ္ ၾကံ့ခိုင္မႈ ျပည့္၀လာ တဲ့အခ်ိန္မွာ U23 အသင္းမွာ တစ္ပြဲႏွစ္ပြဲေလာက္ေတာ့ ကစားရမယ္လို႔ ထင္ပါတယ္”ဆိုၿပီးေျပာပါတယ္။