ယူနိုက်တက်နဲ့ ဝုလ်ဗ်ပွဲက သရဲနီတို့ရဲ့ စွမ်းဆောင်ရည်သုံးသပ်ချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်နဲ့ ကစား ခဲ့တဲ့ FA ဖလား ပွဲစဉ်မှာ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ အတွက် အိုးလ် ထရပ်ဖို့ဒ်ကွင်းမှာ ဒုတိယ အကျော့ ကစားခဲ့ရပြီးတစ်ဂိုးဂိုးမရှိဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ ပါတယ် ။အဲဒီပွဲက ယူနိုက်တက်ကစားသမားတွေရဲ့စွမ်းဆောင်ရည်အဆင့်တွေကိုတင်ဆက်ပေးလိုက်ပါတယ်။

photo internet

ရိုမဲရိုး-6
နောက်ထပ် Clean Sheet တစ်ခု နဲ့ ကောင်းမွန်တဲ့ ကာကွယ်မှုတွေကိုလုပ်ဆောင်ပြသွားခဲ့ပါတယ်။ ပွဲထွက်ခွင့်ရတဲ့အပေါ် လက်စွမ်းရှိကြောင်းပြသသွားတာပါ။ တစ်လုံးတည်းနဲ့အနိုင်ယူရတဲ့ပွဲမှာ ဂိုးသမားတစ်ယောက်တော်ကြောင်းကိုမြင်တွေ့ရပါမယ်။

photo internet

ဝမ် ဘစ်ဆာကာ -6
အဆုံးသတ်ပိုင်းလိုအပ်ချက်တွေရှိနေပေမယ့် ပြီးခဲ့တဲ့တစ်ပတ်ကထက်ပိုကောင်းတဲ့အနေအထားရှိပါတယ်။ မြန်ဆန်လှတဲ့ ပြိုင်ဖက် တောင်ပံ တိုက်စစ် ကစားသမား တွေကို အခွင့်အရေး နည်းပါးအောင် ကစား ပြနိုင် ခဲ့ ပါတယ်။

photo internet

လင်ဒီလော့ဖ်-6
ပြိုင်ဘက်အသင်းအတွက် သူဟာအခွင့်အရေးအချို့ရစေခဲ့ပါတယ်။ အသင်းဖော်တွေနဲ့ချိတ်ဆက်ကစားဟန် မဆိုးခဲ့ပါဘူး။

photo internet

မက်ဂွားယား-6
အစောပိုင်းမိနစ်တွေမှာ ဂျီမီနက်ဇ် ကို ထိန်းချုပ် နိုင်ဖို့ ရုန်းကန် ခဲ့ရ သလို ပြစ်ဒဏ် ကျူးလွန် ခဲ့တဲ့ အတွက် အဝါကဒ် ပြသတာကို ခံခဲ့ ရ ပါတယ် ။ ဒါပေမယ့် ပြိုင်ဘက်အသင်းသားတွေ ဂိုးမရအောင်စွမ်းဆောင်နိုင်ခဲ့သူပါ။

photo internet

ဘရန်ဒန် ဝီလီယံ-7
တကယ့်ကိုလူငယ်ခြေတက်ကစားသမားလေးတစ်ယောက်ပါ။ ဘောလုံးပေးပို့ချက်တွေကောင်းသလို၊ အသင်းအတွက်လိုအပ်တဲ့နေရာတွေကိုလည်း ဖြည့်ကစားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းပွဲထွက်ခွင့်အတွက် နာမည်ကောင်းရနေတဲ့ ကောင်လေးပါ။
မာတစ်-5
ဒီပွဲမှာခြေစွမ်းမကောင်းတဲ့သူပါ။ ပြိုင်ဖက်အသင်းသားတွေနဲ့တွေ့ချိန်မှာ သက်သောင့်သက်သာ
လျင်လျင်မြန်မြန်မရှိသလိုပါပဲ။ နောက်ကျတဲ့ခြေထောက်တစ်စုံကိုကွင်းထဲမှာမြင်ခဲ့ရပါတယ်။

photo internet

ဖရက်ဒ်-5
အဲဒီပွဲမှာ ဖရက်ဒ်တစ်ယောက် ဒီထက်နည်းတဲ့အဆင့်သတ်မှတ်ချက်ရသင့်တာပါ။ သူ့အမှားဟာ ယူနိုက်တက်ရဲ့ကံကြမ္မာကိုအပြောင်းအလဲဖြစ်သွားစေနိုင်ပါတယ်။ အမှားများခဲ့ သလို ပြစ်ဒဏ် ကျူးလွန် ခဲ့တဲ့ အတွက် အဝါကဒ် ပြသ ခံခဲ့ရ ပါတယ်။

photo internet

ဂရင်းဝုဒ်-5
ရုန်းကန်ကြိုးစားခဲ့ရတဲ့အနေအထားပါ။ အသင်းတိုက်စစ်အတွက်အထောက်အပံ့တော့ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ခြေပျောက်ခဲ့တဲ့သူတစ်ယောက်ပါ။

photo internet

မာတာ – 8
ကစားပွဲရဲ့မင်းသားပါ။ သူ့ရဲ့စွမ်းဆောင်ချက်ကြောင့်သာ ယူနိုက်တက်တို့နောက်တစ်ဆင့်တက်နိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက မာတာတစ်ယောက်အသင်းအတွက်အကျိုးပြုနေတာဖြစ်ပြီး၊ ဒီတစ်ပတ်မှာလည်း အောင်ပွဲကိုဆွတ်ခူးပေးခဲ့ပါတယ်။

ဒန်နီယယ် ဂျိမ်းစ်-5
အခွင့်အရေးတွေ၊ကြိုးစားချက်တွေရှိပေမယ့် ကျရှုံးခဲ့ပါတယ်။ ဂိုးသွင်းဖို့လေ့ကျင့်ရပါအုံးမယ်။
မာရှယ်-7
မာတာအတွက်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး၊ ကောင်းမွန်တဲ့ကစားအားကိုပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က သူ့ဆီကနေ ဂိုးတွေရရှိဖို့ပိုမျှော်လင့်နေတာဖြစ်ပါတယ်။

photo internet

လူစားဝင် ကစားသမားတွေဖြစ်တဲ့ ပါရဲရားက အဆင့်သတ်မှတ်ချက် 5ရပြီး၊ ရှက်ရ်ဖို့ကိုတော့ အဆင့် 6 လောက်သတ်မှတ်ပေးရပါမယ်။ ရှက်ရ်ဖို့ဟာအခုပွဲမှာလည်း ဒဏ်ရာကြောင့် ကွင်းထဲကနေထွက်သွားရပါတယ်။ ဒါကြောင့် လာမယ့်ပွဲစဉ်တွေမှာကွင်းထဲဝင်ဖို့ခက်ခဲနိုင်ပါတယ်။ လင်ဂတ်ကတော့ အဆင့်သတ်မှတ်ချက် 5 ရပါတယ်။ ဝုလ်ဗ်နဲ့ပွဲဟာ နည်းပြဆိုးလ်ရှားအတွက် အပူတစ်ခုလျော့သွားစေတဲ့ ပွဲတစ်ခုပါ။ နောက်ထပ်ပွဲတွေ ဟာ ယူနိုက်တက်အတွက်အားဖြစ်စေနိုင်မလားဆိုတာစောင့်ကြည့်ကြရအောင်ပါ။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ယူႏိုက္တက္နဲ႔ ၀ုလ္ဗ္ပြဲက သရဲနီတို႔ရဲ႕ စြမ္းေဆာင္ရည္သုံးသပ္ခ်က္မ်ား

ယူႏိုက္တက္အသင္းဟာ ဝုလ္ဗ္နဲ႔ ကစား ခဲ့တဲ့ FA ဖလား ပြဲစဥ္မွာ သေရ ရလဒ္ ထြက္ေပၚ ခဲ့တဲ့ အတြက္ အိုးလ္ ထရပ္ဖို႔ဒ္ကြင္းမွာ ဒုတိယ အေက်ာ့ ကစားခဲ့ရၿပီးတစ္ဂိုးဂိုးမရိွဆိုတဲ့ ရလဒ္ နဲ႔ အႏိုင္ယူ ႏိုင္ခဲ့ ပါတယ္ ။အဲဒီပြဲက ယူႏိုက္တက္ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္အဆင့္ေတြကိုတင္ဆက္ေပးလိုက္ပါတယ္။
႐ိုမဲ႐ိုး-6
ေနာက္ထပ္ Clean Sheet တစ္ခု နဲ႔ ေကာင္းမြန္တဲ့ ကာကြယ္မႈေတြကိုလုပ္ေဆာင္ျပသြားခဲ့ပါတယ္။ ပြဲထြက္ခြင့္ရတဲ့အေပၚ လက္စြမ္းရိွေၾကာင္းျပသသြားတာပါ။ တစ္လုံးတည္းနဲ႔အႏိုင္ယူရတဲ့ပြဲမွာ ဂိုးသမားတစ္ေယာက္ေတာ္ေၾကာင္းကိုျမင္ေတြ႕ရပါမယ္။
ဝမ္ ဘစ္ဆာကာ -6
အဆုံးသတ္ပိုင္းလိုအပ္ခ်က္္ေတြရိွေနေပမယ့္ ၿပီးခဲ့တဲ့တစ္ပတ္ကထက္ပိုေကာင္းတဲ့အေနအထားရိွပါတယ္။ ျမန္ဆန္လွတဲ့ ၿပိဳင္ဖက္ ေတာင္ပံ တိုက္စစ္ ကစားသမား ေတြကို အခြင့္အေရး နည္းပါးေအာင္ ကစား ျပႏိုင္ ခဲ့ ပါတယ္။
လင္ဒီေလာ့ဖ္-6
ၿပိဳင္ဘက္အသင္းအတြက္ သူဟာအခြင့္အေရးအခ်ဳိ႕ရေစခဲ့ပါတယ္။ အသင္းေဖာ္ေတြနဲ႔ခ်ိတ္ဆက္ကစားဟန္ မဆိုးခဲ့ပါဘူး။
မက္ဂြားယား-6
အေစာပိုင္းမိနစ္ေတြမွာ ဂ်ီမီနက္ဇ္ ကို ထိန္းခ်ဳပ္ ႏိုင္ဖို႔ ႐ုန္းကန္ ခဲ့ရ သလို ျပစ္ဒဏ္ က်ဴးလြန္ ခဲ့တဲ့ အတြက္ အဝါကဒ္ ျပသတာကို ခံခဲ့ ရ ပါတယ္ ။ ဒါေပမယ့္ ၿပိဳင္ဘက္အသင္းသားေတြ ဂိုးမရေအာင္စြမ္းေဆာင္ႏိုင္ခဲ့သူပါ။
ဘရန္ဒန္ ဝီလီယံ-7
တကယ့္ကိုလူငယ္ေျခတက္ကစားသမားေလးတစ္ေယာက္ပါ။ ေဘာလုံးေပးပို႔ခ်က္ေတြေကာင္းသလုိ၊ အသင္းအတြက္လုိအပ္တဲ့ေနရာေတြကိုလည္း ျဖည့္ကစားႏိုင္ခဲ့ပါတယ္။ ေနာက္ပိုင္းပြဲထြက္ခြင့္အတြက္ နာမည္ေကာင္းရေနတဲ့ ေကာင္ေလးပါ။
မာတစ္-5
ဒီပြဲမွာေျခစြမ္းမေကာင္းတဲ့သူပါ။ ၿပိဳင္ဖက္အသင္းသားေတြနဲ႔ေတြ႕ခ်ိန္မွာ သက္ေသာင့္သက္သာ
လ်င္လ်င္ျမန္ျမန္မရိွသလိုပါပဲ။ ေနာက္က်တဲ့ေျခေထာက္တစ္စုံကိုကြင္းထဲမွာျမင္ခဲ့ရပါတယ္။
ဖရက္ဒ္-5
အဲဒီပြဲမွာ ဖရက္ဒ္တစ္ေယာက္ ဒီထက္နည္းတဲ့အဆင့္သတ္မွတ္ခ်က္ရသင့္တာပါ။ သူ႔အမွားဟာ ယူႏိုက္တက္ရဲ႕ကံၾကမၼာကိုအေျပာင္းအလဲျဖစ္သြားေစနိုင္ပါတယ္။ အမွားမ်ားခဲ့ သလို ျပစ္ဒဏ္ က်ဴးလြန္ ခဲ့တဲ့ အတြက္ အဝါကဒ္ ျပသ ခံခဲ့ရ ပါတယ္။
ဂရင္းဝုဒ္-5
ရုန္းကန္ႀကိဳးစားခဲ့ရတဲ့အေနအထားပါ။ အသင္းတိုက္စစ္အတြက္အေထာက္အပံ့ေတာ့ျဖစ္ေစခဲ့ပါတယ္။ ဒါေပမယ့္ ေျခေပ်ာက္ခဲ့တဲ့သူတစ္ေယာက္ပါ။
မာတာ – 8
ကစားပြဲရဲ႕မင္းသားပါ။ သူ႔ရဲ႕စြမ္းေဆာင္ခ်က္ေၾကာင့္သာ ယူႏိုက္တက္တို႔ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့တစ္ပတ္ကတည္းက မာတာတစ္ေယာက္အသင္းအတြက္အက်ဳိးျပဳေနတာျဖစ္ၿပီး၊ ဒီတစ္ပတ္မွာလည္း ေအာင္ပြဲကိုဆြတ္ခူးေပးခဲ့ပါတယ္။
ဒန္နီယယ္ ဂ်ိမ္းစ္-5
အခြင့္အေရးေတြ၊ႀကိဳးစားခ်က္ေတြရိွေပမယ့္ က်ရႈံးခဲ့ပါတယ္။ ဂိုးသြင္းဖို႔ေလ့က်င့္ရပါအုံးမယ္။
မာရွယ္-7
မာတာအတြက္ဂိုးဖန္တီးေပးႏိုင္ခဲ့ၿပီး၊ ေကာင္းမြန္တဲ့ကစားအားကိုျပသႏိုုင္ခဲ့ပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္က သူ႔ဆီကေန ဂိုးေတြရရိွဖို႔ပိုေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။
လူစားဝင္ ကစားသမားေတြျဖစ္တဲ့ ပါရဲရားက အဆင့္သတ္မွတ္ခ်က္ 5ရၿပီး၊ ရွက္ရ္ဖို႔ကိုေတာ့ အဆင့္ 6 ေလာက္သတ္မွတ္ေပးရပါမယ္။ ရွက္ရ္ဖို႔ဟာအခုပြဲမွာလည္း ဒဏ္ရာေၾကာင့္ ကြင္းထဲကေနထြက္သြားရပါတယ္။ ဒါေၾကာင့္ လာမယ့့္ပြဲစဥ္ေတြမွာကြင္းထဲ၀င္ဖုိ႔ခက္ခဲႏိုင္ပါတယ္။ လင္ဂတ္ကေတာ့ အဆင့္သတ္မွတ္ခ်က္ 5 ရပါတယ္။ ၀ုလ္ဗ္နဲ႔ပြဲဟာ နည္းျပဆိုးလ္ရွားအတြက္ အပူတစ္ခုေလ်ာ့သြားေစတဲ့ ပြဲတစ္ခုပါ။ ေနာက္ထပ္ပြဲေတြ ဟာ ယူႏိုက္တက္အတြက္အားျဖစ္ေစႏိုင္မလားဆုိတာေစာင့္ၾကည့္ၾကရေအာင္ပါ။